ရော်နယ်ဒိုနဲ့ ထိပ်တိုက် စကားဆိုနေရကြောင်း ဖွင့်ဟကာ နည်းစနစ် အရ ရော်နယ်ဒိုက အရန်ခုံမှာ ရှိသင့်ကြောင်း ပေါ်တူဂီ နည်းပြ ထုတ်ပြော

2022 ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပေါ်တူဂီ အသင်းရဲ့ နည်းပြချုပ် ဖြစ်သူ ဆန်းတို့စ် က အသင်းခေါင်းဆောင် ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို ကို လာမယ့် ပွဲတွေမှာ အရန် တိုက်စစ်မှူး အဖြစ်သာ အသုံးပြုတော့ဖို့ စဉ်းစားထားကြောင်း




နောက်ဆုံး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီ အသင်းဟာ တောင့်တင်းတဲ့ လူစာရင်းနဲ့ အားကောင်းတဲ့ တိုက်စစ် စွမ်းဆောင်ရည်ကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက်




ရေပန်းအစားဆုံး အသင်းတွေထဲက တသင်း ဖြစ်ပြီး ပြီးခဲ့တဲ့ 16 သင်း ရှုံးထွက် အဆင့်မှာလည်း ကစားရခက်တဲ့ ဆွစ်ဇာလန်ကို 6- နဲ့ ဂိုးပြတ် အနိုင်ရထားပါတယ်။ ဒါကြောင့် ပေါ်တူဂီဟာ ယနေ့ညမှာ ကစားမယ့် မော်ရိုကို နဲ့ ကွာတားဖိုင်နယ်




ပွဲမှာ အနိုင်ရမယ့် အသင်း အဖြစ် ရေပန်းစားနေပြီး ပေါ်တူဂီ နည်းပြ ဆန်းတို့စ်က မော်ရိုကို နဲ့ ပွဲမှာ ရော်နယ်ဒို ကို ပွဲထွက် ကစားသမား အဖြစ် သုံးမလား? မသုံးဘူးလား? ဆိုတာဟာ ပေါ်တူဂီ ပရိသတ်တွေ သိချင်နေကြတဲ့ အကြောင်းအရာလည်း ဖြစ်ပါတယ်။




ရော်နယ်ဒိုဟာ ပေါ်တူဂီ အသင်းရဲ့ ထာဝရ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပေမယ့် ဆန်းတို့စ် က ပြီးခဲ့တဲ့ ပေါ်တူဂီ 6-1 ဆွစ်ဇာလန် ပွဲမှာ ရော်နယ်ဒို ကို အရန်တိုက်စစ်မှူး အဖြစ်သာ အသုံးပြုခဲ့ပြီး အဆိုပါ ပွဲမှာ




ရော်နယ်ဒို မပါဝင်တဲ့ ပေါ်တူဂီ ရဲ့ တိုက်စစ်ဟာ အတော်လေးကို လျင်မြန်သလို၊ နေရာစုံ ထောင့်စုံ ကနေ ပြိုင်ဘက်ရဲ့ ခံစစ်ကြောင်းကို ထိုးဖောက်နိုင်စွမ်း ရှိခဲ့ပါတယ်။ ပေါ်တူဂီန ည်းပြ ဆန်းတို့စ် က ပေါ်တူဂီ နဲ့ မော်ရိုကို ပွဲစဉ် မတိုင်မီ ပြုလုပ်ခဲ့တဲ့




အင်တာဗျူးမှာ ရော်နယ်ဒို မပါဝင်တဲ့ ပေါ်တူဂီရဲ့ တိုက်စစ်ပိုင်းကို ပိုမို သဘောကျကြောင်း၊ အသက်အရွယ် ရလာတဲ့ ရော်နယ်ဒို ကလည်း လူစားဝင် တိုက်စစ်မှူး အဖြစ် ဝင်ရောက် ကစားရင် ခွန်အားအပြည့်နဲ့ ကစားနိုင်တာကြောင့် ၎င်းကို အရန် တိုက်စစ်မှူး အဖြစ် အသုံးပြုတာက သင့်တော်တဲ့ နည်းစနစ်တခု ဖြစ်ကြောင်း ဆိုလိုက်ပါတယ်။




ကျွန်တော် သူ့ကို ပွဲထွက် ကစားသမား အဖြစ် မကစားရင် အသင်းရဲ့ နည်းစနစ်ပိုင်းမှာ ပိုမို ကောင်းလာလိမ့်မယ်လို့ ရှင်းပြခဲ့ပါတယ်၊ ပြီးတော့ သူ့ အတွက်လည်း ဒုတိယပိုင်း ရောက်မှ ဝင်ကစားတာ ပိုပြီး ကောင်းတဲ့ ရွေးချယ်မှု တခုပဲလေ၊ ရော်နယ်ဒို က ကျွန်တော့်ရဲ့ နည်းစနစ်နဲ့ ပတ်သတ်ပြီး ကျေနပ်မှုတော့ မရှိခဲ့ပါဘူး။

သူက အမြဲတမ်း ပွဲထွက် တိုက်စစ်မှူး ဖြစ်ချင်တာလေ၊ သူ ကျွန်တော့်ကို အဲ့ဒီ အကြံက တကယ်ကောင်းတဲ့ အကြံလို့ ထင်လား? ဆိုပြီး ပြန်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော့်ရဲ့ နည်းစနစ်တွေ အလုပ်ဖြစ်ခဲ့တာ အားလုံးလည်း အသိပါလို့ ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

credit