ရော်နယ်ဒို နေရာကို အစားထိုးဖို့ ပေါ်တူဂီသား တစ်ဦးကို စိတ်ဝင်စားနေကြောင်း သိရပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း မန်ယူမှာ ကစားခွင့်ရဖို့ ခက်ခဲဖွယ် ရှိလာပြန်တဲ့ ဂက်ပို

လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလတွင် ရော်နယ်ဒို ၏ နေရာကို အစားထိုးရန် အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းသည် အစွမ်းရှိသမျှ ကြိုးစားသွားမည် ဖြစ်ကြောင်း




နည်းပြချုပ် အဲရစ် တန်ဟက်ဂ် က ပြောဆိုလိုက်သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းသည် နယ်သာလန် နှင့် အိုင့်ဟိုဗန် အသင်း တိုက်စစ် ကစားသမား ဂက်ပို ကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး




ဂက်ပို ၏ ပြောင်းရွှေ့ကြေးမှာ ပေါင် သန်း ၅၀ လောက်ထိ ရှိလာတာ‌ကြောင့် ယခုအခါ မန်ချက်စတာ ယူနိုက်တက် သည် နောက်ထပ် ပစ်မှတ် တစ်ခု အဖြစ် ဆွစ်ဇာလန်နှင့် ပွဲစဥ်တွင်




ပေါ်တူဂီ အသင်း အတွက် ဟက်ထရစ် သွင်းပေးနိုင်ခဲ့သော ဂွန်ဇာလို ရာမို့စ် ကို ပြောင်းလဲ စိတ်ဝင်စား‌ကြောင်း သိရပါတယ်၊ တစ်ပတ်လျှင် လုပ်ခ ပေါင် ၅၀၀၀၀၀ ပေးနေရသော ရော်နယ်ဒို နှင့် စာချုပ် ဖျက်သိမ်ပြီးနောက်




မန်ချက်စတာ ယူနိုက်တက် အသင်းသည် တိုက်စစ်ပိုင်း အတွက် ကစားသမားသစ် တစ်ဦး လိုအပ်နေသည်၊ အဲရစ် တန်ဟက်ဂ် က တိုက်စစ်မှူးသစ် တစ်ဦး လိုနေသော်လည်း သင့်လျော်သည့် တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူ နိုင်မှသာလျှင်




ဈေးကွက် အတွင်း လှုပ်ရှားမည် ဖြစ်ကြောင်း ဖွင့်ဟ ထုတ်ဖော် ပြောဆိုထားသည်။ မန်ချက်စတာ ယူနိုက်တက် အနေဖြင့် တိုက်စစ်မှူးသစ် တစ်ဦးကို ခေါ်ယူပြီး အသင်းကို ထိထိရောက်ရောက် အားဖြည့်ရန် ကြိုးစားပါက




ငွေကို ထိုက်ထိုက်တန်တန် သုံးရမည် ဖြစ်ကြောင်း ဈေးသက်သာသော ကစားသမား ခေါ်ယူမှု တစ်ခု ပြုလုပ်ရန် မလွယ်ကူ ကြောင်း ပြောဆိုလိုက်သည်။ မန်ချက်စတာ ယူနိုက်တက် သည် နယ်သာလန် အသင်း တိုက်စစ်မှူး




ဂက်ပို ၏ အေးဂျင့် ဖြစ်သူနှင့် ယခုရက်ပိုင်း အတွင်း ဆွေးနွေးမှုများ ရှိကြောင်း သတင်းထွက်နေပြီး အရပ် ၆ ပေ ၄ လက်မ ရှိသော ဂက်ပို သည် တောင်ပံနှင့် ဗဟိုတိုက်စစ် နေရာတို့တွင် ကစားနိုင်သူ ဖြစ်ပြီး

ကာတာ ကမ္ဘာ့ဖလား တွင် သုံးဂိုး သွင်းပေးနိုင်ခဲ့သည်၊ Erik Ten Hag သည် ပြင်သစ် တိုက်စစ်မှူး မာစီရယ်သည်လည်း ပို၍ ခြေစွမ်း တိုးတက်လာမည် ဖြစ်ကြောင်း ပြောဆိုထားသည်။

credit