ကာဒစ်ဇ်ကို ဂိုးပြတ်ရှုံးလို့ လက်ခံနိုင်စရာ မရှိကြောင်း အဲရစ်တန်ဟက်ဂ် ထုတ်ပြော

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန် ကလပ် ကာဒစ်ဇ် နဲ့ ခြေစွမ်းပွဲမှာ 4-2 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ ပြီးနောက် ကစားသမားတွေကို ဒေါသထွက်နေကြောင်း သိရပါတယ်။




Manchester United က ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေစဉ် ကာလ အတွင်းမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲဆီ မသွားရတဲ့ စီနီယာ ကစားသမားတွေနဲ့ တက်သစ်စ လူငယ် ကစားသမားတွေကို စပိန်နိုင်ငံမှာ လေ့ကျင့်ခန်း ဆင်းနေတာ ဖြစ်ပြီး စပိန်နိုင်ငံ အတွင်းမှာပဲ ကလပ်အသင်း တချို့နဲ့




ခြေစမ်းပွဲတွေ ကစားဖို့ စီစဉ်ထားတာပါ။ ယနေ့မနက် အစောပိုင်းမှာ ပထမဦးဆုံး ခြေစမ်းပွဲ အဖြစ် လာလီဂါရဲ့ အလယ်အလတ် အသင်းတသင်း ဖြစ်တဲ့ ကာဒစ်ဇ် နဲ့ ယှဉ်ပြိုင် ကစားခဲ့ပြီး အဆိုပါ ပွဲမှာ အိမ်ရှင် ကာဒစ်ဇ် က မန်ချက်စတာ ယူနိုက်တက် ကို ပထမပိုင်းမှာ နှစ်ဂိုး




ဒုတိယပိုင်းမှာ နှစ်ဂိုး သွင်းကာ 4-2 ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရ ရှိသွားခဲ့ ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က မာရှယ်၊ တွမ်မီနေး၊ ဗန်ဒီဘိခ်၊ လင်ဒီလော့ဖ်၊ ဝမ် ဘစ္စကာ၊ အီလန်ဂါ၊ ဒူဗရက်ကာ၊ ဘရန်ဒန် ဝီလီယံ စတဲ့ စီနီယာ ကစားသမားတွေကို




လူငယ် ကစားသမားတွေနဲ့ အချိုးကျ တွဲဖက်ပြီး ပွဲထုတ်ခဲ့ပေမယ့် သူတို့ရဲ့ ကစားပုံဟာ ပုံမှန်အောက်ကို ရောက်နေခဲ့ပြီး ကွင်းလယ်က ပွဲကို မထိန်းချုပ် နိုင်ခဲ့သလို ခံစစ်ကြောင်းကလည်း လျော့တိလျော့ရဲ ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်ဂ် က




ပွဲ ပြီးဆုံးချိန်မှာ သူတို့ အသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်ကို တာဝန်ယူခဲ့တဲ့ ကစားသမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး သူတို့ အသင်းဟာ အခုလိုမျိုး ကစားပုံတွေကို လက်ခံနိုင်စရာ မရှိကြောင်း ဆိုလိုက်ပါတယ်။ အဲရစ် တန်ဟက်ဂ် က- ဒီနေ့ပွဲမှာ ကျွန်တော်တို့ တက်တက်ကြွကြွ မရှိခဲ့တာ အားလုံး မြင်ကြပါလိမ့်မယ်။




ကျွန်တော်တို့ ပွဲရဲ့ ပထမပိုင်း 15 မိနစ် အတွင်းမှာ အတော်လေးကို အသက်မဲ့နေ ခဲ့တာပါ၊ တဘက် အသင်းကတော့ ကျွန်တော်တို့ကို တိုက်စစ်၊ ခံစစ် မြန်မြန်ဆန်ဆန် ကူးပြောင်းမှုတွေနဲ့ ဒုက္ခပေး သွားခဲ့ပါတယ်၊ သူတို့ရဲ့ ဒုတိယဂိုး ကလည်း ကျွန်တော်တို့ ခံစစ်ကြောင်းရဲ့ မတက်ကြွမှုနဲ့




အာရုံစူးစိုက်မှု လျော့နည်း တာတို့ကြောင့် ရသွားခဲ့တဲ့ ဂိုးပါ၊ ပြီးတော့ ကျွန်တော်တို့ရဲ့ ကွင်းလယ် က လိုအပ်တဲ့ ပမာဏ အထိ ပြေးလွှားတာမျိုး မလုပ်ခဲ့ပါဘူး၊ ကျွန်တော် ကတော့ ဒီလို စွမ်းဆောင်ရည်မျိုးကို လုံးဝ လက်မခံနိုင်ပါဘူး၊ ဒီ စွမ်းဆောင်ရည်က လက်ခံနိုင်စရာ မရှိတဲ့ စွမ်းဆောင်ရည်မျိုးပါ။ လို့ ပျင်းရိနေတဲ့ သူ့ရဲ့ ကစားသမားတွေကို ဆူငေါက်သွား ခဲ့တာပဲ ဖြစ်ပါတယ်။

credit