မန်ချက်စတာ ယူနိုက်တက် မှာ ကစားရတာ အင်္ဂလန်မှာ ကစားရတာထက် ပြစ်တင်ရှုံ့ချခံရကြောင်း ထုတ်ပြောလာတဲ့ ကြယ်တစ်ပွင့်

ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားနေတဲ့ ဟယ်ရီ မက်ဂွိုင်းယား က သူဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကစားရခြင်းဟာ အင်္ဂလန်မှာ ကစားရခြင်းထက် ပိုပြီး ဝေဖန်မှု ခံရကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။




အင်္ဂလန် အသင်းဟာ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ လေးပွဲ ကစားရာ မက်ဂွိုင်းယားဟာ ပွဲစဉ် အားလုံးကို ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားထားပြီး ဂိုးမပေးရတဲ့ ပွဲစဉ် သုံးပွဲ အထိ ရှိထားပါတယ်။




မက်ဂွိုင်းယားဟာ ကလပ်အသင်း အဆင့်မှာ ရုန်းကန်နေရပြီး ပြီးခဲ့သည့် တစ်ရာသီခွဲခန့်က များစွာ ဝေဖန်ခြင်း ခံခဲ့ရသလို မန်ချက်စတာ ယူနိုက်တက် ပွဲထွက် ကစားသမား နေရာကိုလည်း ဗာရန်းနဲ့ မာတီနက်ဇ် တို့ကို




ပေးခဲ့ရတာ ဖြစ်ပါတယ်၊ ယခုတော့ မန်ချက်စတာ ယူနိုက်တက်မှာ ကစားရတာ အင်္ဂလန်မှာထက် ပိုပြီး ဝေဖန်ခံရလို့ ၎င်းက ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။ ကျနော် ဘာပဲလုပ်သည် ဖြစ်ပါစေ ဆန်းစစ်မယ့်သူတွေ ရှိနေတယ်။




ဂိုးပေးလိုက်ရတာနဲ့ ခံစစ်မှူးအပြစ် ဖြစ်သွားရော၊ နောက်ဆုံး တစ်နှစ်က မန်ချက်စတာ ယူနိုက်တက်မှာ ကျွန်တော် အတွက် အရမ်းကို ခက်ခဲပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းသား အားလုံးက ခြေစွမ်းမမှန် ဖြစ်ခဲ့ပြီး အများကြီး ဝေဖန်သံတွေ ကြားခဲ့ရတယ်။




ဒီထဲမှာ အဆိုးဆုံး ဝေဖန်ခံရတာတော့ ကျနော်ပါပဲ။ လို့ ဟယ်ရီ မက်ဂွိုင်းယား က ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာသီအစ နှစ်ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ အဲရစ် တန်ဟက် က




အခြေအနေကို ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ပေမယ့် ဟယ်ရီ မက်ဂွိုင်းယား ကတော့ ပွဲထွက် ကစားသမား နေရာကို ဆုံးရှုံးရပြီး ယခုကဲ့သို့ ခြေပြန် မှန်လာခြင်းကို ကျေနပ်မိကြောင်း အသင်းတွင် နေရာ ပြန်ရရန် အတွကမလည်း ကြိုးစားသွားမည် ဖြစ်ကြောင်း ဆိုပါတယ်။

မက်ဂွိုင်းယားရဲ့ အင်္ဂလန်အသင်းဟာ စနေနေ့မှာ ပြင်သစ်နဲ့ ကစားရန် ရှိနေပြီး မက်ဂွိုူင်းယား က ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားရန် အလားအလာ များနေပါတယ်။

credit