ရော်နယ်ဒိုကို အရန်ထားမိလို့ နည်းပြ ရာထူးက ဖယ်ရှားခံရတော့မယ့် ဆန်းတို့စ် နေရာကို မန်ယူကို ဖလား ယူဆောင်ပေးဖူးတဲ့ နည်းပြ တစ်ဦးနဲ့ အစားထိုးဖို့ ကမ်းလှမ်းထားတဲ့ ပေါ်တူဂီ ဘောလုံး အဖွဲ့ချုပ်

ပေါ်တူဂီ လက်ရွေးစင် ဘောလုံး အသင်းဟာ လက်ရှိ နည်းပြ ဖာနန်ဒို ဆန်းတို့စ် ရဲ့နေရာမှာ နောက်ထပ် ပေါ်တူဂီ လူမျိုး ဘောလုံးနည်းပြ တစ်ဦး ဖြစ်သူ ဂျိုဆေး မော်ရင်ဟို နဲ့ အစားထိုးသွားဖို့ စိတ်ဝင်စားလျက် ရှိနေသလို ပေါ်တူဂီ သတင်းမီဒီယာ A Bola ရဲ့ ဖော်ပြချက်မှာ ဆိုရင်လည်း




ကမ်းလှမ်းမှုပါ ပြုလုပ်ထားတယ်လို့ ဖော်ပြလာခဲ့ပါတယ်။ ဖာနန်ဒို ဆန်းတို့စ် ဟာ ၂၀၁၄ ခုနှစ် ကတည်းက ပေါ်တူဂီ လက်ရွေးစင် အသင်းကို ကိုင်တွယ်နေခဲ့တာ ဖြစ်ပြီး လက်ရှိ ကျင်းပနေတဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွင်း ပေါ်တူဂီရဲ့ main player ခရစ္စတီယာနို ရော်နယ်ဒို ကို




ရှုံးထွက် ၂ ပွဲ ဆက်တိုက် အရန်ကစားသမား အဖြစ် အသုံးပြု ခဲ့ခြင်းကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရကာ သူ့ အနာဂတ်ဟာလည်း လှုပ်ခတ် လာခဲ့ရပါတယ်၊ ဒါ့အပြင် ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ကလည်း လက်ရွေးစင် အသင်းကို ကာလရှည်ကြာ ကိုင်တွယ်ခဲ့တဲ့ ဖာနန်ဒို ဆန်းတို့စ် နေရာမှာ




နည်းပြ အပြောင်းအလဲ လုပ်ဆောင်သွားဖို့ ဆန္ဒရှိနေတာကြောင့် ပေါ်တူဂီလူမျိုး စပယ်ရှယ်ဝမ်း နည်းပြကြီး မော်ရင်ဟို ကို ပစ်မှတ်ထား လာခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြဘဝမှာ ကလပ်အသင်း များစွာနဲ့ အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့တဲ့ မော်ရင်ဟို ဟာ ဘောလုံး လောကထဲကနေ အနားမယူခင်




လက်ရွေးစင် အသင်း တစ်သင်းကို ကိုင်တွယ်သွားဖို့ ဆန္ဒရှိနေသူ ဖြစ်ပြီး သူရဲ့ နိုင်ငံ ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်ချင် နေသူလည်း ဖြစ်ပါတယ်။ ပေါ်တူဂီ သတင်းစာ A Bola မှာတော့ ပေါ်တူဂီဘောလုံး အဖွဲ့ချုပ်က လက်ရွေးစင် အသင်းရဲ့ နည်းပြ ရာထူး အတွက်




မော်ရင်ဟို ကို ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ပြီလို့ ဖော်ပြခဲ့ပြီး မော်ရင်ဟို ကိုယ်တိုင်ကလည်း လက်ရှိ သူရဲ့ကလပ်အသင်း ဖြစ်တဲ့ ရိုးမား ကို ဆက်လက် ကိုင်တွယ်ရင်း တစ်ဖက်မှာပါ ပေါ်တူဂီ နည်းပြ အလုပ်ကို ပူးတွဲ လုပ်ဆောင်သွားဖို့ စိတ်ဝင်တစား ရှိနေတယ်လို့ ဆိုပါတယ်။




ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ လက်ရှိ နည်းပြ ဆန်းတို့စ် ဟာ ပေါ်တူဂီ အသင်းနဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာ ဖြစ်ပေမယ့် အသင်းအတွက် အပြောင်းအလဲတွေ လုပ်ဆောင်ဖွယ် ရှိလာ နိုင်တာကြောင့် နည်းပြ အပြောင်းအလဲဟာ ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။

credit