ရပ်ရှ်ဖို့ဒ်ကို လက်ရှိ လုပ်ခလစာထက် လေးဆပေးပြီး ခေါ်ယူမယ့် ထိပ်သီး ကလပ်ထံ အလွတ်နဲ့ အဆုံးရှုံးခံမလား ရောင်းချသွားမလား ဆုံးဖြတ်ရဖို့ ရှိနေတဲ့ မန်ယူ

ပီအက်စ်ဂျီ အသင်းက နွေရာသီတည်းက ခေါ်ယူချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ် ကစားသမား ရပ်ရှ်ဖို့ဒ် ကို အသင်းဆီ အရ ခေါ်ယူနိုင်ဖို့ အတွက် တစ်ပတ်လုပ်ခ ပေါင် ၈ သိန်းခွဲ အထိ ပေးချေဖို့ စီစဉ်နေကြောင်း Mirror သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။




Manchester United လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် ဟာ ၂၀၁၅ ခုနှစ်တည်းက မန်ချက်စတာ ယူနိုက်တက် စီနီယာ အသင်းအတွက် ကစားပေးခဲ့ရာ အခုဆိုရင် ပွဲပေါင်း ၃၂၂ ပွဲထိ ရှိပြီ ဖြစ်သလို သွင်းဂိုး စုစုပေါင်း




၁၀၁ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အဓိက ကစားသမား တစ်ဦး ဖြစ်သူ ရပ်ရှ်ဖို့ဒ် ဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ လက်ရှိ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး အပိုထပ်ဆောင်း တစ်နှစ် တိုးခွင့် ရှိပေမယ့် လာမယ့် ဇန်နဝါရီလမှာ




အင်္ဂလန် ပြင်ပ ကလပ် အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေ ဆွေးနွေးနိုင်တော့မှာ ဖြစ်လို့ ပီအက်စ်ဂျီ က ဒီ အခွင့်အရေးကို အသုံးချဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်၊ မန်ချက်စတာ ယူနိုက်တက် ကတော့ အသင်းရဲ့ အဓိက ကစားသမား ဖြစ်သူ ရပ်ရှ်ဖို့ဒ် ကို အသင်းကနေ




အလွတ် ပြောင်းရွှေ့ကြေးနဲ့ အဆုံးရှုံးခံမှာ မဟုတ်ပဲ သက်တမ်း တိုးနိုင်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပြီး ကြိုးပမ်းမှုကို ရပ်ရှ်ဖို့ဒ် က လက်မခံခဲ့ရင်တော့ ဒါဟာ ပီအက်စ်ဂျီ အတွက် အခွင့်အလမ်း တစ်ခု ဖြစ်လာနိုင်ပါတယ်။ ပီအက်စ်ဂျီ ဟာ ရပ်ရှ်ဖို့ဒ်ကို အရ ခေါ်ယူဖို့အတွက် တစ်ပတ်လုပ်ခ




ပေါင် ၈၅၀၀၀၀ အထိ အသုံးပြုဖို့ စီစဉ်နေပြီး ဒီပမာဏက လက်ရှိ မန်ချက်စတာ ယူနိုက်တက် မှာ ရရှိနေတဲ့ လစာထက်လည်း ၄ ဆလောက် များပြားနေ တာကြောင့် ရပ်ရှ်ဖို့ဒ် အတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် နည်းပြ




အဲရစ် တန်ဟက်ဂ် က သူ့ လက်အောက်မှာ ခြေစွမ်း တိုးတတ်လာပြီး အလားအလာ ကောင်းတွေ ရှိတဲ့ ရပ်ရှ်ဖို့ဒ် ကို အသင်း ပြောင်းဖို့ထက် မန်ချက်စတာ ယူနိုက်တက် မှာပဲ ဆက်ရှိနေဖို့ တိုက်တွန်း ထားသလို ဘာပေ နဲ့ ခိုင်းနှိုင်းမှုတွေပါ လုပ်ဆောင်ထား ခဲ့ပါသေးတယ်။

ဒါပေမယ့် ကစားသမားရဲ့ အနာဂတ်ကို ကစားသမား ကိုယ်တိုင် ဆုံးဖြတ်ချက် ချသွားမှာ ဖြစ်လို့ ရပ်ရှ်ဖို့ဒ် ရဲ့ ဆုံးဖြတ်ချက်ကို စောင့်ကြည့်ရ လိမ့်မယ်လို့ ပြောဆိုထား ခဲ့ပါတယ်။

credit