နည်းပြချုပ် အဲရစ် တန်ဟက် ဆန္ဒသည့် အတိုင်း ပေါင် 43 သန်းနှင့် ကြယ်တစ်ပွင့်ကို ခေါ်ယူဖို့ တစ်ပတ်အတွင်း ကမ်းလှမ်းမှု ပြုလုပ်သွားမည့် မန်ယူ

Manchester United အသင်းဟာ အိုင့်ဟိုဗန် အသင်းရဲ့ တိုက်စစ်မှူး ကိုဒီ ဂက်ပို ကို ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်းနဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ ဈေးကွက်မှာ ကမ်းလှမ်းသွားရန် ရှိကြောင်း သိရပါတယ်။




အသက် ၂၃ နှစ်အရွယ် ကိုဒီ ဂက်ပို ကို မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ပြီးခဲ့တဲ့ နွေရာသီ တည်းက နှစ်သက် သဘောကျနေပြီး ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး ဖြစ်ပါတယ်၊ ဒါပေမယ့် ဈေးကွက် ပိတ်သိမ်းဖို့ နီးကပ်လာမှုကြောင့်




အန်တိုနီ သာ ဦးစားပေး ခေါ်ယူခဲ့ရပြီး ယခုတော့ အသင်းနဲ့ နှစ်ဦး နှစ်ဘက် သဘောတူ လမ်းခွဲသွားပြီး ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ရဲ့ နေရာမှာ အစားထိုးရန် အတွက် တိုက်စစ်မှူး တစ်ဦးကို အစွမ်းကုန် ကြိုးစား ခေါ်ယူဖို့




အစီအစဉ် စတင်လာတာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သုံးဂိုး သွင်းနိုင်ခဲ့တဲ့ ဂက်ပို ကို ခေါ်ယူရေး အတွက် လာမယ် တစ်ပတ်မှာပဲ




တရားဝင် ကမ်းလှမ်းမှု တစ်ခုကို စတင် ပြုလုပ်သွားဖွယ် ရှိကြောင်း မီဒီယာများက ဖော်ပြသွားခဲ့ကြပါတယ်။ ကိုဒီ ဂက်ပို ဟာ အိုင့်ဟိုဗန်မှာ တောင်ပံ တိုက်စစ် နေရာမှာ ကစားသော်လည်း နိုင်ငံ အသင်းမှာ




တိုက်စစ်မှူး စစ်စစ် နေရာမှာ ကစားသူ ဖြစ်ပြီး ကမ္ဘာ့ဖလားမှာ ၅ ပွဲ ကစားပြီး သုံးဂိုးထိ သွင်းယူပေးနိုင် သောကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း တာဝန်ရှိ သူများကလည်း နည်းပြချုပ် အဲရစ် တန်ဟက်ဂ် ရဲ့ ဆန္ဒ အတိုင်း ဂက်ပို ကို ခေါ်ယူပေးရန် အတွက် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

credit