အင်္ဂလန် ကမ္ဘာ့ဖလား ကိုင်မြှောက်ဖို့ ကြယ်တစ်ပွင့်နဲ့ အသင်း တစ်သင်းပဲ ထိန်းနိုင်ဖို့ လိုကြောင်း ဖာဒီနန် ထုတ်ပြော

Manchester United နောက်ခံလူဟောင်း ဖာဒီနန် က လက်ရှိ ကာတာ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်း ဗိုလ်စွဲနိုင်တယ်လို့ ဆိုလိုက်ပြီး အင်္ဂလန်ကို ရပ်တန့်နိုင်မယ့် အသင်းဟာ တစ်သင်းသာ ရှိတယ်‌ကြောင်း ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။




အုပ်စုအဆင့်မှာ နှစ်ပွဲ နိုင်၊ တစ်ပွဲ သရေ၊ အုပ်စု ပထမနဲ့ ၁၆ သင်း ရှုံးထွက် အဆင့်ကို တက်ရောက်လာတဲ့ အင်္ဂလန် အသင်းဟာ မနေ့က အာဖရိက ချန်ပီယံ ဆီနီဂေါကို သုံးဂိုးပြတ် အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းသွားပြီ ဖြစ်ပါတယ်။




England အသင်းဟာ ကွာတားဖိုင်နယ်မှာ လက်ရှိ ချန်ပီယံ ပြင်သစ်နဲ့ ကစားရမှာ ဖြစ်ပါတယ်၊ အင်္ဂလန် နောက်ခံလူဟောင်း ဖာဒီနန် ကတော့ ပြင်သစ်ဟာ ထင်ထားသလောက် ကောင်းတဲ့ အသင်း တသင်း မဟုတ်တာကြောင့် အင်္ဂလန်ကို




အခက်အခဲ မရှိ ကျော်ဖြတ်နိုင် လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဖာဒီနန်က- အင်္ဂလန် ပွဲ မတိုင်ခင်က ပိုလန်နဲ့ ပြင်သစ် ပွဲကို ကြည့်ဖြစ်ခဲ့တယ်၊ အဲ့ဒီပွဲလည်း ကြည့်ပီးရော သူတို့ကို ကျနော့်ရဲ့ အကြိုက် ငါးသင်းထဲက ဖယ်ထုတ်လိုက်ပြီ။




ဒါပေမယ့် ပြင်သစ်က အဓိက ကစားသမား ငါးဦး မပါတာကြောင့် အင်အားနည်းတယ်လို့ ဆိုနိုင်ပါတယ်။ ပြင်သစ်ပွဲ ကြည့်ပြီး သူတို့အသင်းနဲ့ ရင်ဆိုင်ရမှာ လုံးဝ မကြောက်တော့ပါဘူး၊ အမ်ဘာပေ လောက်ပဲ ကြောက်စရာရှိတဲ့ အသင်းပါ။




ပြင်သစ်က အထင်ကြီးအောင် ဘာမှ မလုပ်ပြနိုင်ခဲ့ပါဘူး၊ သူတို့ တစ်ဦးချင်း စွမ်းဆောင်ရည်ကို အားကိုးနေရတယ်၊ ဘာပေကို ထိန်းနိုင်ရင် အင်္ဂလန်ကို အခက်တွေ့အောင် လုပ်နိုင်မယ့်သူ လုံးဝ မရှိတော့ဘူး။ အင်္ဂလန်က အာဖရိက ချန်ပီယံနဲ့ ကစားခဲ့ရတာပါ။




ပြင်သစ်က ပိုလန်နဲ့ပါ၊ ပိုလန်က ဒီပြိုင်ပွဲမှာ ခြေစွမ်းပိုင်း ဆိုးရွားတဲ့ အသင်း ဖြစ်ပါတယ်၊ အင်္ဂလန်က ပြင်သစ် ထက် ပိုကောင်းတဲ့ အသင်း တစ်သင်းပါ၊ တစ်ရာ ရာခိုင်နှုန်း သေချာပါတယ်၊ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲလိမ့်မယ်လို့ ထင်ပါတယ်။ အင်္ဂလန် အသင်းကို ယှဉ်နိုင်မယ့် တစ်သင်းတည်းသော အသင်းက ဘရာဇီးပါ။




ဘရာဇီးလ်မှာက ဥရောပ ကစားသမားတွေကို အခက်တွေ့စေနိုင်တဲ့ အရည် အသွေးတွေ ရှိနေပါတယ်၊ အသင်းတိုင်းမှာ အားနည်းချက် ကိုယ်စီ တွေ့ရတယ်၊ ဒါ‌ပေမယ့် အင်္ဂလန်က ရုပ်ပိုင်းဆိုင်ရာ အရ အခြား အသင်းတွေထက် သာလွန် ကောင်းမွန်ပါတယ်။ လို့ ပြောကြားသွားတာပဲ ဖြစ်ပါတယ်။

credit