ပေါ်တူဂီ ကမ္ဘာ့ဖလား ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ရတဲ့ အကြောင်းရင်းမှန်ကို ထုတ်ပြောလိုက်ပြီး ရှုံးပွဲအတွက် တာဝန်ယူရမယ့် သူကို အသိပေးလာတဲ့ လူးဝစ် ဖီဂို

ကွာတားဖိုင်နယ် အဆင့်မှာ မော်ရိုကို အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီး ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတဲ့ ပေါ်တူဂီ အသင်းရဲ့ ရှုံးနိမ့်မှုနဲ့ ပတ်သတ်ပြီး ပေါ်တူဂီ ဂန္တဝင် ကစားသမားဟောင်းကြီး လူးဝစ် ဖီဂို က




ခရစ္စတီယာနို ရော်နယ်ဒို ကို အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ နေရာ မပေးခဲ့တဲ့ နည်းပြ ဆန်းတို့စ် ကို ဝေဖန် ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီ အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အုပ်စုတွင်းမှာ ဂါနာ၊




ဥရုဂွေး တို့ကို ဆက်တိုက် အနိုင်ယူခဲ့ပြီးနောက် ရှုံးထွက် အဆင့်ကို တတ်လှမ်းနိုင်ခဲ့ပြီး အုပ်စု နောက်ဆုံးပွဲမှာ တောင်ကိုရီးယား ကို အရှုံးပေး ခဲ့ရပေမယ့် ရှုံးထွက် ၁၆ သင်း အဆင့်မှာတော့ ဆွစ်ဇာလန် အသင်းကို 6-1နဲ့ အနိုင် ရယူခဲ့ပါတယ်။




ဒါပေမယ့် ပေါ်တူဂီ အသင်းဟာ ကွာတား အဆင့်မှာ အာဖရိက အသင်း မော်ရိုကို ကို တစ်ဂိုးတည်းနဲ့ ရှုံးနိမ့်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားမှာ ကွာတားနဲ့သာ ကျေနပ်လိုက် ရပါတယ်၊ မော်ရိုကို အသင်းနဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ ပေါ်တူဂီ နည်းပြ ဆန်းတို့စ် က




ဆွစ်ဇာလန်နဲ့ ပွဲကလို ပုံစံမျိုးနဲ့ ပွဲထွက်လာခဲ့ပြီး ရော်နယ်ဒို ကို ထပ်မံ ချန်လှပ်ခဲ့တာ ဖြစ်ပါတယ်။ ဆွစ် နဲ့ ပွဲမှာ ဟက်ထရစ် ရရှိခဲ့တဲ့ ဂွန်ဆာလို ရာမို့စ် ကို ဆက်လက် သုံးခဲ့ပြီး ပထမပိုင်းမှာ ကတည်းက အန်နက်ဆီရီ ရဲ့ အံ့အားသင့်ဖွယ် ခေါင်းတိုက်ဂိုးနဲ့




ဦးဆောင် ခံနေရတဲ့ ပေါ်တူဂီ အသင်းဟာ ဒုတိယပိုင်း ၅၁ မိနစ်မှသာ ရော်နယ်ဒို ကို ထည့်သွင်း ခဲ့ပေမယ့် 1-0 ရလဒ်ကို မပြောင်းလဲ နိုင်တော့ပဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီ ရှုံးပွဲနဲ့ ပတ်သတ်ပြီး ဖီဂို က ခရစ္စတီယာနို ကို အရန်ခုံမှာ ထားရှိခြင်းနဲ့ အတူ




ကမ္ဘာ့ဖလားကိုလည်း ရယူနိုင်မှာ မဟုတ်ပါဘူး၊ ခရစ္စတီယာနို ကို အရန်ခုံမှာ ထားရှိခဲ့ခြင်းက ကြီးမား အမှား တစ်ခုပါပဲ၊ ဒီ ရှုံးပွဲ အတွက် ဖာနန်ဒို ဆန်းတို့စ် မှာ တာဝန်ရှိပါတယ်။ လို့ ဝေဖန်သွားခဲ့ပါတယ်၊ ဒါ့အပြင် ရော်နယ်ဒို ရဲ့ ဇနီး ဖြစ်သူ




ဂျော်ဂျီနာ ကိုယ်တိုင်လည်း ပေါ်တူဂီ နည်းပြ ဆန်းတို့စ် ရဲ့ ဆုံးဖြတ်ချက် အပေါ် ဝေဖန်ခဲ့သလို အသင်းအတွက် အရေး ပါလွန်းလှတဲ့ ပွဲစဉ်မှာ အသင်းရဲ့ အဓိက အကျဆုံး ကစားသမားက မဖြစ် မနေ ပွဲထွက် လာခဲ့သင့်တယ် လို့လည်း

ဘောလုံး ပရိသတ်တွေက မှတ်ချက်ပြု ကြပါတယ်၊ လက်ရှိမှာ အသက် ၃၈ နှစ်နား ကပ်လာတဲ့ ရော်နယ်ဒို ဟာ ကစားသမား ဘဝ နောက်ဆုံး ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဖြတ်သန်းခဲ့ ပြီးပြီ ဖြစ်ပြီး လိုချင်တဲ့ အောင်မြင်မှုနဲ့တော့ လွဲချော် သွားခဲ့ရပြီ ဖြစ်ပါတယ်။

credit