စပိန် 0-3 မော်ရိုကို ပွဲစဉ်မှ ထူးထူးခြားခြား အချက် (5) ချက်

120 မိနစ်ထိ နှစ်သင်းလုံး အခွင့်အရေးကောင်း ရဖို့ ထိန်းကစားနေခဲ့ အပြီးမှာ မော်ရိုကို ဟာ စပိန်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ 3-0 နဲ့ အနိုင်ရရှိခဲ့ပြီး ဟာကီမီ က Panenka နဲ့ အနိုင်ဂိုးကို သွင်းယူသွားခဲ့ပါတယ်၊ အချိန်ပို နောက်ဆုံးမိနစ်မှာ ဆာရာဘီးယား ရဲ့ ကန်ချက် တိုင်ထိ ထွက်ခဲ့လို့သာ စပိန်တို့ ကွာတားဖိုင်နယ် ကို




မရောက်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ မော်ရိုကို ဟာ နောက်ဆုံး ရှစ်သင်း အဆင့်မှာ ဆွစ်ဇာလန် ကို ဂိုးပြတ် အနိုင်ယူပြီး တက်လာခဲ့တဲ့ ပေါ်တူဂီ နဲ့ ရင်ဆိုင်ကစားရတော့မှာ ဖြစ်ပါတယ်၊ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကို ဖော်ပြပေးလိုက်ရပါတယ်။




(1) ပန်နန်ကာနဲ့ ပင်ဂွင်း

ဟာကီမီ ဟာ မော်ရိုကို အတွက် စတုတ္ထမြောက် ပင်နယ်တီကို မကန်ခင် သူ့ခေါင်းထဲမှာ အတွေးတွေ အများကြီး ရှိနေမှာဖြစ်ပါတယ်၊ မက်ဒရစ်မှာ မွေးဖွားခဲ့ပြီး စပိန် ဘောလုံး အဖွဲ့ချုပ်ဟာ ၎င်းကို မွေးတဲ့ နိုင်ငံကို ကိုယ်စားပြု ကစားစေချင်ခဲ့ ပေမယ့်လည်း ဟာကိမီက သူ့မိဘတွေရဲ့ နိုင်ငံကိုသာ ကိုယ်စားပြုဖို့ ဆန္ဒရှိနေခဲ့သူပါ။




မနေ့ညက သူဟာ သူကောင်းကောင်း သိနေတဲ့ နိုင်ငံနဲ့ ရင်ဆိုင် ကစားခဲ့ရ ပေမယ့်လည်း ဒါကို လုံး၀ ဂရုမစိုက်ဘဲ အကောင်းဆုံး ကစားပြခဲ့ပါတယ်၊ အဆုံးအဖြတ် ပင်နယ်တီမှာ ဒီလို Panenka ကို ကန်ခဲ့တယ် ဆိုတာ ဘယ်လောက် ယုံကြည်မှု မြင့်မားသလဲ ဆိုတာ သိနိုင်ပြီး ဂိုးသွင်းပြီးချိန်မှာ ပင်ကွင်း အကကို ကခဲ့တာ ကြည့်ရင် မော်ရိုကို ကို ပထမဦးဆုံး အကြိမ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပို့ဆောင်ပေးခဲ့တဲ့ အပေါ် ဘယ်လောက် ပျော်ရွှင်နေသလဲ ဆိုတာ သိနိုင်ပါတယ်။




(2) မလုံလောက် ခဲ့တဲ့ အကြိမ် 1000 ပင်နယ်တီ

ဒီပွဲစဉ် မတိုင်မီ အန်နရီကေးဟာ သူ့ရဲ့အသင်း ဒီ ကမ္ဘာ့ဖလားမှာ ပင်နယ်တီ အဆုံးအဖြတ် ခံယူရမယ့် ပွဲစဉ်မျိုး ကြုံလာရ နိုင်တာကြောင့် အသင်းသားတွေကို ဘယ်လို ပြင်ဆင်မှု လုပ်စေခဲ့သလဲ ဆိုတာ ထုတ်ဖော်ခဲ့ပါတယ်၊ အန်နကီကေးက




လွန်ခဲ့တဲ့ တစ်နှစ်က ကျွန်တော့်ရဲ့ Training camp မှာ ကမ္ဘာ့ဖလား မတိုင်မီ မိမိတို့ ကလပ်တွေမှာ ပင်နယ်တီ ကန်တာ အကြိမ် 1000 လောက် ကျင့်ခဲ့ဖို့ ကစားသမားတွေကို အိမ်စာပေးခဲ့ပါတယ်၊ လက်ရွေးစင် အသင်းကို ရောက်မှ လုပ်လို့မရနိုင်ပါဘူး၊ သူတို့ အိမ်စာ လုပ်လာခဲ့မယ်လို့ ကျွန်တော် ထင်ပါတယ်။




ဒါဟာ ထီထိုးသလို ကျွန်တော် မထင်ပါဘူး၊ ဒါဟာ skill တစ်ခုပါ၊ များများ လေ့ကျင့်လေ တိုးတက်လာလေပါ၊ ဖိအားတို့ ဘာတို့ကို လေ့ကျင့်လို့ မရနိုင်ပေမယ့် ဒါဟာ ကံတရား အပေါ်ချည်း မူတည် မနေပါဘူး၊ လို့ ပြောဆိုခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ ပင်နယ်တီ အကြိမ် 1000 အိမ်စာကလည်း စပိန် အတွက် လုံလောက်မှု မရှိခဲ့ပါဘူး။




(3) မော်ရိုကိုရဲ့ ခံစစ်

ရီဂရာဂွီ ရဲ့ လက်အောက် ကစားခဲ့တဲ့ 7 ပွဲမှာ မော်ရိုကိုဟာ clean sheet 6 ကြိမ် ရရှိခဲ့ကာ ဒီ ကမ္ဘာ့ဖလားမှာ ပြိုင်ဘက် ကစားသမားရဲ့ ဂိုးသွင်းခြင်းကို မခံရသေးဘဲ ကနေဒါနဲ့ ပွဲမှာ ဗဟိုနောက်ခံလူ အဂွီရက်ရဲ့ own goal တစ်လုံးသာ ခွင့်ပြုခဲ့ရပါတယ်၊ ဂိုးသမား ဘူနို




ဆီဗီလာ၊ ဟာကိမီ PSG၊ အဂွီရက် ၀က်ဟမ်း၊ ရိုမန်ဆိုက် ဘက်ဆစ်တပ် နဲ့ မာဇူရာဝီ ဘိုင်ယန် တို့ ဖွဲ့စည်းထားတဲ့ ခံစစ်ကြောင်းဟာ ဒီကမ္ဘာ့ဖလားမှာ စပိန် ခရိုအေးရှား ဘယ်ဂျီယံ စတဲ့ ထိပ်တန်း အသင်းတွေကို ဂိုး မပေးရအောင် စွမ်းဆောင်ထားခဲ့တာ ချီးကျူးစရာ ဖြစ်ပါတယ်၊ စပိန်ဟာ ဘောလုံးပိုင်ဆိုင်မှု များစွာ အသာစီး ရခဲ့ပေမယ့်

မိနစ် 120 အတွင်း မော်ရိုကို ဂိုးပေါက်ကို ထိရောက်တဲ့ ခြိမ်းခြောက်မှု မလုပ်နိုင်ခဲ့ဘဲ ဘောလုံး ပိုင်ဆိုင်မှု သိပ်မရှိတဲ့ မော်ရိုကိုက တစ်ပွဲလုံး ထိန်းချုပ်ထားခဲ့တာပါ။

(4) ထူးချွန်စွာ ကစားပြနေတဲ့ အမ်မရာဘတ်

အမ်မရာဘတ် ရဲ့ နေရာစုံ ရောက်ရှိ နေမှုကြောင့် စပိန် ကွင်းလယ်ဟာ ကစားရှိန်ကို ကောင်းကောင်း မြှင့်လို့ မရ ဖြစ်နေခဲ့ပါတယ်၊ ဖီအို ကွင်းလယ်ခံစစ် ကစားသမားဟာ နေရာစုံ space တွေကို ကာဗာလုပ် ကစားသွားခဲ့ပြီး ဘူ့စကွက် ရဲ့

ဘာစီလိုနာ ကွင်းလယ်ကို ကစားရ ခက်အောင် လုပ်ပြခဲ့ပါတယ်၊ ဒါ့အပြင် ၎င်းရဲ့ line breaking play တွေက မော်ရိုကို တိုက်စစ်ကို ပံ့ပိုးမှု လုပ်နိုင်ခဲ့ပါတယ်၊ အသက် 26 နှစ်အရွယ် ကစားသမားဟာ ဒီပွဲစဉ်မှာ ဖျက်ထုတ်မှု လေးကြိမ်၊ ကြားဖြတ် လုယူမှု တစ်ကြိမ် အပြင် ကောင်းမွန်တဲ့ passing တွေလည်း

လုပ်သွားခဲ့ပါတယ်၊ ကမ္ဘာ့ဖလား မတိုင်မီ အီတလီမှာ ကစားနေတဲ့ အမ်မရာဘတ် အကြောင်း သိတဲ့သူ နည်းပါးပေမယ့်လည်း စပိန်နဲ့ ကစားခဲ့တဲ့ နှစ်နာရီမှာ ၎င်းက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကွင်းလယ်လူထဲက တစ်ဦးလို ကစားပြသွားခဲ့ပါတယ်။

(5) နှစ်ကြိမ်ဆက် ကျေနပ်ခဲ့ရတဲ့ Last 16

အုပ်စု ဒုတိယ နေရာနဲ့ တက်လာခဲ့တဲ့ စပိန်ဟာ မော်ရိုကိုနဲ့ ပွဲစဉ်ရဲ့ မိနစ် 70 မှာ ဘောလုံးပေးပို့မှု အကြိမ် 600 ကျော် လုပ်ထားခဲ့ပြီး ဖြစ်ပေမယ့် ဂိုးပေါက် တည့်မှုက တစ်ကြိမ်သာ ရှိခဲ့ပြီး ဒါကလည်း ဖရီးကစ်ကနေ ဖြစ်ပါတယ်။l၊ မော်ရိုကို ကတော့ စပိန်ကို

စိတ်ကြိုက် ဘောလုံးကိုင်ခွင့် ပေးထားပြီး final third ရောက်မှသာ ပြင်းထန်တဲ့ လုပ်အားနဲ့ ခံစစ်ကို စည်းစနစ်တကျ ကစားပြီး ရှင်းထုတ်မှုတွေ လုပ်ခဲ့ကာ နေရာလွတ် မရှိအောင် ပိတ်ဆို့ကစားနိုင်ခဲ့ပါတယ်၊ နှစ်ဘက်လုံး သတိကြီးကြီး ကစားခဲ့တာကြောင့် ဦးဆောင်ဂိုး ရတဲ့ အသင်းဟာ နောက်တဆင့်ကို တက်နိုင်မယ့်

အခြေအနေ ဖြစ်ခဲ့ပေမယ့် ပွဲဟာ မိနစ် 120 ထိ အဆုံးအဖြတ် မပေးနိုင်ခဲ့ပါဘူး။ ရိုဒရီနဲ့ လာပေါ့ဒ် တို့ ဘောလုံးကိုင် ကစားခွင့် များစွာ ရရှိခဲ့ပေမယ့် ဘူ့စကွက် ဆီကို လုံလောက်တဲ့ ဘောလုံးတွေ မရောက်ခဲ့ဘဲ ဘာစီလိုနာ စတားဟာ မော်ရိုကို ကွင်းလယ်ရဲ့ press အောက်မှာ လှုပ်မရ ဖြစ်နေခဲ့ပါတယ်။

လွန်ခဲ့တဲ့ 2018 ကမ္ဘာ့ဖလား တုန်းကလည်း စပိန်ဟာ ရုရှားကို ဒီလို ပုံစံမျိုးနဲ့ ရှုံးပြီး ပြုတ်ခဲ့တာ ဖြစ်ပြီး ဒီနှစ်သင်းဟာ စပိန်ကို ရှုံးထွက်အဆင့်မှာ ဘယ်လို ထုတ်ပယ်လို့ ရသလဲ ဆိုတဲ့ blueprint ကို ချပြလိုက် သလိုပါပဲ။

credit