ဂက်ပို အတွက် အနိမ့်ဆုံး သတ်မှတ်ထားတဲ့ မြင့်မားတဲ့ တန်ကြေးကို အတည်ပြု ထုတ်ပြန်သွားတဲ့ ပီအက်ဗွီ

လက်ရှိ ကာတာ နိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နယ်သာလန်အသင်း အတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့် ကစားသမားလေး ကိုဒီ ဂက်ပို ကို မန်ချက်စတာ ယူနိုက်တက် အပါအဝင်




ဥရောပ ကလပ်အသင်း များစွာက အပြိုင် စိတ်ဝင်စား နေကြတာကြောင့် ဂက်ပို ရဲ့ ကလပ် PSV အသင်းက ဂက်ပို အတွက် ပြောင်းရွှေ့ကြေး အဖြစ် အနည်းဆုံး ပေါင် သန်း (၅၀)လောက်နဲ့ ရောင်းချသွား ချင်နေတယ်လို့ သိရပါတယ်။




အသက် (၂၃) နှစ်အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ် ကစားသမားလေး ဂက်ပို ဟာ နယ်သာလန်ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပွဲစဉ် (၄) ပွဲလုံး ပွဲထွက် ကစားသမား အဖြစ်နဲ့ ပါဝင်ထားခဲ့ရပြီး အမေရိကန်ကို အနိုင်ရခဲ့တဲ့ ရှုံးထွက် ပွဲစဉ်ကလွဲရင်




ကျန်တဲ့ အုပ်စုပွဲ အားလုံး ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား မစတင်ခင် ၂၀၂၂/ ၂၀၂၁ ဘောလုံး ရာသီထဲမှာပင် PSV အသင်း အတွက် (၁၂) ဂိုးသွင်းပြီး (၁၄) ဂိုး ဖန်တီးထားနိုင်တဲ့ အထိ တောက်ပြနေတဲ့ ဂက်ပို ကို လက်ရှိအချိန်မှာ




မန်ချက်စတာ ယူနိုက်တက် အသင်းက အလိုအရှိဆုံး ဖြစ်နေသလို ရီးရဲလ်မက်ဒရစ်လို အသင်းကြီးတွေပါ ဂက်ပို ကို ပစ်မှတ်ထား လာခဲ့ပါတယ်။ တကယ်တော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနှစ်ရဲ့ နွေဈေးကွက် အတွင်းမှာပဲ ဂက်ပိုနဲ့




အန်တိုနီ နှစ်ဦးလုံးကို တပြိုင်နက်တည်း စိတ်ဝင်စား ခဲ့ရာကနေ အိုင်းယတ်စ်ရဲ့ ဘရာဇီးလ် တောင်ပံ ကစားသမား အန်တိုနီ ကိုပဲ ခေါ်ယူဖို့ ဦးစားပေး ဆုံးဖြတ်ခဲ့ရပါတယ်၊ ဒါပေမယ့် လက်ရှိမှာက တိုက်စစ် ကစားသမားကြီး




ခရစ္စတီယာနို ရော်နယ်ဒို က အသင်းနဲ့ လက်တွဲဖြုတ် သွားခဲ့ပြီ ဖြစ်လို့ သူ့နေရာမှာ ပြန်လည် အစားထိုးဖို့ အတွက် ဂက်ပို ကို ပြန်လည် စိတ်ဝင်စားလာခဲ့ပါတယ်။ ဂက်ပိုဟာ တောင်ပံ တိုက်စစ်နဲ့ နောက်ချန် တိုက်စစ် နေရာတွေမှာသာ




အဓိက ကစားတတ်သူ ဖြစ်ပေမယ့်လည်း သူရဲ့ တိုက်စစ်ပိုင်း ထက်မြက်မှုကြောင့် တိုက်စစ်မှူး အဖြစ်နဲ့ပါ ထားကစားရင်လည်း အဆင်ပြေနိုင်ဖွယ် ရှိနေပါတယ်။ မန်ချက်စတာ ယူနိုက်တက် ကတော့ ဂက်ပိုကို ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်

လာမယ့် ဇန်နဝါရီ ဈေးကွက် အတွင်းမှာပဲ ခေါ်ယူသွားနိုင်ဖို့ အတွက် စတင် လုပ်ဆောင်နေပြီ ဖြစ်သလို မန်ချက်စတာ ယူနိုက်တက် ကို ကိုင်တွယ်နေတဲ့ ဒတ်ချ်လူမျိုး နည်းပြ အဲရစ် တန်ဟက်ဂ် နဲ့ ဂက်ပို တို့က အေးဂျင့်လည်း

တူညီနေတာကြောင့် အပြောင်းအရွှေ့က ဖြစ်လာ နိုင်ခြေလည်း ပိုများနေပါတယ်။ ဂက်ပို ဟာ PSV အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိပေမယ့်လည်း PSV ဘက်ကတော့ သူတို့ အလိုရှိတဲ့ ပြောင်းရွှေ့ကြေး အတိုင်း ရရှိမယ်ဆိုရင် ဂက်ပို ကို စွန့်လွတ်သွားဖွယ် ရှိနေပါတယ်။

credit