ဈေးနည်းနည်းနဲ့ ခေါ်ယူခွင့်ပေးခဲ့မယ့် ငြင်းဆန်ခံခဲ့ရတဲ့ ရော်နယ်ဒို

ပြီးခဲ့တဲ့ နွေရာသီက ရော်နယ်ဒို ကို တစ်ပတ် လုပ်ခလစာ ပေါင် ၈ သောင်းနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို မန်ချက်စတာ ယူနိုက်တက် က ကမ်းလှမ်းခဲ့ပေမယ့် ကလပ်အသင်း အများအပြားက အခွင့်အရေးကို ရယူဖို့ ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။




ပေါ်တူဂီသားဟာ ပီးယာ့စ် မော်ဂန် နဲ့ အငြင်းပွားဖွယ် အင်တာဗျူး ဖြေကြားပြီးနောက် မန်ချက်စတာ ယူနိုက်တက် နဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းခဲ့တာ ဖြစ်ပြီး ၃၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ နွေရာသီ ကတည်းက




အသင်းကို စွန့်ခွာချင် ခဲ့ပေမယ့် ထွက်ခွာခွင့် မရခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် ဟာ သြဂုတ်လမှာ ဘရန့်တ်ဖို့ဒ် ကို ၄-၀ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင် ရော်နယ်ဒို ကို ခေါ်ယူမယ့် အသင်း ရှိတယ် ဆိုရင်




ထွက်ခွာခွင့် ပေးချင်ခဲ့တယ်လို့ The Athletic က ဖော်ပြသွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ဟာ ဘလွန်းဒီ‌အော ၅ကြိမ် ဆုရှင်ကို တစ်ပတ် လုပ်ခလစာ ပေါင် ၅ သိန်း ဝန်းကျင် ပေးချေနေခဲ့ ရတာ ဖြစ်တာကြောင့် စိတ်ဝင်စားလာတဲ့ အသင်း ရှိလာခဲ့ပြီး ရော်နယ်ဒိုမှ




အပြောင်းအရွှေ့ ပြုလုပ်ချင်တဲ့ ဆန္ဒရှိတယ် ဆိုရင် ပေါ်တူဂီ တိုက်စစ်မှူးရဲ့ လစာကို ရာခိုင်နှုန်း တစ်ခု အထိ လိုလိုလားလား ပေးချင်သွား ချင်ခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့်လည်း အသင်း တော်တော်များများက ရော်နယ်ဒို လိုမျိုး ဘလွန်ဒီအော ၅ကြိမ် ဆုရှင်ကို




တစ်ပတ် လုပ်ခလစာ ပေါင် ၈ သောင်းလောက်နဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေး ရတာတောင် ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိခဲ့ကြဘူးလို့ The Athletic က ဆိုပါတယ်။ တသက်တာ နိုင်ငံတကာ ထိပ်တန်း သွင်းဂိုးရှင်ဟာ ပေါင်သန်း ၃၀၀ ကျော် တန်ကြေး ရှိတဲ့ သဘောတူညီမှုနဲ့




ဆော်ဒီအာရေဗျ ကို ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးကို ပြီးခဲ့တဲ့ နွေရာသီမှာ ကမ်းလှမ်းခြင်း ခံခဲ့ရ ပေမယ့်လည်း ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ဒါပေမယ့် လက်ရှိ အချိန်မှာ ရော်နယ်ဒိုဟာ စိတ်ပြောင်းလိုက်ပြီ ဖြစ်ပြီး ဆော်ဒီအာရေဗျ ကလပ် အယ်လ်နက်ဆာ အသင်းကို

ပြောင်းရွှေ့ဖို့ အတွက် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့်ဟောင်းက ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ပေါ်တူဂီ အသင်းနဲ့ အတူရှိနေချိန် အတွင်း ဒီသတင်းတွေကို ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။

credit