ပေါ်တူဂီ ကမ္ဘာ့ဖလား ပြိုင်ပွဲက ထွက်ခွာစေခဲ့တာ မော်ရိုကိုအသင်း မဟုတ်ကြောင်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားရဲ့ တိုက်စစ် ပါဝါကို အထင်မသေးခဲ့သင့်ကြောင်း ရော်နယ်ဒိုရဲ့ ဇနီးဖြစ်သူ ထုတ်ပြော

ပေါ်တူဂီ အသင်းဟာ မနေ့ညက ကွာတားဖိုင်နယ် ပွဲစဥ်မှာ မိုရိုကို အသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ရပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်၊ အခုလို ပြိုင်ပွဲကနေ အရှုံးနဲ့ ထွက်ခွာလိုက် ရတဲ့နောက်




ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ ဇနီး ဂျော်ဂျီနာ ရိုဒရီဂွက်ဇ် က ပေါ်တူဂီ နည်းပြ ဖာနန်ဒို ဆန်တိုစ် ကို လူသိရှင်ကြား ဝေဖန် ပြောဆိုလိုက်ပါတယ်။ ဒီနေ့ ရော်နယ်ဒို ရဲ့ သူငယ်ချင်း၊ နည်းပြက အမှား တစ်ခု လုပ်ခဲ့တယ်။




သူ့ရဲ့ ဒီ သူငယ်ချင်း၊ သူ လေးစားပါတယ်လို့ တဖွဖွ ပြောခဲ့တဲ့ သူငယ်ချင်းက ထပ်ပြီး ချန်ထားခံခဲ့ ရပြန်တယ်၊ ပြီးတော့ ဒီလူကပဲ လူစားဝင် ကစားတဲ့ အခါမှာ အရာရာက ဘယ်လောက်တောင် ပြောင်းလဲ သွားခဲ့သလဲ တွေ့ကြမှာပါ။




ဒါပေမယ့် သိပ်ကို နောက်ကျသွားခဲ့ပါပြီ။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားရဲ့ တိုက်စစ် ပါဝါကို မင်း အများကြီး လျှော့တွက် မထားခဲ့သင့်ဘူး၊ နောက်ပြီး မထိုက်တန်တဲ့ သူ တစ်ယောက် အတွက်လည်း ကာကွယ် မပြောဆို ပေးနိုင်ဘူး။




ဒီနေ့ ကျွန်မတို့ ရှုံးနိမ့်သွားတာ မဟုတ်ဘူး၊ သင်ခန်းစာ ရသွားခဲ့တာပါ၊ လို့ ဂျော်ဂျီနာ က လူမှုကွန်ယက် အင်စတာဂရမ် မှ လူသိရှင်ကြား ထုတ်ဖော် ရေးသား သွားခဲ့ပါတယ်။ ပေါ်တူဂီ နည်းပြ ဖာနန်ဒို ဆန်တိုစ် ဟာ မနေ့ညက မိုရိုကို နဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ ရော်နယ်ဒို ကို ပွဲထွက် လူစာရင်းကနေ




ချန်လှပ်ခဲ့ပါတယ်၊ ပထမပိုင်း ပြီးချိန်မှာ မိုရိုကို က 1-0 နဲ့ ဦးဆောင် ထားတာကြောင့် ဒုတိယပိုင်း စပြီး သိပ်မကြာခင်မှာ ရော်နယ်ဒို ကို လူစားဝင် ကစားစေခဲ့ပါတယ်၊ ဒါပေမယ့် ပွဲရလဒ်ကို မပြောင်းလဲ နိုင်ခဲ့ဘဲ ပေါ်တူဂီနဲ့ အရှုံးနဲ့ ကြုံခဲ့ရပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။




ဒီ ရှုံးပွဲကြောင့် ဘောလုံး ကစားသမားဘဝ အနားမယူခင် ကမ္ဘာ့ဖလား ကိုင်မြှောက်သွားချင်တဲ့ ရော်နယ်ဒို ရဲ့ စိတ်ကူး အိပ်မက်လည်း ပြိုကွဲခဲ့ရပြီ ဖြစ်ပြီး မနေ့ညက ပွဲအပြီးမှာ

ကွင်းထဲကနေ ငိုကြွေး ထွက်ခွာ သွားခဲ့တာကို တွေ့ခဲ့ရပါတယ်၊ ပေါ်တူဂီကို ဖြုတ်ချခဲ့တဲ့ မိုရိုကို အသင်းကတော့ ဆီမီးဖိုင်နယ်မှာ ပြင်သစ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

credit