မန်ချက်စတာ ယူနိုက်တက် နဲ့ ၎င်းရဲ့ အပြောင်းအရွှေ့ အစီအစဉ်ကို ထုတ်ပြောလာတဲ့ ဂက်ပို

ပီအက်ဗွီ အသင်းနဲ့ နယ်သာလန် လက်ရွေးစင် အသင်းတို့ရဲ့ တောင်ပံံ တိုက်စစ် ကစားသမား ဖြစ်သူ ကိုဒီ ဂတ်ပို က Manchester United အသင်းထံမှ ကမ်းလှမ်းမယ် ဆိုတဲ့ အသံမျိုး မကြားမိသေးကြောင်း တကယ် ရောက်လာ ရင်တော့ တွေးတောသွားဖို့ ရှိကြောင်း ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။




ဂတ်ပိုက ပြီးခဲ့တဲ့ နွေတည်းက Manchester United အသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့သူ ဖြစ်ပြီး နည်းပြ အဲရစ် တန်ဟက်ဂ် နဲ့လည်း စကားပြောဖြစ်ခဲ့ကြောင်း ဝန်ခံထားခဲ့သူ ဖြစ်ပါတယ်၊ ဒါပေမဲ့ ပီအက်ဗွီ အသင်းဘက်က ဒီအခွင့်အရေးကို ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် Manchester United အသင်းက Erik Ten Hag ရဲ့




တပည့်ဟောင်း အန်တိုနီကို ပေါင် 85 သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူခဲ့ပြီးနောက် ဂတ်ပိုရဲ့ သတင်းတွေက ငြိမ်သက်သွားခဲ့ပါတယ်၊ အဆိုပါ သတင်းဟာ ယခုတော့ အလှည့်အပြောင်း ဖြစ်သွားခဲ့ပါပြီ။ ဒီလို ဖြစ်စေခဲ့သူကတော့




ပီယာ့စ် မော်ဂန်နဲ့ အင်တာဗျူး လုပ်ပြီး မန်ချက်စတာ ယူနိုက်တက် နဲ့ လမ်းခွဲခဲ့ရတဲ့ ရော်နယ်ဒိုကြောင့် ဖြစ်ပါတယ်၊ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ လမ်းခွဲခဲ့ပြီးနောက် Manchester United ဟာ ဒီနေရာကို အင်အား ဖြည့်တင်းဖို့ လူလိုနေပြီလည်း ဖြစ်ပါတယ်။ အခြား တဘက်မှာတော့




တိုက်စစ်ပိုင်းမှာ နေရာစုံ ကစားနိုင်တဲ့ ဂတ်ပို ဟာလည််း ပီအက်ဗွီ အတွက် 13 ဂိုးသွင်း၊ 17 ဂိုးဖန်တီးပေးထား နိုင်ခဲ့သလို နယ်သာလန် လက်ရွေးစင် အသင်းမှာလည်း ခြေစွမ်းကောင်း ပြသကာ ကမ္ဘာ့ဖလား သွင်းဂိုး သုံးဂိုးထိ သွင်းယူထား နိုင်ခဲ့ပါပြီ။ ဒါ့ကြောင့် မန်ချက်စတာ ယူနိုက်တက် က




၎င်းကို ပြန်လည် စိတ်ဝင်စား လာခဲ့ပြီး ယခုတော့ ကစားသမား ကိုယ်တိုင်က ဘယ်လို ကမ်းလှမ်းမှုမှ မရှိသေးကြောင်း၊ ရောက်လာရင် လက်ခံ စဥ်းစားဖို့ ရှိကြောင်း အပေါင်း လက္ခဏာ ဆောင်တဲ့ အဖြေကို ပေးခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အကြောင်း တွေးတောခဲ့ပါတယ်။




လက်တွေ့ မဖြစ််လာနိုင်ခဲ့ တဲ့နောက် ဘာမှ မသိတော့ဘူး ဖြစ်သွားတယ်၊ ဒါ့အပြင် သံသယစိတ်တွေ စတင်် ဖြစ်ပေါ်လာခဲ့ပြီး လိဒ် ယူနိုက်တက် က ကမ်းလှမ်းခဲ့ပါတယ်၊ သွားသင့်လားဆိုတဲ့ အတွေးမျိုး ဖြစ်လာခဲ့တယ်။ အခုတော့ ကျွန်တော်ဟာ အရာရာတိုင်းကို စောင့်ဆိုင်းနေပါပြီ။




Manchester United ဆီကတော့ ယခုထိ ဘာမှ မကြားရသေးပါဘူး၊ ရောက်လာရင်တော့ ဒီအကြောင်းကို ထည့်သွင်း စဥ်းစားမှာပါ၊ ဒီကိစ္စမှာ နတ်ဘုရားတွေရဲ့ အကူအညီ ရဖို့ မျှော်လင့်ပါတယ်။ လို့ ဂတ်ပိုက ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

credit