တစ်ဂိုး သွင်းပြီးတိုင်း ကခုန် ‌အောင်ပွဲခံ ခဲ့တဲ့ ဘရာဇီးလ် နည်းပြနဲ့ ကစားသမားတွေကို ပြင်းပြင်းထန်ထန် ပြောဆို ပြစ်တင်လာတဲ့ ရွိုင်ကိန်း

တောင်ကိုရီးယား အသင်းကို အနိုင် ရရှိခဲ့တဲ့ ပွဲစဥ်မှာတော့ ဘရာဇီးလ် နည်းပြ ဖြစ်သူ တီထီ ဟာ အသင်း ဂိုးသွင်းပြီးလို့ ကပြ အောင်ပွဲခံခဲ့တဲ့ နေမာ တို့ အုပ်စုနဲ့ အတူ ဝင်ရောက် ကခုန်သွားခဲ့ပါတယ်။ တောင်ကိုရီးယား အသင်းကို တစ်ဂိုးပြီး




နောက်တစ်ဂိုး ဆက်တိုက် ဂိုးတွေ သွင်းယူခဲ့ပြီး ဘရာဇီးလ် အသင်းက နာရီဝက် အတွင်းမှာပဲ ကွာတားဖိုင်နယ် ကို လှလှ ပပ တက်လှမ်း ပြခဲ့ကာ ကစားသမားတွေ ကလည်း အတူတူ စုပေါင်း ကခုန် အောင်ပွဲ ခံခဲ့ကြ ပါတယ်။ နည်းပြ တီထီ ကလည်း ဝင်ရောက် ကခုန် အောင်ပွဲ ခံခဲ့ပြီး




ဒီလို အပြုအမူ အတွက် ရွိုင်ကိန်း က ဝေဖန်မှုတွေ လုပ်သွား ခဲ့ပါတယ်၊ နည်းပြ တီထီ ရဲ့ဒီလို အပြုအမူ၊ ဒီလို လုပ်ရပ်က တောင်ကိုရီးယား အပေါ် လုံးဝ လေးစားမှု ကင်းမဲ့တဲ့ လုပ်ရပ် ဖြစ်ပြီး ဒီလို မြင်တွေ့နေ ရတာကို သူ မယုံနိုင် ဖြစ်မိတယ်လို့




ဘောလုံး ပွဲဝေဖန် သုံးသပ်သူ ရွိုင်ကိန်းက ပြောဆိုသွားခဲ့ပါတယ်။ ရွိုင်ကိန်းက- ဗင်နီရှပ် ရဲ့ အဆုံးသတ်ပိုင်း တွေက တော်တော်လေးကို ကောင်းမွန်ပါတယ်၊ သူတို့ ပွဲစဥ်ကို အကောင်းဆုံး စတင်နိုင်ခဲ့တာပါ၊ ဒါပေမယ့် အဲဒီလိုမျိုးတွေ ကခုန်တာ မျိုးတော့ ကျနော့် ဘဝမှာ မမြင်ဖူးဘူး။




ကျနော် ကြည့်နေရတာကို တကယ်ပဲ မယုံနိုင်ဘူး။ ကျနော် ဘာကို ကြည့်နေရတာလဲ ဆိုတာကို မယုံကြည် နိုင်အောင်ပဲ ဖြစ်ခဲ့ရပါတယ်၊ Strictly Come Dancing ရှိုးပွဲကို ကြည့်နေ ရသလိုပါပဲ၊ နည်းပြ တီထီ ကလည်း ပါဝင်လာခဲ့ပြီး ကျနော်ကတော့ အဲဒီလို မျိုး လုပ်ရပ်ကို မနှစ်မျို့ သဘောမကျလှပါဘူး၊ လူတွေကတော့ ဒါ သူတို့ရဲ့ ယဉ်ကျေးမှုလို့ ပြောမှာပဲ။




ဒါက တကယ် ကတော့ ပြိုင်ဘက် အသင်းကို လေးစားမှု ကင်းမဲ့တာပါ။ သွင်းဂိုး လေးဂိုးတောင် ရခဲ့တာ ဖြစ်ပြီး သူတို့က တစ်ဂိုး သွင်းယူပြီးတိုင်း ကနေကြတယ်၊ ပထမ တ​စ်ကြိမ်တော့ ကျနော့် စိတ်ထဲ မရှိပါဘူး၊ ပြီးတော့ တခါပြီး တခါ ဖြစ်လာပြီး နောက်ဆုံး နည်းပြပါ ဝင်လာကတယ်။




အဲဒီအတွက် ကျနော် မပျော်ရွှင်မိပါဘူး။ လို့ ရွိုင်ကိန်း က ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဘရာဇီးလ်သား တွေကတော့ သူတို့ရဲ့ ရိုးရာအတိုင်း ကခုန် အောင်ပွဲခံမှုကြောင့် ပြီးခဲ့တဲ့ လ အနည်းငယ်ကလည်း ပြသနာတွေ ဖြစ်ခဲ့ဖူးပါတယ်၊ လာလီဂါမှာ ဗင်နီရှပ် ရဲ့ ကပြ အောင်ပွဲခံမှုကို လူမျိုးရေး ခွဲခြားမှုတွေ ရှိခဲ့ကာ ကခုန် အောင်ပွဲခံတာကို အပြစ် တင်ခဲ့ကြတာပါ။




ဒါပေမယ့် ရော်နယ်ဒင်ဟို၊ ရော်နယ်ဒို တို့က ဗင်နီရှပ် ကို ကာကွယ်ပေးခဲ့ပြီး အားပေးတိုက်တွန်းမှုတွေ ရှိခဲ့ပါတယ်။ ကခုန် အောင်ပွဲခံတာက အကြီးတန်ပါတယ်၊ ပြိုင်ဘက်ကို လေးစားမှု မထားတာပါ၊ တနည်းပြောရရင် ဒီလို လုပ်ရပ်က ကောင်းတဲ့ လုပ်ရပ် မဟုတ်ပါဘူး။ လို့ ထပ်မံ ပြောဆိုသွားခဲ့ပါတယ်။

credit