မော်ရိုကိုက စပိန်ကို ရှုံးပြီး ဆွစ်ဇာလန်က ပေါ်တူဂီကို အနိုင်ရလိမ့်မယ်လို့ သုံးသပ် ခန့်မှန်းပေးလာတဲ့ ခရစ်ဆက်တန်

ဒီကနေ့ ညမှာတော့ ကမ္ဘာ့ဖလား ၁၆သင်း ရှုံးထွက်အဆင့်ရဲ့ နောက်ဆုံးပွဲစဉ် နှစ်ပွဲယှဉ်ပြိုင်ကစားကြရမှာ ဖြစ်ပါတယ်၊ ဘီဘီစီသတင်းဌာနရဲ့ သုံးသပ်သူ ခရစ်ဆက်တန်က ဒီည ပွဲစဥ်တွေအတွက် ယခုလို သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။




မိုရိုကိုနဲ့ စပိန် ည ၉ : ၃၀ ‘စပိန်က ဒီပြိုင်ပွဲမှာ ဘောလုံး ကစားတာ အကောင်းဆုံး အသင်းပါ၊ သူတို ကစားဟန်ရော၊ လှပတဲ့ ဘောလုံးပေးပို့မှုတွေရော တကယ်ပဲ သဘောကျမိပါတယ်၊ ဒါပေမယ့် သူတို့က ကစားသမားတွေကို ဖြတ်ပြီးပေးတာ




ဖြစ်လို့ ခံစစ်ကို လုံးဝပိတ်ကစားတဲ့ အသင်းတွေနဲ့ တွေ့ရင် အခက်အခဲ ဖြစ်‌လာနိုင်ပါတယ်၊ ကြာသပတေးနေ့က ဂျပန်နဲ့ ပွဲစဥ်ကို ကျနော် ကြည့်ခဲ့တယ်၊ ဘောလုံးကို သူတို့ချည်း အပိုင် သိမ်းထားပေမယ့် စပိန်အသင်းကို ကြည့်ရတာ




အသည်းအသန်အလိုရှိ နေတာတောင် ဂိုးမသွင်းနိုင်သလို ဖြစ်နေပါတယ်၊ သူတို့က စပိန်ဂျာနယ်လစ် Guillem Balague ပြောသလိုပဲ၊ သွင်းဂိုး လိုအပ်နေတာက ပြသနာပါ။ ဒီတော့ ဒီ ပွဲစဥ်ကလည်း ကပ်နိုင်ပါလိမ့်မယ်၊ မိုရိုကိုက ကြံ့ခိုင်မှု ရှိပြီး




တောင့်တင်းတဲ့အသင်းပါ၊ သူတို့က ဘောလုံးကို သိပ်ကြီး တက်လိုက်နေမှာ မဟုတ်ဘူး၊ ဖြစ်နိုင်တာ ခံစစ်ကို အထိုင်ချ ပိတ်ကစားပြီး အခွင့်ကောင်း စောင့်ဖို့ပဲ ရှိတယ်၊ ဂျပန်က စပိန်ကို လုပ်သွားသလိုပေါ့”။ ခန့်မှန်းရလဒ်- Morocco 0-1 Spain




ပေါ်တူဂီနဲ့ ဆွစ်ဇာလန် ည ၁ : ၃၀ “ဆွစ်ဇာလန်က ဘရာဇီးနဲ့ ပွဲစဥ်မှာ အတော်လေးကို ချာခဲ့တယ်၊ ဂိုးပေါက်တည့်တာ တစ်ကြိမ်တောင် မရှိခဲ့ဘူး၊ ဒါပေမယ့် ကာတာက အခြားပွဲတွေ ကြည့်ရင်တော့ ဒီပွဲစဥ်မှာ




တစ်ခုခု လုပ်ပြနိုင်ဖို့ မျှော်လင့်စရာ ဖြစ်နေတယ်။ ပေါ်တူဂီက သူတို့မှာ အကောင်းဆုံး ကစားသမားတချို့ ရှိတယ်၊ ဒါပေမယ့် ဆွစ်က ဆားဘီးယားကို ကျော်ဖြတ်ပြီး ၁၆သင်း အဆင့် ရောက်လာတဲ့နောက် ယုံကြည်မှု အပြည့် ရှိနေပါလိမ့်မယ်၊ သူတို့ ပြီးခဲ့တဲ့ ဇွန်လ နေးရှင်းလိဂ် မှာတုန်းကလည်း




ပေါ်တူဂီကို အနိုင်ကစားခဲ့တယ်။ ဒီပွဲစဥ်လဲ ကျဉ်းမြောင်းတဲ့ ရလဒ်ပဲ ထွက်မှာပါ၊ ခရစ္စတီယာနိုက ပွဲရလဒ် အပေါ် သက်ရောက်မှုကြီး တစ်ခုခု လုပ်နိုင်လိမ့်မယ် ခံစားမိနေတယ်၊ သူပါမှ ပေါ်တူဂီ ပွဲကို နိုင်မှာ မဟုတ်ပေမယ့်

ပေါ်တူဂီ အတွက်ကတော့ ရော်နယ်ဒိုကို ရွေးဖို့ ဆုလာဘ်လား ပြစ်ဒဏ်လား စွန့်စားရမလိုပါပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ အသင်းသားတွေ အပေါ် သူ့ရဲ့ လွှမ်းမိုးမှုက သိပ်ကို ကြီးပါတယ်။ ပိုမို ကောင်းနိုင်မယ့်သူ တစ်ယောက်ကို ပွဲထုတ်ပြီး

သူ့ကိုနောက်မှထည့်တာ ဖြစ်နိုင်ပါတယ်၊ ဒီပွဲက ကြာမယ် ဆိုရင် မိနစ် ၉ဝနဲ့ အချိန်ပို ပြီးမှ ၁-၁ သရေ၊ ပင်နယ်တီမှာ ရော်နယ်ဒိုရဲ့ အဆုံးအဖြတ် ကန်ချက်က လွဲပြီး ဆွစ်ဇာလန် နိုင်ပါလိမ့်မယ်။

credit