ဂါနာချိုကို စပိန် ကလပ်ဆီ လက်လွှတ်ရဖွယ် ရှိလာတဲ့ မန်ယူ

စပိန် လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် အသင်းဟာ ယခုနှစ် ရာသီ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ တောက်ပနေတဲ့ အာဂျင်တီးနား လူငယ် ကြယ်ပွင့်လေး ဂါနာချို ကို ခေါ်ယူသွားရန် အတွက် စိတ်ဝင်စားနေကြောင်း




စိတ်ချရတဲ့ သတင်း အရင်းအမြစ် တချို့က ဖော်ပြသွားခဲ့ပါတယ်။ ၁၈ နှစ်အရွယ် အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဂါနာချို က ၂၀၂၀ ခုနှစ်မှာ အက်သလက်တီကို မက်ဒရစ် လူငယ် အသင်းမှ မန်ချက်စတာ ယူနိုက်တက် လူငယ် အသင်းဆီ




ပြောင်းရွှေ့ကြေး ယူရို ၄၇၅၀၀၀ နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ မန်ချက်စတာ ယူနိုက်တက် လူငယ် အသင်းတွေမှာ ခြေစွမ်းကောင်းတွေ ပြသထား နိုင်တာကြောင့် ယခုနှစ် ရာသီ အစမှာပဲ နည်းပြ အဲရစ် တန်ဟက်ဂ် ရဲ့ ဖိတ်ခေါ်မှုနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကြီးထံ ရောက်လာခဲ့တာ ဖြစ်ပါတယ်။




ဂါနာချို က တောင်ပံ တိုက်စစ်နဲ့ အထောင် တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး အဲရစ် တန်ဟက်ဂ် ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ၈ ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး နှစ်ဂိုး




သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ထား နိုင်ပါတယ်၊ ဒါကြောင့် ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ နာမည်ကြီး အသင်းတွေက မန်ချက်စတာ ယူနိုက်တက် နဲ့ ဂါနာချို ရဲ့ စာချုပ်သစ် ဆွေးနွေးမှု အခြေအနေကို စောင့်ကြည့် နေကြပြီး အကယ်၍ ဂါနာချို ကသာ




မန်ချက်စတာ ယူနိုက်တက် နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ တွန့်ဆုတ်နေမယ် ဆိုရင် ဂါနာချို ကို ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိနေပါတယ်၊ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Relevo သတင်းဌာနရဲ့ ဖော်ပြချက် အရ ရီးရဲလ်မက်ဒရစ် က ဂါနာချို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အကယ်၍ ဂါနာချို က




သူတို့ အသင်းဆီ ပြောင်းလာဖို့ စိတ်ကူးရှိနေမယ် ဆိုရင် မကြာခင်မှာ ဂါနာချို အတွက် ကမ်းလှမ်းမှု ပြုလုပ်လာနိုင်ကြောင်း သိရပါတယ်။ ဂါနာချို နဲ့ မန်ချက်စတာ ယူနိုက်တက် ကြားမှာ ရှိနေတဲ့ စာချုပ်ဟာ

ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက် အသင်းက ဂါနာချို ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အတွက် အသည်းအသန် ကြိုးစားနေကြောင်း သိရှိရပါတယ်။

credit