ချဲလ်ဆီးနဲ့ မန်ချက်စဝာာ ယူနိုက်တက် ရဲ့ အားပြိုင်မှုကို မြင်တွေရဖို့ ရှိနေတဲ့ ဂျော်ဒန်ပစ်ဖို့ဒ်

အင်္ဂလန် ကမ္ဘာ့ဖလား ကြယ်ပွင့် ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ် အနေနဲ့ ၎င်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီး ထက် မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွေ့သင့်ကြောင်း ဒေးဗစ်ဂျိမ်းက တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။




ချဲလ်ဆီးဟာ အဲဗာတန် ဂိုးသမား ပစ်ဖို့ဒ် ကို စိတ်၀င်စားနေပြီး နည်းပြ ဂရေဟမ် ပေါ်တာ က မန်ဒီ နဲ့ ကီပါ အရီဇာဘာလာဂါ တို့ကို ရောင်းချသွားရန် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်နေပြီး ပစ်ဖို့ဒ် ဟာ ပြီးခဲ့တဲ့ ၆ နှစ် အတွင်း အဲဗာတန် အသင်းရဲ့ ပထမ ဂိုးသမား အဖြစ် ရှိနေသလို




အင်္ဂလန် အသင်း အတွက်လည်း ၄၈ ပွဲ ကစားထားပြီး ဖြစ်ပါတယ်၊ ပစ်ဖို့ဒ်ဟာ အင်္ဂလန် အသင်းကို ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် နဲ့ ယူရို ၂၀၂၀ ဖိုင်နယ်ထိ တက်ရောက်အောင် ကူညီပေး ထားခဲ့ဖူးပြီး အသက် ၂၈ နှစ် အရွယ် ဂိုးသမားဟာ ချန်ပီယံလိဂ် ကလပ်ကို ပြောင်းရွေ့ဖို့




အတွက် လမ်းဖွင့်ပေး ထားနိုင်ပြီး ချဲလ်ဆီးရဲ့ စိတ်၀င်စားမှုကို ရရှိနေကာ အင်္ဂလန် ဂိုးသမားဟောင်း ဂျိမ်း ကတော့ အိုးလ်ထရပ်ဖို့ဒ်ကို ပြောင်းရွေ့လာတာက ပစ်ဖို့ဒ် အတွက် ပိုပြီး ကောင်းမွန်တယ်လို့ ဆိုပါတယ်၊ ဒီဂီယာ ဟာ မန်ချက်စတာ ယူနိုက်တက် နံပါတ်တစ် ဂိုးသမား နေရာကို ဆယ်စုနှစ် တစ်ခုကြာ ရယူခဲ့ပေမယ့် အဲရစ် တန်ဟက်ဂ် က စပိန် ဂိုးသမားထက်




ဘောလုံး ဖြန့်ဝေမှု ကောင်းမွန်တဲ့ ဂိုးသမား တစ်ဦးကိုသာ ရှာဖွေနေပါတယ်၊ ဂျိမ်းက ‘ကစားသမားကောင်း တွေနဲ့ အတူ တွဲဖက် ကစားရခြင်းက ကိုယ့်ရဲ့ စွမ်းဆောင်ရည် အရည်အသွေး အပေါ် လွှမ်းမိုးမှု ရှိတယ် ဆိုတာကို အာဆင်နယ်က အာရွမ် ရမ်စ်ဒဲလ် က သက်သေ ပြခဲ့တယ်လို့ ထင်တယ်၊ သူက အနာဂတ်မှာ ဒီနိုင်ငံ အတွက် နံပါတ်တစ် ဖြစ်လာနိုင်ပါတယ်။




ဘာလို့လဲ ဆိုတော့ သူက အများကြီး ပိုကောင်းတဲ့ အသင်းမှာ ကစားနေရလို့ပါ၊ ဂျော်ဒန်ပစ်ဖို့ဒ် ကလည်း အင်္ဂလန် အသင်းမှာ သူလုပ်ပြနေတဲ့ အရာတွေကို ပရီးမီးယားလိဂ် ရဲ့ အသင်းကြီး တစ်ခုခုမှာ ကစားခဲ့မယ် ဆိုရင် ဒါမျိုးကို လုပ်ပြနိုင်မှာ ဖြစ်ပါတယ်၊ သူဟာ ချဲလ်ဆီး ဒါမှမဟုတ် မန်စီးတီး တို့လို အသင်းတွေမှာ




ကစားဖို့ လုံလောက်တဲ့ ကောင်းမွန်မှု ရှိတယ် ဆိုတာ ပြောစရာ မလိုပါဘူး၊ အင်္ဂလန် လက်ရွေးစင် အသင်းမှာ လိုမျိုး ဒီလို ကြီးကျယ်တဲ့ ကလပ်အတွက် ကစားရတဲ့ အခါမှာ ပြသနိုင်မှာပါ၊ သူ ချဲလ်ဆီးကို ပြောင်းရွေ့ မှာလား၊ ကီပါက ထိပ်တန်း အသင်းမှာ ထိပ်တန်း ကစားသမား ဖြစ်နိုင်တယ် ဆိုတာ နောက်ပိုင်းမှာ ပြသ နေခဲ့ပါတယ်။




ဘာကြောင့် မန်ချက်စတာ ယူနိုက်တက် ကို မပြောင်းတာလဲ၊ ပစ်ဖို့ဒ်က အဲဗာတန် အတွက် ကစားနေသူပါ၊ မန်ချက်စတာဟာ နီးနီးလေးပါ၊ လန်ဒန်ကို ပြောင်းရွေ့တာထက် စာရင် ပြင်ပ အနှောက်အယှက်တွေ ပိုနည်းပါတယ်၊ အကယ်လို့ သူ့အတွက် ကျွန်တော် အကြံပြု ပေးရမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက် ကိုပဲ သွားသင့်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ လက်ရှိမှာ ချန်ပီယံလိဂ် ပြိုင်ပွဲ မကစားရဘူး ဆိုတာ ကျွန်တော် သိပါတယ်၊ အကယ်လို့ မန်ချက်စတာ ယူနိုက်တက် သာ ပစ်ဖို့ဒ်ကို ခေါ်ယူလိုက်မယ် ဆိုရင် သူဟာ ဒီ အသင်းကို ပိုမို ကောင်းမွန်တဲ့ လယ်ပယ်မှာ ယှဉ်ပြိုင်နိုင်တဲ့ အရည်အသွေးတွေ ပေးနိုင်မှာ အသေအချာပါပဲ။’ လို့ ‌အကြံပေး ပြောဆိုသွားခဲ့ပါတယ်။

credit