နည်းစနစ် အရ မော်ရိုကို အသင်းကို ထိုက်ထိုက်တန်တန် ရှုံးနိမ့်ခဲ့ရတဲ့ ပေါ်တူဂီ

ပထမပိုင်း စစချင်းမှာ ပေါ်တူဂီ အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ တိုက်စစ်ဆင်ခဲ့ပြီး မော်ရိုကိုအသင်း ကတော့ ခံစစ်ထိ ဆင်းပိတ်ပြီး တန်ပြန်တိုက်စစ် ပုံစံနဲ့ ကစားခဲ့ပါတယ်၊ ပေါ်တူဂီ အသင်းဟာ ဂိုးပေါက်ရှေ့မှာ အခွင့်အရေး အများအပြား ဖန်တီးနိုင် ခဲ့ပေမယ့်လည်း ဂျာအို ဖီလစ် ဖြုန်းတီး နေခဲ့တာကြောင့် ပေါ်တူဂီ အသင်း ဂိုးပေါက် ရှာမတွေ့ခဲ့ဘဲ




မော်ရိုကို အသင်းက တစ်ချက်တစ်ချက် အန္တရာယ်ရှိတဲ့ အငိုက်ဖမ်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပထမပိုင်း ပြီးဆုံးခါနီး အထိ တစ်ဘက်နဲ့ တစ်ဘက် ဂိုးမသွင်း နိုင်ဘဲ ဂိုးမရှိ သရေနဲ့ ပွဲပြီးဆုံးတော့မယ့် ပုံပေါ်ခဲ့ပေ မယ့်လည်း ၄၃ မိနစ်မှာ ယူဆွတ်ဖ် အန်နက်စရီ က အတ်တီယတ် အလ္လာ ဘယ်တောင်ပံ ကနေ ဖြတ်တင်‌ ပေးလိုက်တဲ့ ဘောလုံးကို




အလွန် ကောင်းမွန်တဲ့ အမြင့်ခုန် ခေါင်းတိုက်ချက်နဲ့ အတူ ပေါ်တူဂီ ဂိုးသမား ကော်စတာကို အလဲထိုးပြီး ဂိုးသွင်းယူ သွားခဲ့တာ ဖြစ်ပါတယ်၊ ဒုတိယပိုင်းမှာ အခြေအနေ မကောင်းတော့တဲ့ ပေါ်တူဂီ အသင်းဟာ ကန်ဆယ်လိုနဲ့ ရော်နယ်ဒို တို့ကို ထည့်သွင်း ကစားခဲ့ရပြီး ပေါ်တူဂီ အသင်းက ကစားပုံ အနည်းငယ် ပိုမို ကောင်းမွန်လာခဲ့ ပေမယ့်လည်း




ဆွစ်ဇာလန်နဲ့ပွဲက ဟက်ထရစ် သွင်းဂိုးရှင် ရာမို့စ် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘဲ ဖြုန်းတီးနေခဲ့တဲ့ အတွက် ရာဖေးလ် လီအို နဲ့ လူစားလဲလှယ်ခြင်း ခံခဲ့ရပါတယ်၊ ပေါ်တူဂီ အသင်းဟာ ပွဲကစားချိန် နောက်ဆုံးမိနစ် ၂၀ မှာ တရစပ် ဖိအားပေး တိုက်စစ်ဆင် မှုတွေ ပြုလုပ်ခဲ့ ပေမယ့်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး




ပွဲကစားချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၁ မိနစ်မှာ ရော်နယ်ဒို အပိုင် ကန်သွင်းခွင့် ရရှိခဲ့ပေမယ့်လည်း မော်ရိုကို ဂိုးသမားက ပုတ်ထုတ် ကာကွယ် သွားနိုင်ခဲ့တာ ဖြစ်ပါတယ်၊ မော်ရိုကို အသင်းဟာ ပွဲပြီးဆုံးခါနီး အထိ ခံစစ်စုဖွဲ့မှု မာကျောတဲ့အသင်း ဆိုတာကို ပြသခဲ့ပြီး ၉၂ မိနစ်မှာ ချက်ဒီရာ ဂျာအို ဖီလစ် ကို




ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့တယ် ဆိုပြီး ကွင်းလယ်ဒိုင်က ၂ ဝါ ၁ နီနဲ့ ထုတ်ပယ် ခဲ့တာကြောင့် အချိန်ပို လက်ကျန် ၅ မိနစ်ကို တစ်ယောက်လျော့နဲ့ ဆက်လက် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်၊ မော်ရိုကို အသင်းဟာ နာကျင် အချိန်ပို ၅ မိနစ်မှာ တန်ပြန် တိုက်စစ်ကနေ တဆင့် ဂိုးသမားနဲ့ တစ်ဦးချင်း အပိုင် ဂိုးသွင်းခွင့်




ရရှိခဲ့ပေ မယ့်လည်း ကော်စတာက ရှေ့ထွက် ကာကွယ်နိုင် ခဲ့တာကြောင့် ပေါ်တူဂီ တို့ နောက်ထပ် ဦးဆောင်ဂိုး ခွင့်မပြုခဲ့ရတာ ဖြစ်ပါတယ်၊ ပေါ်တူဂီ အသင်းဟာ ပွဲ ကစားချိန် ကုန်ဆုံးဖို့ နီးကပ်လာလေ တရစပ် ဖိအားပေး ကစားလေ ဖြစ်ပေမယ့်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့တာကြောင့် မော်ရိုကို အသင်းကပဲ ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက် သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

credit