ရော်နယ်ဒိုကို ကျော်ပြီး ကမ္ဘာ့ဖလား သွင်းဂိုးဘုရင် ဘွဲ့ကို ရယူသွားတော့မယ့် 23 နှစ်သား

ပြင်သစ် လီဂူးဝမ်း အင်အားကြီး ကလပ် ပီအက်စ်ဂျီ အသင်း နဲ့ ပြင်သစ် လက်ရွေးစင် အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်တဲ့ ကိုင်လီယန် အမ်ဘာပေ က ယမန်နေ့ ညက ယှဉ်ပြိုင် ကစားခဲ့တဲ့




ပြင်သစ် 3-1 ပိုလန် ပွဲစဉ်မှာ သွင်းဂိုး နှစ်ဂိုး သွင်းယူ နိုင်ခဲ့ ပြီးနောက် သူ့ရဲ့ စံပြပုဂ္ဂိုလ် ခရစ္စတီယာနို ရော်နယ်ဒို ထက် ကမ္ဘာ့ဖလား သွင်းဂိုး ပိုမို များပြားသွား ကြောင်းသိရ ပါတယ်။ အမ်ဘာပေ က အသက်




23 နှစ် အရွယ်သာ ရှိသေးပေမယ့် လက်ရှိ အချိန်မှာ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တွေထဲက တဦး ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ 2018 ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း ပြင်သစ် အသင်းကို ကမ္ဘာ့ဖလား ချန်ပီယံဆု




ရရှိအောင် ကူညီပေး နိုင်ခဲ့ပါတယ်။ ကိုင်လီယန် အမ်ဘာပေ ဟာ 2018 ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြင်သစ် အတွက် သွင်းဂိုး လေးဂိုး အထိ သွင်းယူပေး နိုင်ခဲ့သလို ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း အုပ်စု




အဆင့်မှာတင် သွင်းဂိုး သုံးဂိုးထိ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ၎င်းဟာ ယမန်နေ့ ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ပြင်သစ် 3-1 ပိုလန် ပွဲစဉ်မှာလည်း ပြင်သစ် အတွက် သွင်းဂိုး နှစ်ဂိုး ထပ်မံ သွင်းယူပေး နိုင်ခဲ့ပြီး အဆိုပါ




သွင်းဂိုး နှစ်ဂိုးကြောင့် သူဟာ ယခု ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သွင်းဂိုး ငါးဂိုး အထိ ရရှိခဲ့ပြီး ဂိုးသွင်းဘုရင် ဆုကို ရဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။ အမ်ဘာပေ က သူ့ရဲ့ ကစားသမား ဘဝမှာ ကမ္ဘာ့ဖလား




သွင်းဂိုး ကိုးဂိုး အထိ ရရှိခဲ့တာကြောင့် သူ့ရဲ့ စံပြပုဂ္ဂိုလ် ခရစ္စတီယာနို ရော်နယ်ဒို ထက် ကမ္ဘာ့ဖလား သွင်းဂိုး ပိုများသွားခဲ့ပြီး ရော်နယ်ဒို က သူ့ရဲ့ ကစားသမား ဘဝမှာ ကမ္ဘာ့ဖလား သွင်းဂိုး

ရှစ်ဂိုးသာ သွင်းယူထား နိုင်သူ ဖြစ်ပါတယ်။ ကိုင်လီယန် အမ်ဘာပေ ရဲ့ ပြင်သစ်က ကွာတား ဖိုင်နယ် အဆင့်မှာ ဆီနီဂေါ ကို 3-0 နဲ့ အနိုင်ရလာတဲ့ အင်္ဂလန် နဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့လည်း ရှိနေပါတယ်။

credit