အုပ်စုပွဲစဥ် အပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အညံ့ဆုံးအသင်းထဲ ပါဝင်လာတဲ့ ခရစ္စတီယာနို ရော်နယ်ဒို

ပေါ်တူဂီလက်ရွေးစင် အသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဥ်တွေ ပြီးဆုံးသွား ချိန်မှာပဲ အိမ်ရှင် ကာတာအသင်းမှ ကစားသမား ၄ ဦးနဲ့ အတူ ပြိုင်ပွဲရဲ့ အညံ့ဆုံးအသင်း စာရင်းထဲ ပါဝင်သွားခဲ့ပါတယ်။ အသက် ၃၇ နှစ် ရှိနေပြီ ဖြစ်တဲ့




ခရစ္စတီယာနို ရော်နယ်ဒိုဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပေါ်တူဂီ လက်ရွေးစင် အသင်းကြီးအတွက် အုပ်စု ပွဲစဥ် ၃ ပွဲ ပွဲထွက် ကစားခွင့်တွေ ရရှိထားနိုင်ခဲ့ပါတယ်၊ အဲ့ဒီမှာ သူဟာ အသင်းအတွက် တစ်ဂိုးလည်း သွင်းယူထား နိုင်ခဲ့ပါ သေးတယ်။ ဒါပေမဲ့ အခြား မိနစ်တွေမှာတော့




သူဟာ ပုံစံကောင််း ပြသနိုင်ဖို့ အကျိုးသက်ရောက်မှု ပေးနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်၊ အခုတော့ Sofascore က ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အုပ်စုအဆင့် အပြီး ဒီပြိုင်ပွဲရဲ့ အညံ့ဆုံးအသင်းကို ထုတ်ပြန် ကြေငြာသွားခဲ့လိုက်ပါတယ်၊ ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒို ဟာ




သုံးပွဲ ကစားပြီး Rating ၅.၃၇ နဲ့ အညံ့ဆုံး အသင်းထဲ ပါဝင်လာခဲ့တာပဲ ဖြစ်ပါတယ်၊ တကယ်တော့ ရော်နယ်ဒို ဟာ ဒီပြိုင်ပွဲမှာ ဘောလုံးထိခွင့်တွေ နည်းပါးခဲ့ရပါတယ်။ ဒါ့ကြောင့် သူဟာ ကွင်းထဲမှာ အသင်းဖော်တွေ အပေါ် မကြာခန ဆိုသလို စိတ်အလိုမကျ ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါသေးတယ်၊ ဒါ့အပြင်




တောင်ကိုးရီးယား အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်ရဲ့ ပွဲချိန် ၆၅ မိနစ်မှာ လူစားလဲခံခဲ့ရတဲ့ အတွက် သူဟာ မပျော်မရွှင် ဖြစ်ခဲ့ပါသေးတယ်။ Sofascore ကတော့ သူတို့ အခုလို အညံ့ဆုံး အသင်းကို ဘယ်လို အချက်အလက်တွေ အခြေခံပြီး တွက်ချက်ခဲ့လဲ ဆိုတာ ရှင်းပြခဲ့ပါသေးတယ်၊ သူတို့ရဲ့ ရှင်းလင်းချက်မှာ




ဒီပြိုင်ပွဲရဲ့ ပွဲကစားချိန် စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်း ကစားခဲ့တဲ့ ကစားသမားတွေကိုပဲ ရွေးချယ်ခဲ့ကြောင်း ပါဝင်ခဲ့ရပါတယ်၊ အဆိုပါ အသင်းရဲ့ ဂိုးသမား နေရာမှာတော့ အိမ်ရှင် ကာတာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ မီရှာလ်ဘာရှန်း က rating ၆.၁ နဲ့ ရှိနေခဲ့ပါတယ်၊ သူဟာ ဒီပြိုင်ပွဲမှာ




၅ ဂိုးထိ ပေးခဲ့ရတာပဲ ဖြစ်ပါတယ်၊ သူဟာ အဖွင့်ပွဲမှာ မပါဝင်ခဲ့ပေမဲ့ ကျန်တဲ့ နှစ်ပွဲမှာ ပါဝင်ခွင့်ရခဲ့ပြီး ၅ ဂိုးပေးခဲ့ရတာပဲ ဖြစ်ပါတယ်။ အဲ့ဒီနောက် စပိန် လက်ရွေးစင် အသင်းကို ၇ ဂိုးထိ ပေးခဲ့ရတဲ့ ကော်စတာရီကာ အသင်းရဲ့ ဗဟိုခံစစ်မှူး နှစ်ဦး ဖြစ်ကြသူ ဖရန်စစ္စကို ကယ်လ်ဗို နဲ့ အော်စကာ ဒူအာတေး တို့ဟာ ဗဟိုခံစစ် နေရာမှာ ပါဝင်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။




သူတို့ရဲ့ ပျမ်းမျှ rating ကတော့ ၆.၂၃ နဲ့ ၆.၃ သာ ရှိခဲ့ပါတယ်။ ဘယ်ခံစစ် နေရာမှာတော့ ကာတာအသင်းရဲ့ နောက်ခံလူ ဟော်မန် အာမတ် က rating ၆.၂၃ နဲ့ ရှိနေခဲ့ပြီး ညာနောက်ခံံလူ နေရာမှာတော့ ကနေဒါ မှ အလစ္စတာ ဂျွန်ဆင် ဟာ rating ၆.၄ နဲ့ ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ ဗဟို ကွင်းလယ် နေရာမှာတော့ ဆော်ဒီ အာရေးဗျ နဲ့ ကာတာ အသင်းတို့ရဲ့

ကွင်းလယ်လူတွေဖြစ်ကြတဲ့ မယ်လ်ကီ နဲ့ ဘူဒီယက်ဖ် တို့ဟာ rating ၆.၁၅ , ၅.၃ တို့နဲ့ ရှိနေခဲ့ကြပါတယ်၊ ဘယ်တောင်ပံမှာတော့ ကနေဒါမှ ဘူချာနန် ဟာ rating ၆.၁ နဲ့ ရှိနေခဲ့ပါတယ်။ ညာတောင်ပံ တိုက်စစ် နေရာမှာတော့ သြစတြေးလျ အသင််းမှ မက်သရူး လက်ကီ ဟာ rating ၆.၃၃ နဲ့ ရှိနေခဲ့ပြီး တိုက်စစ်မှူး နှစ်ယောက် နေရာမှာတော့ ကာတာ အသင်းရဲ့

တိုက်စစ်မှူး အလီ နဲ့ ပေါ်တူဂီ လက်ရွေးစင် ခရစ္စတီယာနို ရော်နယ်ဒို တို့က ၆.၂၃ , ၆.၃၇ တို့နဲ့ ရပ်တည်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။

credit