ခေါ်ယူဖို့ သတင်းထွက်နေတဲ့ ကစားသမား နှစ်ဦးထက် ရော်နယ်ဒို နေရာ အစားထိုးမယ့် ကြယ်ပွင့်က ဘယ်သူလဲ ဆိုတာ အတည်ပြု ပြောဆိုလာတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ Erik Ten Hag

Manchester United အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ပွဲစဥ် ၁၄ ပွဲ ကစားခဲ့ အပြီး သွင်းဂိုး ၂၀ ရရှိထားပေမယ့် ပေးဂိုး ၂၀ ရှိနေခဲ့တာကြောင့် စိတ်ပျက်နေကြောင်း သိရှိရပါတယ်။




ဒိအပြင် ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူး လုပ်ဆောင်ခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒို ကလည်း အသင်းက ထွက်ခွာခဲ့ရပြီ ဖြစ်ပြီး ဒီလို အနေအထားမှာ အသင်းရဲ့ တိုက်စစ််ကို ဦးဆောင်နိုင်သူ ကမာရှယ် နဲ့ ရပ်ရှ်ဖို့ဒ် နှစ်ဦးသာ ရှိပါတော့တယ်။




မာရှယ်ဟာ ဒီရာသီ အတွင်း ဒဏ်ရာ ပြသနာတွေ ကြား ရုန်းကန်နေရပြီး ရပ်ရှ်ဖို့ဒ် ကလည်း တောင်ပံ တိုက်စစ် နေရာ ကစားမှ ခြေစွမ်းပြနိုင်တာ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် ဟာ မကြာမီ ရောက်ရှိလာမယ့် ဆောင်းရာသီ စျေးကွက်မှာ တိုက်စစ်မှူး စစ်စစ် တစ်ဦး မဖြစ်မနေ ခေါ်ယူရမှာ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သတင်းထွက်‌နေတဲ့ ဂတ်ပို ကတော့ အထောင် တိုက်စစ်မှူး စစ်စစ် မဟုတ််တာကြောင့် မခေါ်ယူသင့်ဘူးလို့ ထင်ကြေးပေး ခံနေခဲ့ရပြီး အခြားတဖက်မှာ ဆွစ်ဇာလန်နဲ့ ပွဲစဥ်မှာ ပေါ်တူဂီ အတွက် ဟတ်ထရစ် သွင်းယူခဲ့တဲ့ ဂွန်ကာလို ရာမို့စ် ကလည်း




မန်ချက်စတာ ယူနိုက်တက် နဲ့ အသံ ထွက်လာခဲ့ပါတယ်။ နည်းပြ Erik Ten Hag ကတော့ အခြားအသင်းနဲ့ စာချုပ်ရှိနေတဲ့ ကစားသမားတွေကို မှတ်ချက်ပေးမှာ မဟုတ််ကြောင်း လက်ရှိ အခြေအနေရ မာရှယ်ရဲ့ ကြံ့ခိုင်မှုကသာ အရေးကြီးကြောင်း ယခုလို အသိပေး ပြောဆိုသွားခဲ့ပါတယ်။




ကျွန်တော် ကစားသမား တစ်ဦး တစ်ယောက် အပေါ် မှတ်ချက်ပေးမှာ မဟုတ်ပါဘူး၊ ဒါမျိုး ဘယ်တော့မှ မလုပ်ပါဘူး၊ သူတို့ဆီမှာ စာချုပ် သက်တမ်း ရှိနေသေးပြီး ဒါကို လေးစားရပါမယ်၊ နောက်ကွယ်မှာ ကျွန်တော်တို့ လိုချင်နေ ကြတဲ့သူတွေကို ရရှိနိုင်ဖို့ ကြိုးစားရမှာက တစ်ကဏ္ဍပါ။




မာရှယ်နဲ့ ပတ်သက်လို့ဝောာ့ သူ့ရဲ့ ပထမဆုံး စိန်ခေါ်မှုက အသင်းတွက် ကစားပေးနိုင်ရေး ကြံ့ခိုင်မှု ပြည့်ဝရေးပါ၊ ဒီအပိုင်းကို သူ တာဝန်ယူရမှာပါ၊ တချိန်ထဲမှာ ကျွန်တော်တို့ တက်နိုင်သမျှ သူ့ကို ထောက်ခံအားပေးဖိို့ လိုအပ်ပါတယ်၊ အသင်းတွက် ပါဝင် ကစားပေးနိုင်တဲ့ ပွဲစဥ်တိုင်းမှာ သူ့ဘက်က အကောင်းဆုံး လုပ်နိုင်ခဲ့တာ မြင်တွေ့ခဲ့ပြီးပါပြီ။




သူ အသင်းတွက် ၂၉၃ မိနစ် ကစားပေးထားပြီး ၄ ဂိုး သွင်း ၂ ဂိုး ဖန်တီးပေး ထားနိုင်တယ်၊ ဒါက မှတ်တမ်းကောင်းပါ၊ သူရဲ့ ဖိအားပေး ကစားပုံ ချိတ်ဆက် ကစားပုံတွေက ကောင်းမွန််ပါတယ်၊ ကျွန်တော်တို့ အသင်းတွက် သူက အရေးကြီးတဲ့ ကစားသမား တစ်ဦးပါ။




သူအခု ပျော်ရွှင််နေပေမဲ့ ဒဏ်ရာရနေခဲ့လို့ မပျော်ခဲ့တာ ထင်ရှားပါတယ်၊ အတိတ်မှာ မှားတာတွေ လုပ်ခဲ့ဖူးဝာာ ကျွန်တော်တော့ မသိပါဘူး၊ လက်ရှိတော့ သူက ကံဆိုးနေခဲ့တာပါ၊ ဒဏ်ရာတွေက သူ့ကို ဖိနှိပ်နေတယ်၊ အခု သူ ပိုကောင်းလာခဲ့ပြီ၊ သူ့ရဲ့ ကစားပုံ လုပ်အားနဲ့ တိုးတက်မှုကို ကျေနပ်စရာ ကောင်းနေပါပြီ။




တခါတလေ သူ့ပုခုံးပေါ် လက်တင်ပြီး နှစ်သိမ့်အားပေးဖို့ လိုအပ်တာ အမှန်ပါပဲ၊ သူ တစ်ယောက်ထဲပဲ မဟုတ်ပါဘူး၊ ကစားသမားတိုင်းက နွေးထွေးမှုကို လိုချင်ကြတယ်၊ ကျွန်တော်တို့ ဒါကို ထောက်ခံပေးရမယ်။ လို့ နည်းပြ အဲရစ် တန်ဟတ်ဂ် က ပြောဆိုလိုက်ပါတယ်။

credit