တောင်ကိုးရီးယားနဲ့ပွဲတုန်းက ရော်နယ်ဒိုရဲ့ အပြုအမူကို မကျေမနပ် ဖြစ်မိကြောင်း ဖော်ပြလာတဲ့ ပေါ်တူဂီ နည်းပြ

တောင်ကိုရီးယား နဲ့ အုပ်စု နောက်ဆုံး ပွဲစဉ်မှာ လူစားလဲ ခဲ့ပြီးနောက် ရော်နယ်ဒို ရဲ့ အပြုအမူကို သဘောမကျ ဘူးလို့ ပေါ်တူဂီ နည်းပြ ဖြစ်သူ ဖာနန်ဒို ဆန်းတို့စ် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။




ပေါ်တူဂီ အသင်းခေါင်းဆောင်ဟာ လူစားလဲ လှယ်ခံရချိန် မှာတောင်ကိုရီးယား ကစားသမား တဦးက သူ့ကို ကွင်းထဲက အမြန်ထွက်ဖို့ ပြောခဲ့တာ ပြသနာတက်ခဲ့တာ ဖြစ်ပါတယ်၊ ကွင်းပြင်ထွက် ချိန်မှာလည်း ရော်နယ်ဒို ရဲ့ အမူအယာက ကောင်းမွန်ခြင်း မရှိခဲ့ဘဲ




ဖာနန်ဒို ဆန်းတို့စ် အတွက် ကသိ ကအောက် ဖြစ်စရာ အနေအထားမှာ ရှိခဲ့ပုံ ရပါတယ်၊ ရော်နယ်ဒို ဟာ အရန် ခုံတန်းမှာလည်း မျက်နှာ မသာမယာနဲ့ ထိုင်နေခဲ့ပြီး လူစားလဲ လှယ်ခံရတဲ့ အပေါ်မှာ မကျေမနပ် ဖြစ်နေ တယ်လို့ ယူဆခဲ့ရပြီး ယခုအခါ မှာတော့ နည်းပြ ဖြစ်သူ က သတိပေး စကားဆိုလိုက်တာ ဖြစ်ပါတယ်။




လူစားလဲ ခံရမယ့် အချိန်မှာ တောင်ကိုရီးယား ကစားသမားနဲ့ စကား များခဲ့တာ ကျနော် တွေ့လိုက်ပါတယ်၊ အဲဒီလို ပုံစံကို ကျနော် သဘောမကျမိပါဘူး၊ တကယ်ကို သဘောမကျတာပါ အဲဒါတွေက ပြီးသွားပါပြီ၊ ဒီကိစ္စတွေကို တံခါးပိတ်ပြီး ဖြေရှင်းပြီးပါပြီ။




အားလုံး ရှင်းပြီးပါပြီ၊ အခု အဲဒါတွေ မေ့ထားပြီး ဆွစ်ဇာလန်နဲ့ ပွဲကို အာရုံစိုက်နေပါတယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ခြေစွမ်း ပြသနိုင်ခြင်း မရှိဖြစ်နေခဲ့ပြီး အုပ်စု ပွဲတွေမှာ လူစားလဲ လှယ်ခံနေရတာ ဖြစ်ပါတယ်၊ ပွဲချိန်ပြည့် ကစားချင်ပြီး




ဂိုးသွင်းယူဖို့ စိတ်အား ထက်သန်လေ့ ရှိတဲ့ သူ့အတွက် အခုလို လူစားလဲ လှယ်ခံရ တာတွေက မကျေနပ်စရာ ဖြစ်နေခဲ့ပြီး ဒီလို ပုံစံတွေသာ ဆက်လုပ်နေမယ် ဆိုရင် ဖာနန်ဒို ဆန်းတို့စ် နဲ့ပါ ထိပ်တိုက် ရင်ဆိုင်လာရဖွယ် ရှိနေပါတယ်၊ အချို့ သတင်းတွေ ကတော့ ရော်နယ်ဒိုကို

ဒီနေ့ပွဲမှာ ပွဲထွက်ခွင့် မပေးတာ အသင်းခေါင်းဆောင် ရာထူးက ခဏ ဖယ်ရှားထားမယ် လို့တောင် ဖော်ပြတာတွေ ရှိ‌ နေပါတယ်၊ ဒီသတင်းတွေ ကတော့ အတည်မပြုနို င်သေးဘဲ ချဲ့ကား ပြောဆို ရေးသားမှုတွေလို့ ယူဆရပါတယ်။

credit