ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ ပျံ့နှံ့နေပြီး ယခုတော့ စပိန် အခြေစိုက် သတင်းဌာနက အသင်းသစ်ကို အတည်ပြုသွားခဲ့ပါပြီ

ဆော်ဒီ ကလပ် အယ်လ်နာဆာ နဲ့ သဘောတူညီမှု ရရှိခဲ့ပြီ ဆိုတဲ့ သတင်းတွေကို မဟုတ်မှန်ဘူးလို့ ရော်နယ်ဒို က ငြင်းဆန်ခဲ့ပေမယ့် ပေါ်တူဂီသား ကြယ်ပွင့်ရဲ့ အနာဂတ်ဟာ ဆော်ဒီမှာသာ ရှိတယ်လို့ စပိန် သတင်းစာ




Marca မှ သတင်းထောက်တဦး ဖြစ်သူ Jose Felix Diaz က Goal ကို ဖွင့်ဟခဲ့ပါတယ်။ ရော်နယ်ဒို ဟာ အယ်လ်နာဆာ မှာ တနှစ်ကို ယူရို သန်း ၂၀၀ ထိ ရရှိမယ်လို့ သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။




မန်ချက်စတာ ယူနိုက်တက် နဲ့ လမ်းခွဲခဲ့ ပြီးနောက် အသင်းလက်မဲ့ ဖြစ်သွားတဲ့ ရော်နယ်ဒို ဟာ ကမ္ဘာ့ဖလား အပြီးမှာ ကာတာကနေ ဆော်ဒီကို တခါတည်း သွားရောက် လိမ့်မယ်လို့ပါ အားလုံးက ခန့်မှန်းနေကြတာပါ။




၃၇ နှစ်အရွယ် ကစားသမားကို ဆော်ဒီ အင်အားကြီး အသင်း နှစ်သင်းက အပြိုင် စိတ်ဝင်စားနေပြီး အယ်လ်နာဆာ က ပိုမို အခွင့်အရေး သာနေတယ်လို့ သိရပါတယ်။ ခရစ္စတီယာနို က သူ့ရဲ့ ကမ္ဘာ့ဖလား နောက်ဆုံး နေ့ရက်တွေကို




ဖြတ်သန်းနေပြီး ပေါ်တူဂီ ကလည်း ပြိုင်ပွဲမှာ ရှိနေပါသေးတယ်၊ ဒါပေမယ့် သူ့ရဲ့ အနာဂတ်ကို သူ သိထားပြီး ဆော်ဒီ ဘောလုံး လောကထဲမှာ ရှိနေပါတယ်၊ အာရပ် အသင်းနဲ့ သဘောတူညီမှုက အလုံးစုံ ပြီးမြောက်ပြီး အတိအကျပါပဲ။




အခုက လက်မှတ်ထိုးဖို့ပဲ လိုတော့တာပါ၊ အဲဒီကိုသွားပြီး ဒီအသင်းက ဘယ်လိုလဲ ဆိုတာကို တွေ့ပြီးရင် သူ ဆုံးဖြတ်ပြီး လက်မှတ် ထိုးရုံပါပဲ၊ ဒီအသင်းက ဆော်ဒီ ဘောလုံးလောကကို လွှမ်းမိုးဖို့ ကြိုးစားနေပြီး ကြီးထွားလာ နေတဲ့အသင်းပါ။




စာချုပ်က ၂ နှစ်ခွဲပါ၊ သူက ကစားခနဲ့ ကြော်ငြာခတွေ အများကြီးရမှာ ဖြစ်ပြီး တစုံတရာ ပြောင်းလဲမှု မရှိရင် သူ့အတွက် ရှုပ်ထွေးတဲ့ ကာလတွေ ပြီးသွားရင် ကမ္ဘာ့ဖလား ပြိုင်ပွဲ ပြီးသွားရင် Riyadh ကိုသွားပြီး

လက်မှတ်ထိုးဖို့ပဲ လုပ်ရမှာပါ။ လို့ Diaz က ဆိုပါတယ်။ ဒီ အပြောင်းအရွှေ့ဟာ ဇန်နဝါရီလ တည်းမှာပဲ ဖြစ်ပေါ်လာဖို့ ရှိနေကာ လောလော ဆယ်မှာတော့ ကစားသမားက ပေါ်တူဂီ အတွက်ပဲ အာရုံစိုက်နေပါတယ်။

ပေါ်တူဂီဟာ ကွာတားဖိုင်နယ် ပွဲအဖြစ် မော်ရိုကို နဲ့ စနေနေ့မှာ ရင်ဆိုင်ရမှာ ဖြစ်ပြီး ရော်နယ်ဒို ပွဲထွက်ခွင့် ရမလား ဆိုတာ အားလုံး စိတ်ဝင်စားနေကြပါတယ်။

credit