ရော်နယ်ဒိုရဲ့ အနာဂတ်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာတဲ့ ပေါ်တို ဥက္ကဌ

ပေါ်တိုအသင်း ဥက္ကဌ ပင်တိုဒါ ကော်စတာ က ပေါ်တူဂီ က ဘယ်ကလပ် အသင်းမဆို ရော်နယ်ဒို ရဲ့ လုပ်ခလစာ အတိုင်း ပေးချေနိုင်ခြင်း မရှိဘူးလို့ မှတ်ချက်ပြု ပြောကြားလိုက်ပြီး




သူ့အနေနဲ့ အသင်းလက်မဲ့ ဖြစ်ဖွယ်သာ များကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒို ဟာ ပီယာ့စ် မော်ဂန် နဲ့ အင်တာဗျူး ရုပ်သံ ထွက်ပေါ်လာ ပြီးနောက် ကမ္ဘာ့ဖလား မစတင်ခင် အချိန်မှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းခဲ့ရပြီး




free agent ကစားသမား တစ်ဦး ဖြစ်လာခဲ့တာပါ။ ကလပ်အသင်း လက်မဲ့ ဖြစ်သွားချိန်မှာ ရော်နယ်ဒို ဟာ အသင်းပေါင်း များစွာနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး သူရဲ့ အသင်းဟောင်း ဖြစ်တဲ့ ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်း နဲ့ပါ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ရော်နယ်ဒို ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး




ပေါ်တို ဥက္ကဌ ဒါကော်စတာက စိတ်ဝင်စားတဲ့ ကလပ် အသင်းတွေ အများကြီးဆိုတော့ သူ့အပေါ်ပဲ မူတည်နေမှာပါ၊ ဒါပေမယ့် ပေါ်တူဂီ မှာတော့ သူရရှိနေတဲ့ လစာအတိုင်း ပေးစွမ်းနိုင်တာမျိုး ဘယ်အသင်းမှာမှ ရှိမနေပါဘူး၊ အဲ့ဒါအတွက် သူ့မှာ တန်ဖိုးရှိနေပါတယ်၊ သူကို ခေါ်ယူဖို့ဆိုတာ မလွယ်ပါဘူး။




သူ့ အနေနဲ့ ကလပ်အသင်း လက်မဲ့ ဖြစ်ချေက မိားပါတယ်။ လို့ မှတ်ချက်ပြု သွားခဲ့ပါတယ်၊ ရော်နယ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဒုတိယ အကြိမ် လမ်းခွဲပြီးနောက် ကလပ် အသင်းတွေနဲ့ သတင်းထွက်ခဲ့ရာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဆင်နွဲနေစဉ် အတွင်းမှာပဲ ဆော်ဒီ ကလပ် အယ်လ်နက်စ်ဆာ နဲ့ သတင်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါ‌တယ်။




သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်း မီဒီယာတွေက ဖော်ပြလာခဲ့တာကြောင့် ရော်နယ်ဒို ဘက်က ဒီသတင်းတွေကို ငြင်းပယ်ခဲ့ပါတယ်၊ လက်ရှိ သူ့အသင်းဟောင်း လည်းဖြစ် သူရဲ့အောင်မြေ အသင်းလည်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အားကစား စင်တာမှာ လေ့ကျင့်ခန်း ဆင်းမှုတွေ ပြုလုပ်နေတာကြောင့်




ရီးရဲလ်နဲ့ ပြန်ပေါင်းစည်း မှာလား ဆိုပြီး မေးခွန်းတွေ ထွက်လာခဲ့ ပြန်ပါတယ်၊ ရော်နယ်ဒို ဟာ လက်ရှိမှာ ပေါ်တူဂီ အသင်းနဲ့ အတူ ၂၀၂၂ ကမ္ဘာ့ဖလားကို ကွာတားဖိုင်နယ် အထိပဲ ရောက်ရှိ နိုင်ခဲ့တာကြောင့် စိတ်ပျက်လျက် ရှိနေပေမယ့် မကြာခင်မှာ သူရဲ့ ကလပ်အသင်း ကစားသမားဘဝ အနာဂတ်အတွက် အသင်းသစ် တစ်သင်းကို ရှာဖွေနိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

credit