ရော်နယ်ဒိုကို ဘာကြောင့် အရန်ခုံ ထားရသလဲ ဆိုတာ ထုတ်ပြောလိုက်တဲ့ ဖာနန်ဒို ဆန်းတိုစ့်

ပေါ်တူဂီ နည်းပြကြီး ဖာနန်ဒို ဆန်းတိုစ့် က ယနေ့ နံနက်မှာ ကစားခဲ့တဲ့ ဆွစ်ဇာလန်နဲ့ ပွဲစဥ်မှာ ရော်နယ်ဒို ကို ပွဲထွက် မကစားခိုင်း တာဟာ ပြီးခဲ့တဲ့ ပွဲစဥ်မှ အပြုအမူကြောင့် လုံးဝ မဟုတ်ကြောင်း ဖြေရှင်းသွားခဲ့ပါတယ်။




ခရစ္စတီယာနို ​ရော်နယ်ဒို ဟာ ဆွစ်ဇာလန်နဲ့ ပွဲမှာ အရန်ခုံမှာ ထိုင်နေခဲ့ရပြီး ပွဲပြီးခါနီး 16 မိနစ် အလိုမှ လူစားဝင် ကစားခွင့် ရရှိခဲ့ပါတယ်၊ ရော်နယ်ဒို ပွဲထွက် မပါဝင်တဲ့ ပေါ်တူဂီ အသင်းဟာ ဆွစ်ဇာလန်ကို 6 ဂိုး 1 ဂိုး ဆိုတဲ့ ဂိုးရလဒ်နဲ့ ဂိုးပြတ် အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းခဲ့ပါပြီ။




ပေါ်တူဂီ အသင်းရဲ့ line up ထွက်လာချိန်မှာ ရော်နယ်ဒို မပါဝင်လာမှုဟာ ပရိသတ် အတော်များများကို အံ့အား သင့် စေခဲ့ပြီး တောင်ကိုးရီးယားနဲ့ ပွဲမှာ လူစားလဲခံရချိန် အပြုအမူကြောင့် ချန်လှပ်ခံရတာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ် ခဲ့သေးပြီး ဆွစ်ဇာလန်နဲ့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့




ပေါ်တူဂီ နည်းပြ ဆန်းတိုစ့် က ရော်နယ်ဒို ကို အရန်ခုံ ထိုင်ခိုင်းတဲ့ အကြောင်းအရင်း မှန်ကို ရှင်းပြသွားခဲ့ပါတယ်။ ခရစ်တီယာနို နဲ့ ရာမိုစ့် တို့က မတူ ကွဲပြားတဲ့ ကစားသမား နှစ်ဦးပါ၊ နိုင်ငံအသင်းရဲ့ ကပ္ပတိန်နဲ့ ပတ်သက်ပြီး ပြဿနာ တစ်စုံတစ်ရာတော့ မရှိပါဘူး။




နည်းဗျူဟာ အရပဲ ဖြစ်ပါတယ်၊ ကစားသမားတွေက တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး၊ ကျနော် ဒါလော့၊ ရာဖေးလ် ဂွာရဲရိုး တို့ကိုလည်း ပွဲထွက် အသုံးပြု ခဲ့ပါတယ်၊ ကန်ဆယ်လို ကလည်း အံ့ဖွယ် ကစားသမား တစ်ဦး ဆိုပေမယ့်လည်း ပေါ့၊ ဒီလူစာရင်းက ဆွစ်ဇာလန်နဲ့ ပွဲအတွက် ကျနော် တွေးထားတဲ့ လူစာရင်းပါ။




နောက်ပွဲတွေ ကျရင်လည်း ဒီလူစာရင်းနဲ့ မတူ ကွဲပြား နိုင်ပါတယ်၊ ဖာနန်ဒို ဆန်းတိုစ့် နဲ့ နိုင်ငံအသင်းရဲ့ ကပ္ပတိန် ကြားမှာ ဘာပြဿနာမှ မရှိပါဘူး၊ ကျနော်တို့ နှစ်ယောက် ခင်မင် ရင်းနှီးလာကြတာ နှစ်အတန်ကြာပါပြီ၊ ကျနော့်တို့ရဲ့ဆက်ဆံရေးကို ထိခိုက်စေမယ့် အရာ မရှိပါဘူး၊ ပွဲမတိုင်ခင် သူနဲ့




ကျနော် စကားပြော ဖြစ်ခဲ့တယ်၊ ကျနော့် ဆုံးဖြတ်ချက် က သူ့အတွက် ပြဿနာ မရှိခဲ့ပါဘူး၊ သူက စံပြ ခေါင်းဆောင် တစ်ဦးပါလို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဆွစ်ဇာလန် နဲ့ ပွဲမှာ ရော်နယ်ဒို နေရာ အစားဝင် ကစားခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ဘင်ဖီကာ တိုက်စစ်မှူး ဂွန်ဆာလို ရာမိုစ့် ဟာ




သူ့ရဲ့ ပထမဦးဆုံး ပွဲထွက်ခွင့်မှာတင် ဟက်ထရစ် သွင်းယူပြီး ခြေစွမ်းပြ နိုင်ခဲ့တာကြောင့် ဆန်းတိုစ့် ရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်၊ ပေါ်တူဂီ အသင်းဟာ ကွာတားဖိုင်နယ် အဆင့်မှာ စပိန် ကို အနိုင်ယူပြီး ကျော်ဖြတ်လာတဲ့ မော်ရိုကို အသင်းနဲ့ ကစားရမှာပဲ ဖြစ်ပါတယ်။

credit