အာရှ သမိုင်း မရိုင်းစေရကြောင်း ဘရာဇီးလ်နဲ့ ပွဲမှာ သတ်သေပြသွားမှာ ဖြစ်ကြောင်း သတိပေးလိုက်တဲ့ တောင်ကိုရီးယား နည်းပြ

ဘရာဇီးလ် နဲ့ ကစားရမယ့် ပွဲစဥ် မတိုင်မီ တောင်ကိုရီးယား နည်းပြ ပေါ်လိုဘင်တို က သူ့ အသင်းဟာ သုံးရက်အတွင်း နောက် တစ်ပွဲ ထပ်မံ ကစားရမယ့် အပေါ် ညည်းတွား ပြောဆိုလိုက်ပါတယ်။




ဒါပေမယ့် တောင်ကိုရီးယား အနေနဲ့ ဘယ်တော့မှ လက်မလျှော့ဘူး ပြောဆိုလိုက်ပြီး ဘရာဇီးလ် နဲ့ ပွဲမှာ အကောင်းဆုံး ရင်ဆိုင် သတ်‌သေပြသွားမှာ ဖြစ်ကြောင်း၊ လျှော့မတွက်ဖို့ သတိပေး ပြောကြားသွားခဲ့တာပါ။




တောင်ကိုရီးယား ဟာ အုပ်စုနောက်ဆုံး ပွဲစဉ် နဲ့ ၁၆ သင်းအဆင့် ပွဲစဉ်ကို သုံးရက်သာ ခြားပြီး ကစားရမှာပါ၊ ပေါ်တူဂီ နဲ့ အကြိတ်အနယ် ကစားခဲ့ရပြီးနောက် သူ့ ကစားသမားတွေ အသင့် မဖြစ်နေမှာကို ဘင်တို က စိုးရိမ်နေပုံရပါတယ်။




ဘရာဇီးလ် ကတော့ တောင်ကိုရီးယား ထက် နားချိန် ပိုရထားပြီး နေမာ ကလည်း ပြန်လည် ကစားနိုင်မှာ ဖြစ်လို့ လူစုံတက်စုံ ပွဲထွက်လာဖို့ ရှိနေပါတယ်။ ဘင်တို က အရင်ပွဲတွေမှာ ပင်ပန်းနွမ်း နယ်မှုတွေ ရှိခဲ့ပါတယ်။




အထူးသဖြင့် ပေါ်တူဂီ နဲ့ ပွဲစဥ်မှာ စိတ်ရော ကိုယ်ပါ နွမ်းနယ်ခဲ့လို့ ကစားသမားတွေကို နားရက်ပေးပြီး နောက်တရက်မှ လေ့ကျင်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်၊ ၂၀၁၈ အုပ်စု အဆင့်တွေ အပြီးမှာ ၇၂ နာရီ အကြာမှာ ကစားခဲ့ရလားတော့ ကျနော် မမှတ်မိတော့ဘူး။




ကျနော့် အမြင်အရ သုံးရက် အကြာမှာ ကစားရတာ တရားမျှတတယ်လို့ မထင်ပေမယ့် လက်ခံဖို့တော့ လိုမှာပါ၊ ဘရာဇီးလ် လို အသင်းကြီးနဲ့ ရင်ဆိုင်ရမှာက ခက်ခဲပါတယ်၊ ကျနော့်အမြင် အရဆို ဘရာဇီးလ် က ချန်ပီယံဖြစ်မယ့် အသင်းမျိုးပါ။

ကျနော်တို့မှာ ရှိနေတဲ့ အခက်အခဲတွေကို ပေါင်းထည့်လိုက်မယ် ဆိုရင် ကျနော်တို့ ရင်ဆိုင်ရမှာက အရမ်းခက်ခဲတယ် ဆိုတာ သိသာထင်ရှားပါတယ်၊ ကျနော်တို့ ကြိုးစားမှာပါ၊ ဘယ်တေ့ာမှ အရှုံးမပေးပါဘူး၊ ဒီပွဲမှာ သတ်သေပြသွားပါ၊ ‌ဘရာဇီးလ် အနေနဲ့ ကျနော်တို့ကို လျှော့မတွက်ဖို့ လိုပါတယ်။

credit