ဝင်းတောက် စိုလဲ့နေတဲ့ ပလဲမျက်ရည်စက်တွေနဲ့ အတူ ကမ္ဘာ့ဖလားကို နှုတ်ဆက်ခဲ့ရတဲ့ ဘရာဇီးလ် နဲ့ ခရိုအေးရှား ပွဲမှ ထူးထူးခြားခြား ပြောစရာများ

ခရိုအေးရှား အသင်းဟာ မနေ့ညက extra time မှာ ဒရမ်မာ ဆန်ဆန် ဖြစ်ရပ်တွေနဲ့ အတူ ဘရာဇီးလ် အသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြီး ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်ခဲ့ပါပြီ။ နေမာ ဟာ အချိန်ပိုမှာ ဘရာဇီးလ် အတွက်




ဦးဆောင်ဂိုးကို သွင်းယူနိုင် ခဲ့ပေမယ့် ပက်ကိုဗစ် က ၁၁၇ မိနစ်မှာ ပြန်လည် ချေပကာ ပင်နယ်တီ အဆုံးအဖြတ်ကို ရောက်စေခဲ့တာ ဖြစ်ပြီး ပင်နယ်တီ မှာတော့ ခရိုအေးရှား က ၄-၂ နဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။




(၁) အထ နှေးတဲ့ ဘရာဇီးလ်

ပြီးခဲ့တဲ့ အဆင့်က တောင်ကိုရီးယား ကို ပထမပိုင်းမှာ ၄-၀ နဲ့ နိုင်ခဲ့ပေမယ့် တီတေး ရဲ့ အသင်းဟာ ပုံစံကောင်းကို ခရိုအေးရှားနဲ့ ပွဲဆီ ယူမလာနိုင်ခဲ့ပါဘူး၊ ကမ္ဘာ့ဖလား ငါးကြိမ် ချန်ပီယံဟာ ခရိုအေရှား ခံစစ်ကို ဖြိုခွင်းဖို့ အတွက် ခက်ခဲခဲ့ပြီး ပထမပိုင်းမှာ အခွင့်အရေး ရရှိမှု နည်းပါးခဲ့ပါတယ်။




ဗီနီရှက် ဂျူနီယာ ဟာ ပထမပိုင်းမှာ အကောင်းဆုံး အခွင့်အရေးကို ရခဲ့ပြီး ရစ်ချာလဆင် နဲ့ one two ရိုက် ကန်သွင်းခဲ့တဲ့ ဘောလုံးကို ဒီပြိုင်ပွဲမှာ ပုံစံ ပြသနေတဲ့ ဂဗာဒီအော က အကောင်းဆုံး ပိတ်ဆို့သွားခဲ့ပါတယ်။ ဘရာဇီးလ်ရဲ့ ခြိမ်းခြောက်နိုင်မှု နည်းပါးခဲ့ခြင်း အပေါ် အံ့အားသင့်နေကြမှာ ဖြစ်ပေမယ့်




တကယ်တော့ တီတေး ရဲ့ အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ပွဲစဉ် ခုနှစ်ပွဲမှာ ခြောက်ပွဲက ပထမပိုင်း သွင်းဂိုးကို မရယူနိုင်ခဲ့ပါဘူး၊ ဒါ့ကြောင့် ပထမပိုင်း ဂိုးမရှိ သရေကျခဲ့မှုက အထူးအဆန်း မဟုတ်ခဲ့ပါဘူး။




(၂) အထူး ခြေစွမ်း ပြခဲ့တဲ့ ဂျူရာနိုဗစ်

ဆဲတစ် နောက်ခံလူ ဂျူရာနိုဗစ် ဟာ ဒီ ကမ္ဘာ့ဖလားမှာ ခရိုအေးရှား အတွက် ပုံမှန် ကစားခွင့် ရရှိသူ ဖြစ်ပြီး ခြေစွမ်းလည်း ပြသနိုင်ခဲ့ပါတယ်၊ ၂၇ နှစ်အရွယ် ကစားသမားဟာ ဒီ ပုံစံကောင်းကို ဘရာဇီးလ်နဲ့ ပွဲဆီ ယူဆောင်လာခဲ့ပြီး အထူးသဖြင့် ပထမပိုင်းမှာ တအားကို ကောင်းခဲ့ပါတယ်။ ဂျိုဗာနိုဗစ် ဟာ




ဒါနီလို ကို ခက်ခဲတဲ့ အချိန်တွေ ပေးစွမ်းခဲ့ပြီး ဂျူဗင်တပ်စ် စတားဟာ တိုက်စစ်ပိုင်း လိုက်ပါ ပံ့ပိုးတဲ့ ၎င်းကို ရပ်တန့်ဖို့ ခက်ခဲခဲ့ပါတယ်၊ ဗီနီရှက်ကလည်း ခရိုအေးရှား နောက်ခံလူကို ကျော်ဖြတ်ဖို့ အတွက် ရုန်းကန်ခဲ့ရပြီး ဂျူရာနိုဗစ် ရဲ့ ပုံစံကောင်းကြောင့် ရီးရဲလ် စတားဟာ ဒုတိယပိုင်း မိနစ် ၆၀ အကျော်မှာပဲ လူစားလဲ ခံခဲ့ရပါတယ်။




(၃) ကတ်စမဲရိုး နဲ့ ပြန်လည် တွေ့ဆုံမှုမှာ အသာ ရခဲ့တဲ့ မိုဒရစ်

ကစားသမား နှစ်ဦးလုံး ပြီးခဲ့တဲ့ ၁၀ စုနှစ် အတွင်း ဆုဖလားပေါင်း များစွာ သိမ်းပိုက်နိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ရဲ့ အဓိက အစိတ်အပိုင်းတွေ ဖြစ်ခဲ့ကြပြီး ပြီးခဲ့တဲ့ နွေရာသီက မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွေ့ခဲ့တဲ့ ကတ်စမဲရိုး ဟာ နောက်ဆုံးမှာ အသင်းဖော်ဟောင်း မိုဒရစ်နဲ့ Education City stadium မှာ




ပြန်လည် တွေ့ဆုံခဲ့ ကြပါတယ်၊ မိုဒရစ်ဟာ ပထမပိုင်းမှာ ကတ်စမဲရိုး အပေါ် အသာရခဲ့ ပေမယ့် ဒီ နှစ်ဦးဟာ ပထမပိုင်း အပြီးမှာ အင်္ကျီချင်း လဲခဲ့ကြပါတယ်၊ မိုဒရစ် ဟာ တစ်ပွဲလုံး တည်ငြိမ်တဲ့ ကွင်းလယ် စွမ်းဆောင်ရည်နဲ့ အတူ ကွင်းလယ် ဗဟိုကနေ ပွဲကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။




ဒါဟာ မိုဒရစ် အတွက် နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲ ဖြစ်ပြီး လက်ရှိမှာ ဘရာဇီးလ်လို အသင်းကို ကျော်ကာ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက် နိုင်ခဲ့တာကြောင့် ဘာမဆို ဖြစ်သွားနိုင်ပြီး နိုင် ငံအသင်းနဲ့ လှပတဲ့ လမ်းခွဲမှုကို ရယူနိုင်မလား ဆိုတာကတော စိတ်ဝင်စာဖွယ် ကောင်းပါတယ်။




(၄) အထူး လက်စွမ်း ပြခဲ့ပြန်တဲ့ လီဗာကိုဗစ်

ဘရာဇီးလ်ဟာ ပွဲချိန် အများစုမှာ ခရိုအေးရှား အသင်းကို ခြိမ်းခြောက်နိုင်မှု နည်းပါးပေမယ့် အနည်းငယ်တော့ ခရိုအေးရှား နောက်တန်းကို ချိုးဖျက်နိုင်ခဲ့ပါတယ်၊ ဒီနမိုဇာဂရက်ဇ် ဂိုးသမားနဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်၊ လီဗာကိုဗစ် ဟာ နေမာ၊ ပါကေတာ တို့ရဲ့ ကန်ချက်တွေ အပါအ၀င်

key save 11 ကြိမ် လုပ်ပေးနိုင်ခဲ့ပါတယ်၊ ပင်နယ်တီ အဆုံးအဖြတ်မှာလည်း ၎င်းက ပုံစံကောင်း ဆက်လက် ယူဆောင် လာနိုင်ခဲ့ပြီး ရိုဒရီဂို ရဲ့ ကန်ချက်ကို ကာကွယ်ပေး ခဲ့ကာ ခရိုအေးရှား ကို ဆီမီးဖိုင်နယ်ကို တက်ရောက်စေခဲ့ပါတယ်။

(၅) ဟီးရိုး ဖြစ်ခဲ့ပေမယ့် ကမ္ဘာ့ဖလား အိမ်မက်နဲ့ ဝေးခဲ့ရတဲ့ နေမာ

နေမာ ဟာ လာမယ့် ကမ္ဘာ့ဖလားမှာ အသက် ၃၄ နှစ် ရှိနေမှာ ဖြစ်ပြီး ဒီ ကမ္ဘာ့ဖလားကို ပြခန်းထဲ ထည့်သွင်းချင်နေတဲ့ ၎င်းရဲ့ အိမ်မက်က တစ်ဖြည်းဖြည်း ဝေဝါးလာ ခဲ့ပါတယ်၊ နေမာ ဟာ တစ်ပွဲလုံး ငြိမ်သက် နေခဲ့ပေမယ့်လည်း အချိန်ပိုမှာ ၎င်းရဲ့ magic ကို မြင်တွေ့ခဲ့ရပြီး ဘရာဇီးလ် အတွက် ဦးဆောင်ဂိုးကို တွဲလုံးတွေ အလိမ်အခေါက်တွေနဲ့ လှပစွာ ကန်သွင်းယူခဲ့ပါတယ်။

ဒီဂိုးဟာ ဂန္တ၀င် ပီလီရဲ့ နိုင်ငံ အတွက် သွင်းဂိုး အများဆုံး စံချိန်ကို လိုက်မှီခဲ့ပေမယ့် တောင်အမေရိက ကလပ်ဟာ လက်ကျန် ပွဲချိန်တွေမှာ ခရိုအေးရှား ကို မထိန်း နိုင်ခဲ့ဘဲ ချေပဂိုး ပြန်ပေးခဲ့ရပါတယ်၊ ပင်နယ်တီ အဆုံးအဖြတ် မှာတော့ ဘရာဇီးလ် တို့ ရှုံးနိမ့်သွားခဲ့ပြီး နေမာရဲ့ ဒီတစ်ကြိမ် ကမ္ဘာ့ဖလား အိမ်မက်သည်လည်း ပျက်စီး ပျောက်ရှ သွားခဲ့ရပါတယ်။

(၆) Extra time expert ခရိုအေးရှား

ဘရာဇီးလ်နဲ့ အချိန်ပိုထိ ကစားရမယ့် အခြေအနေ အပေါ် ခရိုအေးရှားက welcome ဖြစ်နေမှာပါ၊ ခရိုအေးရှား ဟာ နောက်ဆုံး ကစားခဲ့တဲ့ ရှုံးထွက်ပွဲစဉ် ကိုးပွဲမှာ ရှစ်ပွဲက အချိန်ပိုထိ ရောက်ခဲ့ပြီး ၂၀၁၈ ရုရှား ကမ္ဘာ့ဖလား မှာလည်း သုံးပွဲက အချိန်ပိုထိ ကစားခဲ့ရတာ ဖြစ်ပါတယ်။ယ၊ ပြီးခဲ့တဲ့ အဆင့်က ဂျပန်ကို

ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ယူပြီး ကွာတား တက်လာခဲ့တဲ့ ခရိုအေးရှား ဟာ အချိန်ပိုမှာ နေမာရဲ့ သွင်းဂိုးကြောင့် မှတ်တမ်းကောင်း ကျိုးပျက်လု နီးပါး ဖြစ်ခဲ့ပေမယ့် ပွဲပြီးဖို့ သုံးမိနစ် အလိုမှာ ပက်ကိုဗစ်က ချေပဂိုး ပြန်လည် ရယူပေးခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ထိ ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

credit