မကြာသေးမီကပဲ ကလပ်အသင်းနဲ့ လမ်းခွဲထားခဲ့ရ‌ပေမယ့် နိုင်ငံ အသင်း နည်းပြနဲ့ ပြသနာ တက်ပြန်တဲ့ ရော်နယ်ဒိုကို ပေါ်တူဂီ နည်းပြ အရှက်ခွဲတယ်လို့ အမ ဖြစ်သူ ပြောဆို

ပေါ်တူဂီ လက်ရွေးစင်အသင်း နည်းပြ ဖာနန်ဒို ဆန်းတို့စ် ဟာ သူမရဲ့ မောင်ကို အရန်ခုံမှာထားခဲ့ပြီး အရှက်ခွဲ ခဲ့တယ်လို့ ရော်နယ်ဒို ရဲ့ အစ်မ ဖြစ်သူက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။




ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကတည်းက ယခုလို အပြုအမျိုး အရန်ခုံ ထိုင်ရတဲ့ အခါ အသင်းဖော်တွေက ဘောလုံးမပေးတဲ့ အခါမျိုးတွေမှာ ပြုလုပ်လေ့ ရှိပြီး မကြာခဏ ဆိုသလို ကလပ်အသင်း နည်းပြ အဲရစ် တန်ဟက်ဂ် နဲ့ ပြသနာတက်လေ့ ရှိသူ ဖြစ်ပါတယ်။




နောက်ဆုံးမှာ‌တော့ အသင်း၊ အသင်းပိုင်ရှင်၊ နည်းပြနဲ့ အသင်းဖော်အကြောင်း အင်တာဗျူး လုပ်ခဲ့မှုကြောင့် အသင်းနဲ့ လမ်းခွဲထားခဲ့ရသူလည်း ဖြစ်ပါတယ်။ ယခုတော့ နိုင်ငံ လက်ရွေးစင် အသင်းဖြစ်တဲ့ ပေါ်တူဂီက ဆွစ်ဇာလန်ကို 6-1 နဲ့ အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလား 16 သင်းအဆင့် ပွဲစဉ်မှာ ရော်နယ်ဒို ဟာ




မိနစ် 70 မှသာ လူစားလဲ ကစားခွင့် ရရှိခဲ့တာ ဖြစ်ပြီး ဒီအတွက် ၎င်းက သူ့ပုံစံ အတိုင်း စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲစဥ် မတိုင်ခင်မှာပဲ လက်ရွေးစင် နည်းပြ ဆန်းတို့စ် က သူ့ အသင်းခေါင်းဆောင်ကို ပွဲထွက် လူစာရင်းကနေ ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ၊ သူ့ရဲ့နေရာမှာတော့ ဂွန်ကာလို ရာမို့စ် ကို ထည့်သွင်းခဲ့ပြီး




အဆိုပါ ဘင်ဖီကာ တိုက်စစ်မှူးက ဟက်ထရစ် သွင်းယူကာ ခြေစွမ်း ပြသနိုင်ခဲ့ပါတယ်၊ ရော်နယ်ဒို ဟာ ပွဲပြီးချိန်မှာလည်း အသင်းနဲ့ အတူ အောင်ပွဲမခံခဲ့ဘဲ ထုံးစံအတိုင်း အဝတ်လဲခန်းထဲ တန်းဝင်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ရော်နယ်ဒို ရဲ့ အစ်မ ဖြစ်သူ Elma Aveiro က‌တော့ သူမ ရဲ့ အင်စတာဂရမ်မှာ ‘ဒီနေ့ ငါတို့အားလုံးအတူ ရှိနေခဲ့ပါတယ်။




မင်းက ဒီလိုဖြစ်ရမယ်လို့ ထင်ရင် ငါဒီမှာ ရှိနေပါတယ်’ လို့ ရေးသားခဲ့ပါတယ်၊ သူမရဲ့ ဖော်လိုဝါ တဦးက ‘ရော်နယ်ဒိုကို ချန်လှပ်ခဲ့တာ မယုံနိုင်အောင်ပဲ ဖြစ်ရတယ်၊ တော်တော်လေးမတရားတာပဲ’ လို့ ရေးသားခဲ့တာကိုလည်း သူမက အခုလို တုံ့ပြန်ခဲ့ပါတယ်။




ဘာကြောင့်လဲ ဆိုတာတော့ ကျမ မသိဘူး၊ နားလည်း မလည်ဘူး၊ ဒါပေမယ့် ဘုရားသခင်ဆီကနေ သိပ်မကြာခင် အဖြေရမယ်လို့ ထင်ပါတယ်၊ သူက ကျရှုံးသွားမှာ မဟုတ်ပါဘူး၊ စောင့်ကြည့်နေလိုက်’ လို့ ပြန်လည် ရေးသားခဲ့ပါတယ်၊ ဒီနောက် ပွဲအပြီးမှာ သူမက  အင်စတာဂရမ် စတိုရီမှာ ‘ဂုဏ်ယူပါတယ်။




ပေါ်တူဂီ ရော်နယ်ဒိုက အမြဲတမ်း ဒီလိုဖြစ်နေမှာ မဟုတ်ဘူး ဆိုတာ မှန်ပါတယ်။ ကံမကောင်းစွာနဲ့ သူ ဂိုးမသွင်းနိုင်ခဲ့ဘူး၊ အခု သူက အသက်ကြီးနေပြီ၊ ပေါ်တူဂီက သူ့ကို မလိုအပ်တော့ဘူး၊ လက်ခုပ်တီးနေတဲ့ အီမိုဂျီတွေနဲ့ အတူ ရေးခဲ့တာပါ၊ ကျမတို့ ကြားခဲ့ရတာတွေ အားလုံးကို ကျမတို့ ပြောဖြစ်ခဲ့တယ်၊ သူလုပ်ခဲ့သမျှက အရေးမကြီးတော့ဘူး။

သူလုပ်ခဲ့သမျှအားလုံးကို မေ့ပစ်သွားကြပါပြီ။ သူက ဘာကို တောင်းပန်မှာလဲ၊ ငါတို့ လိုချင်တဲ့ဟာကို ငါတို့ လုပ်နိုင်တယ်၊ ဒီလောက်ထိ အများကြီး ပေးဆပ်ခဲ့တဲ့ သူကို အရှက်ခွဲခဲ့တာက ဝမ်းနည်းစရာပဲ၊ ဒါပေမယ့် နောက်ပိုင်းမှာ ကျမတို့

အများကြီး ပိုမြင်ရဦးမှာပါ။ လို့ ရေးသားသွားခဲ့ပါတယ်၊ ရော်နယ်ဒို ကတော့ လာမယ့် မော်ရိုကိုနဲ့ ကွာတားဖိုင်နယ် ပွဲမှာလည်း အရန်ခုံမှာသာ ဆက်လက် ထိုင်နေရဖွယ် ရှိနေပါတယ်။

credit