ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေတဲ့ ကြယ်တစ်ပွင့်ဟာ မန်ချက်စတာ ယူနိုက်တက် ထိပ်တန်း ကစားသမား အဖြစ် ရောက်လာမယ်လို့ အဲရစ် တန်ဟက်ဂ် ထုတ်ပြော

Manchester United အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယား အနေနဲ့ လက်ရွေးစင် အသင်းမှာ ပြသနေတဲ့ ခြေစွမ်း အတိုင်း ကလပ် အသင်းမှာပါ ပုံစံတူ ပြသနိုင်ခဲ့မယ် ဆိုရင် Manchester United ထိပ်တန်း ကစားသမား တစ်ဦး




ဖြစ်လာနိုင်တယ်လို့ နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် က သုံးသပ် သွားခဲ့ပါတယ်။ ၂၉ နှစ်အရွယ် England လက်ရွေးစင် ခံစစ်မှူးဟာ ဒီနှစ် ဘောလုံးရာသီ အတွင်း ဘရိုက်တန်၊ ဘရန့်ဖို့ဒ် ဝက်စ်ဟမ်း အသင်းတွေနဲ့ ကစားခဲ့ရတဲ့




ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲမှာ ပွဲထွက် ကစားသမား အဖြစ် ကစားခဲ့ပြီး နောက်ပိုင်း ပွဲစဉ်တွေ အတွင်း ဆက်တိုက် ဆိုသလို နေရာ ပျောက်လာခဲ့ ရပါတယ်။ Manchester United မှာ ခြေစွမ်းပိုင်း မတည်ငြိမ်သူ အဖြစ် သတ်မှတ်ခံရ ပေမယ့်လည်း အင်္ဂလန် အသင်းမှာ အမြဲတမ်း ရွေးချယ်ခံရလေ့ ရှိပြီး




၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း အင်္ဂလန်ရဲ့ ပွဲစဥ် အားလုံးကို ပါဝင် ကစားထားပါတယ်။ မက်ဂွိုင်းယား နဲ့ ပတ်သတ်ပြီး နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် က ကျွန်တော် အကြိမ်ကြိမ် အမေး ခံရဖူးတယ်၊ မက်ဂွိုင်းယား က အမြင့်ဆုံး အဆင့်မှာ ကစားရ လောက်အောင် ထက်မြက်တယ် ဆိုတာ ရှင်းပါတယ်။




အင်္ဂလန် အတွက် သူက အချိန်တိုင်း လိုလို အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်၊ သူ Manchester မှာ ခြေစွမ်းဆိုးရွှားတဲ့ အချိန်ကာလ တစ်ခု ရှိခဲ့တာကြောင့် အခက်အခဲတွေ ရှိနေမှာက သေချာပါတယ်။ ဒါပေမယ့် သူ ကြိုးကြိုးစားစား လုပ်ဆောင် လာချိန်မှာ ယုံကြည်မှု တွေလည်း ရရှိလာမှာပါ။




သူ အင်္ဂလန် အတွက် ကစားနေတဲ့ ပုံစံကို သင်တို့လည်း မြင်တွေ့ နိုင်ပါတယ်၊ ဒီလို ကစားပုံအတိုင်း မန်ချက်စတာ ယူနိုက်တက် အသင်း အတွက်ပါ ကစားပေးစေ ချင်ပါတယ်။ သူ့ဆီကနေ ကျွန်တော်တို့ မျှော်လင့်ထား သလို အသင်းကလည်း သူ့ဆီကနေ ဘာတွေ မျှော်လင့်ထားလဲ ဆိုတာကိုလည်း




သူ သိပါတယ်၊ သူသာ ဒီလို လုပ်ဆောင် နိုင်မယ် ဆိုရင် သူက ကျွန်တော်တို့ အတွက် အရမ်းကောင်းတဲ့ ထိပ်တန်း ကစားသမား ဖြစ်လာမှာပါ။ လို့ မှတ်ချက်ပြု ပြောကြားလိုက်ပါတယ်။

credit