လူစားလဲလို့ နည်းပြကို ဆဲဆိုခဲ့တယ်လို့ စွပ်စွဲချက် အပေါ် အတည်ပြုပေးလိုက်တဲ့ ရော်နယ်ဒို

တောင်ကိုရီးယား အသင်းကို 2-1 နဲ့ အရေးနိမ့်:ခဲ့တဲ့ ပွဲစဥ်မှာ ခရစ္စတီယာနို ရော်နယ်ဒို တစ်ယောက် ဒုတိယပိုင်းမှာ လူစားလဲ လှယ်ခံခဲ့ ရပါတယ်၊ ဒီလို လူစားလဲ လှယ်ချိန်မှာ ရော်နယ်ဒို က နည်းပြ ဖာနန်ဒို ဆန်းတို့စ် ကို




ဆဲဆိုခဲ့တယ်လို့ စွပ်စွဲခံ ခဲ့ရပြီး အဆိုပါ ပြောဆိုမှု တွေက မဟုတ်မှန်ဘူးလို့ ရော်နယ်ဒို က ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။ ဒါအပြင် တောင်ကိုရီးယား ကစားသမား တဦးကို ပါးစပ်ပိတ် ခိုင်းခဲ့တာလို့ ဆိုပါတယ်။




ပေါ်တူဂီ မီဒီယာတွေ ကတော့ ရော်နယ်ဒို က သူ့ကို လူစားလဲခဲ့လို့ နည်းပြကို မကျေနပ် တာကြောင့် အခုလို ပြောဆိုမှုတွေ လုပ်ခဲ့တာလို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်၊ ရော်နယ်ဒို ဟာ အဆိုပါ ပွဲစဥ်မှာ ခြေစွမ်း မပြနိုင်




ဖြစ်ခဲ့ရပြီး ဂိုးပေါက်တည့် ကန်သွင်းမှု တကြိမ်မှတောင် မလုပ်နိုင်ခဲ့ဘဲ အသင်း ပေးလိုက်ရတဲ့ ချေပဂိုး ကလည်း သူကနေ တဆင့် တောင်ကိုရီးယား က ရရှိသွားခဲ့တာ ဖြစ်ပါတယ်၊ ပွဲအပြီးမှာတော့ ရော်နယ်ဒို က




ကျနော် လူစား မလဲခင်မှာ ဘာတွေ ဖြစ်ခဲ့တာလဲ ဆိုတော့ တောင်ကိုရီးယား ကစားသမား တယောက်က ကျနော့်ကို ကွင်းထဲကနေ မြန်မြန်ထွက်ဆိုပြီး ပြောတယ်၊ အဲဒါနဲ့ မင်းပါးစပ်ကို ပိတ်ထား၊ မင်းမှာ ဒီလို ပြောစရာ




အကြောင်း ဘာမှ မမရှိဘူးလို ပြန်ပြောခဲ့တာပါ။ နည်းပြနဲ့ သဘောထားချင်း မတိုက်ဆိုင်တာ မဟုတ်ပါဘူး။ လို့ ပေါ်တူဂီ သတင်းထောက်တွေကို ပြောကြားခဲ့ကြောင်း Daily Mail သတင်းက အတည်ပြုခဲ့ပါတယ်။




နည်းပြ ဆန်းတို့စ် ကလည်း သူနဲ့ တောင်ကိုရီးယား ကစားသမား ကြားမှာ ကတောက်ကဆ ဖြစ်နေတာကို ကျနော် တွေ့ခဲ့ပါတယ်၊ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာနဲ့ ပတ်သက်ပြီး ဘာသံသယမှ မရှိပါဘူး။ လို့ ပြောဆိုသွား ခဲ့ပါတယ်။

ရော်နယ်ဒို ဟာ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ် ၃ ပွဲ စလုံးကို ဝင်ရောက် ကစားပေးထားခဲ့ပြီး သွင်းဂိုး တစ်ဂိုး ရယူပေး ထားနိုင်ပြီး ခြေစွမ်းကတော့ အကောင်းဆုံး အနေထားမှာ ရှိမနေတာကို မြင်တွေ့ခဲ့ရပါတယ်။

ပေါ်တူဂီ ဟာ ၁၆ သင်း အဆင့်မှာ ဆွစ်ဇာလန် နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး နေးရှင်းလိဂ်မှာ နောက်ဆုံး ကစားခဲ့တဲ့ ဇွန်လတုန်း ကတော့ သူတို့ အရေးနိမ့် ထားခဲ့ပါတယ်။ ဒီ ပွဲစဥ်ကိုတော့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။

credit