ပြင်သစ်ကို အာဂျင်တီးနား ဘယ်နှစ်ဂိုး ပြတ်နဲ့ ရှုံးနိမ့်မလဲ ဆိုတာ ခန့်မှန်းပေးလိုက်တဲ့ ခရစ်ဆက်တန်

မနေ့ ညက တတိယ နေရာ လုပွဲမှာ ခရိုအေးရှား က မော်ရိုကို အသင်းကို အနိုင်ရပြီး တတိယ နေရာကို သိမ်းပိုက်ခဲ့ပြီ ဖြစ်ပါတယ်၊ ဒီကနေ့ ညမှာတော့ အာဂျင်တီးနား နဲ့ ပြင်သစ် ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားကြမှာပါ၊ ဗိုလ်လုပွဲဟာ ဒီကနေ့ တနင်္ဂနွေ ည ၉ နာရီခွဲ မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။




ခရစ်ဆက်တန် ကတော့ အာဂျင်တီးနား နဲ့ ပြင်သစ် ဗိုလ်လုပွဲကို ယခုလို ခန့်မှန်းသွားခဲ့ပါတယ်။ ခရစ်ဆက်တန်က ‘ပြင်သစ်က နားလည်ရခက်တဲ့ အသင်းပါ၊ သူတို့ကို အများကြီး မျှော်လင့်ပြီး စောင့်ကြည့်ဖြစ်ပေမယ့် အမြဲတမ်း ငြီးငွေ့စရာ ဖြစ်ခဲ့တယ်၊ သူတို့ဆီက ဒိထက် အများကြီး ပိုကောင်းနိုင်စရာ ရှိနေသေးတယ်ပဲ တွေးမိတယ်။




လက်ရှိချန်ပီယံ ပြင်သစ်က စိတ်လှုပ်ရှားဖို့ ကောင်းတာထက် ထိရောက်မှု ရှိတယ်လို့ပဲ ပြောရမယ်၊ သူတို့ကို ကြည့်ရတာ လမ်းဟောင်းက သွားနေတဲ့ ကားဟောင်း တစ်စီးလိုပါပဲ၊ သူတို့မှာ ထုတ်သုံးစရာ အရည်အသွေး ကောင်းတွေ ရှိနေပါသေးတယ်၊ ဒါတွေ မသုံးဘဲနဲ့လဲ လိုချင်တဲ့ ခရီးလမ်းကို အရောက်သွားနိုင်မယ့် ပုံပါ။




အင်္ဂလန်သာ ဒီလို အနေအထားမျိုးဆို ကျနော်တို့ သိပ်ကြိုက်မှာပါ၊ ကမ္ဘာ့ဖလားကို ရှုံးပွဲတွေ ပြသနာတွေ မရှိဘဲ ရယူနိုင်မယ် ဆိုရင် သိပ်ကောင်းမှာ၊ တဖက်မှာ ပြင်သစ် လူထုကလည်း သူတို့အသင်းကို မန်ချက်စတာ စီးတီးလို စပိန် အသင်းလို ကစားတာ မြင်ချင်လိမ့်မယ်။




စပိန်ဆို ဘောလုံး ပိုင်ဆိုင်မှုမှာ သိပ်ပိုင်တယ်၊ ဂိုးပေါက် ကန်ချက် အချို့လည်းရှိပြီး ပွဲကို လွှမ်းမိုးနိုင်တယ်၊ ဒီစတိုင်နဲ့ ပွဲတွေသာ မနိုင်ခဲ့တာပါ၊ ဒါပေမယ့် ပြင်သစ် မန်နေဂျာ ဒီဒီယာ ဒပ်ချမ့် က လက်တွေ့ကျ သူ တစ်ဦးပါ၊ တခြားသူတွေ ဘယ်လိထင်မှာ ထည့်တွေးနေမှာ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ လေးနှစ်ကလည်း သူတို့ ကစားပုံက ပျင်းဖို့ ကောင်းတယ် ဘာညာ ပြောခဲ့ကြတယ်။




ဒါပေမယ့် ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့ကြတယ်၊ ဘောလုံးကို ခြေထဲမှာ တချိန်လုံး ထိန်းဖို့ ပြင်သစ်က စိတ်ဝင်စားပုံ မရဘူး၊ မော်ရိုကို ဆိုရင် စပိန်နဲ့တုန်းက ဘောလုံးပိုင်ဆိုင်မှု 23% ပဲရှိခဲ့ပေမယ့် ပြင်သစ်နဲ့ ပွဲမှာ 61% ရခဲ့တာပါ၊ ပြင်သစ်က ဘောလုံးကို အေးအေး ဆေးဆေး အပေးအယူလုပ် ကစားနေတတ်တဲ့ ဟန် မဟုတ်ဘူး။




ဒီအစား တိုက်စစ်ကို ခပ်သွက်သွက် ဘောလုံး ပေးပြီး အခွင့်ကောင်းကနု အချိန်ကိုက် ယူဖို့လုပ်တယ်၊ အမ်ဘတ်ပီလို ကစားသမား အသင်းမှာ ရှိဝာက လိုအပ်ချိန်မှာ သူတို့ ဒါမျိုး ဖောက်ထွက်နိုင်တယ်၊ အမ်ဘတ်ပီက ကြံ့ခိုင်မှု အပြည့်နဲ့ ပွဲစတည်းက စွမ်းဆောင် ကစားနေသူ ဖြစ်ပြီး ဒါက လုံလောက်ပါတယ်။




ဂျီရူးကလည်း အဆုံးသတ် ဂိုးတွေ ဖော်ဆောင်နေသလို ဂရစ်စမန်း ကလည်း အားလုံး ချိတ်ဆက်ပေးနေတယ်၊ ဒါအလုပ်ဖြစ်တယ်၊ ဒါကို အခုမှတော့ သူတို့ ပြောင်းလဲမှာ မဟုတ်ဘူး။ လီယွန်နယ် မက်ဆီ နဲ့ အမ်ဘတ်ပီ အာဂျင်တီးနား ကလည်း ပြင်သစ်လိုပဲ ဘောလုံးကို ခြေထဲထိန်းထားဖို့ သိပ် စိတ်မဝင်စားတဲ့ အသင်းပါ။




သူတို့က ထိထိ ရောက်ရောက် ထက် စိတ်ဓာတ်နဲ့ ပိုပြီး တင် ကစားတဲ့ အသင်း၊ မက်ဆီ ရဲ့ ဒီပြိုင်ပွဲက ခြေစွမ်းပြချက်တွေက သိသာခဲ့တယ်၊ ဘတ်ပီ ပြင်သစ်အတွက် လုပ်ပေး နေသလိုပါပဲ၊ ဒီပြိုင်ပွဲရဲ့ အုပ်စု အဖွင့်ပွဲမှာ ဆော်ဒီ အာရေဗျ ကို ရှုံးလိုက်တဲ့နောက် အာဂျင်တီးနားက ဖိအားအောက် တန်းရောက် သွားတယ်၊ ဒါကို သူတို့ အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့တယ်။




ပရိသတ်ရဲ့မျှော်လင့်ချက် မြင့်မားလို့ ဖိအားရှိပေမယ့် သူတို့က အသင်းကို စိတ်အား တက်အောင် တင်ပေးနိုင် ခဲ့တယ်၊ သူတို့ရဲ့ ထူးချွန်တဲ့ အားပေးမှုတွေက အားရစရာပါ၊ ပြင်သစ်နဲ့ ဖိုင်နယ်မှာ သူတို့ရဲ့ အပြတ်အသတ် အားပေးမှုတွေ မြင်ရဦးမှာပါပဲ၊ အခုထိ လေ့လာခဲ့ရ သလောက်တော့ သူတို့ ပွဲထဲမှာ ဂိုးမပေးရအောင် ထိန်းထားရင်းနဲ့ လီယွန်နယ် မက်ဆီ အတွက် အစွမ်းပြနိုင်မယ့် အခွင့်ကောင်းကို စောင့်မှာပါ။




မက်ဆီက သူတို့အသင်း အတွက် အရေးကြီး ပုဂ္ဂိုလ် ဖြစ်တယ်၊ ဂျူလီယန် အဲဗာရက်စ် လည်း သိပ်ကောင်းတယ်၊ သူကလည်း ခံစစ်ကို ကျော်ဖြတ်ပြီး ဂိုးပေါက်ကို ခြိမ်းခြောက် နိုင်သူပါ၊ ယေဘူယျ ယှဉ်ကြည့်မယ် ဆိုရင်တော့ ပြင်သစ်က တိုက်စစ်အား ပိုများပါတယ်။ ကျနော်က အာဂျင်တီးနားဘက် ပိုယိမ်းချင်တယ်။




လီယွန်နယ်ကြောင့်တင် မဟုတ်ဘူး၊ ဒါပေမယ့် ခန့်မှန်းချက် ထုတ်ဖို့ ဆိုရင် ကျနော် ပြင်သစ် နိုင်မယ်လို့ ပြောရမှာပါ၊ ကမ္ဘာ့ဖလား မစတင်ခင်တည်းက သူတို့ဘက်က ကျနော် အားပေးခဲ့တယ်၊ သူတို့ ဘယ်လို ပုံစံနဲ့ နိုင်မလဲ ဆိုရင်တော့ ကျနော်က ဒီဖိုင်နယ်ပွဲကို နှစ်သင်းလုံး ဆီက အလှပဆုံး ဘောလုံး ကစားဟန်တွေနဲ့ သန့်သန့်ရှင်းရှင်း ကစားတဲ့ပွဲ ဖြစ်စေချင်တယ်။




ဒါပေမယ့် ပွဲ တကယ် စရင်တော့ တစ်ဦးချင်း ထူးချွန် အစွမ်းပြမှု တွေလည်းပါမှာဖြစ်လို့ မျှော်လင့်သလို ဖြစ်ချင်မှ ဖြစ်လာမှာပါ၊ ဒီပွဲက ပိုလန် ဒိုင်လူကြီး Szymon Marciniak အပေါ်လည်း မူတည်နိုင်တယ်၊ သူက အဝါကတ် အနီကတ်တွေ ထုတ်သုံးရတာ ပျော်မွေ့တဲ့ သူလား ဘာညာပေါ့၊ ကျနော် အာဂျင်တီးနား ပွဲတွေ အတော် ကြည့်ဖြစ်ခဲ့တယ်။

သူတို့က မာတဲ့ ဒိုင်လူကြီးမျိုး နဲ့သာ တွေ့မယ် ဆိုရင် တချို့ ပွဲတွေမှာ ကတ်တွေ ပလူပျံပြီး ပိုအပြစ်ပေး ခံခဲ့ရမယ်လို့ ထင်တယ်၊ ဘာဖြစ်လို့လဲဆို သူတို့ ကစားပုံက တွန်းတွန်း တိုက်တိုက် များတယ်၊ ဒီတော့ ဒီပွဲမှာ အနီကတ်တွေ မြင်ရမယ် ဆိုရင် ကျနော် အံ့သြမိမှာ မဟုတ်ဘူး၊ အထူးသဖြင့် အာဂျင်တီးနား ခံရရင်ပေါ့။

သူတို့ရဲ့ စိတ်အား ထက်သန်မှုကြောင့် အာဂျင်တီးနား ကစားတာကို ကြည့်ရတာ သိပ် သဘောကျတယ်၊ သူတို့ နိုင်ပွဲရဖို့ ဘာမဆို လုပ်ပြီး အားထုတ်ပါလိမ့်မယ် သူတို့ အုပ်စုပွဲမှာ ထိပ်တိုက် တွေ့တုန်းက ကျနော် ကြည့်ဖြစ်ခဲ့တယ်၊ သူတို့က အမ်ဘတ်ပီကို ခပ်ကြမ်းကြမ်း ယှဉ်ကစားတာပါ၊ ပြင်သစ်က ၂၀၁၈ တုန်းက 16 သင်း အဆင့်မှာ အာဂျင်တီးနားကို အနိုင်ကန်ခဲ့တာပါ။

ဒီ တကြိမ်လည်း အဲဒီလို ပုံစံပဲ ဖြစ်ပါလိမ့်မယ်၊ အာဂျင်တီးနား ကစားသမားတွေက သူတို့ ဝတ်ဆင်ထားတဲ့ နိုင်ငံအသင်း ဂျာစီ အတွက် ပရိသတ်တွေ အတွက် မက်ဆီ အတွက် မက်ဆီကို အမြင့်ဆုံး အဆင့်ထိ ပို့ပေးချင်တဲ့ အတွက် သေချာ တိုက်ပွဲ ဝင်လိမ့်မယ်၊ သူတို့ရဲ့ တွန်းတွန်း တိုက်တိုက် ကစားဟန်ကို နည်းနည်းတော့ ထိန်းရမယ်၊ သိပ်ကြီး ထိန်းနိုင်လိမ့်မယ် လို့ ကျနော် မထင်ဘူး။

နှစ်သင်းလုံး ကြမ်းကြမှာ၊ ပြင်သစ် ကလည်း ယှဉ်ချဖို့ တွန့်နေမယ့် အသင်း မဟုတ်ဘူး၊ အာဂျင်တီးနား အသင်းသာ ရှုံးမယ်ဆိုရင် ပွဲက အေးဆေး ဖြစ်လာမှာ မဟုတ်ဘူး၊ ပွဲဆူမှာပဲ၊ လို့ ဆိုလိုက်ပါတယ်၊ ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ် အာဂျင်တီးနား 1-3 ပြင်သစ် ဖြစ်ပါတယ်။

credit