ရော်နယ်ဒိုရဲ့ နောက်ကွယ်က ပြသနာတွေ အကြောင်း ပြောဆိုလာတဲ့ ဇလာတန်

အေစီမီလန် တိုက်စစ်မှူး ဇလာတန် အီဗရာဟီ မိုဗစ် က မန်ချက်စတာ ယူနိုက်တက် ကနေ ရော်နယ်ဒို ထွက်ခွာ သွားခဲ့ရတဲ့ နောက်ကွယ်က ပုံပြင်ကို ပရိသတ်တွေ သိနိုင်မှာ မဟုတ်ဘူးကြောင်း ပြောဆိုလိုက်ပါတယ်။




Manchester United ဟာ ပြီးခဲ့တဲ့ လ က ပီယာစ် မော်ဂန်နဲ့ အင်တာဗျူး လုပ်ဆောင််ခဲ့တဲ့ ရော်နယ်ဒိုနဲ့ အဆင်မပြေ နိုင်တော့မှု တွေကြောင့် နှစ်ဘက် သဘောတူညီိ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဥ် မှာတော့




မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ရော်နယ်ဒို အသင်းက ထွက်ခွာချင်တဲ့ အကြောင်း သူ့ရှေ့မှာ ဘယ်တုန်းကမှ ထုတ်ပြောခဲ့တာ မရှိကြောင်း ဖွင့်ဟခဲ့ ပါသေးတယ်။ အခုဆိုရင် ဒီအကြောင်းကို အဲရစ် တန်ဟက်ဂ် ရော ရော်နယ်ဒို ပါ လူသိရှင်ကြား ပြောခဲ့ကြပြီးပြီ ဖြစ်ပါတယ်။




ဒါပေမဲ့ Manchester United တိုက်စစ်မှူးဟောင်း ဇလာတန် က နောက်ကွယ်က ပုံပြင်ကို ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဇလာတန် က သူ အသင်းမှ ထွက်ခွာသွားခဲ့ပြီ၊ ဒါမျိုး ဖြစ်ပျက်သွား ပြီးချိန်မှာ ကျွန်တော်တို့ အမှန်တရာကို လုံးဝ သိနိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။




သူတို့ကတော့ public အကြားမှာ သူတို့တွေ ပြောချင်တာ အကုန်ပြော သွားကြမှာပါ၊ ရော်နယ်ဒို က သူ့ကိုယ်သူ ကာကွယ်ဖို့ ပြောဆိုသင့်တာတွေ ပြောဆိုသွားခဲ့ပါတယ်၊ အဲ့ဒီနောက် နည်းပြ ဖြစ်သူကလည်း သူ့ကိုယ်သူ ပြန်လည် ကာကွယ်ဖို့ ပြောဆိုသင့်တာတွေ ပြန်လည် ပြောဆိုသွားခဲ့ပါတယ်။




အသင်းဘက် ကလည်း ပြောစရာရှိတာ ပြောလိုက်တာပါပဲ၊ ကျွန်တော်နဲ့ ဘယ်တူလိမ့်မလဲ ကျွန်တော်သာ ဆိုရင် ဒါတွေ ဘယ်လို ဖြစ်ပျက် သွားခဲ့တာလဲ ဆိုတာကို ထုတ်ပြောလိုက်မှာပါ၊ ကျွန်တော်တို့က ခြားနားတယ်၊ လူတိုင်းက ကိုယ့်ပုံရိပ်နဲ့ ပတ်သက်လို့ သတိထားကြပါတယ်။

ကျွန်တော့် အတွက် ပြီးပြည့်စုံတဲ့ ပုံရိပ်က စိတ်ထဲမှာ ရှိသလို နေထိုင်ပြော ဆိုတာပါ၊ ဒါပေမဲ့ ပုံပြင် အမှန်ကိုတော့ ကျွန်တော်တို့ သိနိုင်မှာ မဟုတ်ဘူး သူငယ်ချင်းရေ လို့ ဇလာတန်က ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

credit