ပေါ်တူဂီ အသင်းမှ နှုတ်ထွက်မည်ဟု ခြိမ်း‌ခြောက် ပြောဆိုလိုက်ပြီ ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို

ဆွစ်ဇာလန် အသင်းကို 6-1 ဖြင့် အနိုင် ရရှိသည့် ပွဲတွင် ပေါ်တူဂီ အသင်း၌ ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခွင့် မရခြင်းကြောင့် ရော်နယ်ဒို က ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပေါ်တူဂီ အသင်းမှ နုတ်ထွက်ရန်




ခြိမ်းခြောက်ခဲ့ကြောင်း ဗြိတိန်ရှိ သတင်းစာ တစ်စောင်က ထုတ်ဖော် ရေးသားသွားခဲ့ပါတယ်။ ၃၇ နှစ်အရွယ် ရော်နယ်ဒိုဟာ လက်ရှိ ကမ္ဘာ့ဖလားတွင် ခြေစွမ်း ပြနိုင်ခြင်း မရှိ ဖြစ်နေပြီး ကာတာ ကမ္ဘာ့ဖလားတွင် တစ်ဂိုးသာ သွင်းယူထားနိုင်ကာ




ရော်နယ်ဒိုက ဖျက်မြင်း အဖြစ် နာမည်ကြီးနေတဲ့ မော်ရိုကို အသင်းနှင့် ရင်ဆိုင်ရသော ကွာတားဖိုင်နယ် ပွဲစဉ်တွင်လည်း အရန်အဖြစ်သာ နေရာရနိုင်ကြောင်း သတင်းများ ထွက်နေပါတယ်။




ရော်နယ်ဒိုဟာ ဂါနာကို ပေါ်တူဂီက 3-2 ဖြင့် အနိုင် ရသည့် ပွဲတွင် ပင်နယ်တီ သွင်းဂိုး တစ်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ထို့နောက်ပိုင်းတွင် ဂိုးမရဘဲ ရုန်းကန်နေရသလို အုပ်စုနောက်ဆုံး ပွဲစဉ်တွင်လည်း လူစားလဲခံရပြီးနောက် ဆဲရေးခဲ့သည်ဟု




သတင်း ထွက်လာကာ နည်းပြချုပ် ဆန်းတို့စ် နှင့်လည်း ဆက်ဆံရေး အေးခဲမှု ရှိလာနိုင်ကြောင်း သတင်းများက ဆိုပါတယ်။ ပေါ်တူဂီဟ ဆွစ်ဇာလန်ကို 6-1 ဖြင့် အနိုင်ရသည့် ပွဲပြီးသည့် အချိန်တွင်




ရော်နယ်ဒိုက အခြား အသင်းသားများနှင့် အတူ ကွင်းအတွင်း အောင်ပွဲခံခြင်း မပြုပဲ ပွဲပြီးသည်နှင့် ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီ နည်းပြချုပ် ဆန်းတို့စ်နှင့် တံခါးပိတ် ဆွေးနွေးပြီးနောက် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်




ပေါ်တူဂီ အသင်းကို စွန့်ခွာရန် ပြောဆိုခြင်းများ ရှိကြောင်း မီဒီယာများက ဖော်ပြခဲ့ပါသေးတယ်။ ရော်နယ်ဒိုဟာ ဆန်းတို့စ်နှင့် ဆွေးနွေးခဲ့ကြောင်း ပွဲထွက် ကစားသမား စာရင်းမှ ချန်လှပ်ထားခြင်း ခံရသဖြင့်




သူ့အနေဖြင့် မကျေနပ်ဟု ရော်နယ်ဒိုက ပြောခဲ့ကြောင်း ပေါ်တူဂီ အသင်းမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက် ပြောဆိုခြင်းများ ရှိကြောင်း မီဒီယာများက ဖော်ပြသည်၊ ထိုသို့ အသင်းမှ နုတ်ထွက်ခဲ့ပါက ကမ္ဘာ့ ဘောလုံလောက အတွက်




တုန်လှုပ်စရာ တစ်ခု ဖြစ်လာနိုင်ကြောင်းလည်း မီဒီယာများက ဆက်လက် ဖော်ပြသည်။ ဆန်းတို့စ်က ဆွစ်ဇာလန်နှင့် ပွဲတွင် ရော်နယ်ဒိုကို ဖယ်ပြီး ၎င်း၏ နေရာတွင် လူသစ် တိုက်စစ်မှူး တစ်ဦး ဖြစ်သူ ဂွန်ဆာလို ရာမို့စ် ကို အသုံးပြုခဲ့ပြီး ရာမို့စ် က

အဆိုပါ ပွဲတွင် ဟက်ထရစ် သွင်းပြီး ကာတာ ကမ္ဘာ့ဖလားတွင် ပထမဆုံး ဟက်ထရစ် သွင်းယူနိုင်သူ ဖြစ်လာခဲ့ပါတယ်၊ ဘင်ဖီကာ အသင်း တိုက်စစ်မှူး ရာမိုစ့် ဟာ စနေနေ့တွင် မော်ရိုကို အသင်းနှင့် ကစားမည့် ပွဲ၌ ၎င်း၏ ပွဲထွက်နေရာကို ဆက်လက် ထိန်းထားမည် ဖြစ်ကြောင်း သတင်းထွက်ပေါ်နေသည်။

credit