ဂက်ပိုနဲ့ ပတ်သက်ပြီး မန်ချက်စတာ ယူနိုက်တက် အနေနဲ့ မျှော်လင့်ချက် ထားသင့် မထားသင့် အရိပ်အမြွက် သတင်းဆိုလိုက်တဲ့ နစ္စတယ်ရွိုင်း

Manchester United ကို Erik Ten Hag ရောက်လာပြီး နောက်ပိုင်း ခံစစ် ကွင်းလယ် တောင်ပံတိုက််စစ် နေရာတို့ကို အင်အားဖြည့် လိုခဲ့ပြီး ခံစစ်ကို မာတီနက်ဇ်၊ ကွင်းလယ်ကို ကတ်စမဲရိုး၊ အဲရစ်ဆင် တို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်




တောင်ပံ တိုက်စစ် နေရာ အတွက် Erik Ten Hag က တပည့်ဟောင်း အန်တိုနီကို ခေါ်ယူလိုခဲ့တယ်၊ ဒါပေမဲ့ အေဂျက်ဇ်က စျေးကိုင်နေခဲ့သလို ကစားသမားကို ရောင်းထုတ်နိုင်ခြေ သိပ်မရှိကြောင်း အရိပ်အယောင်ပြခဲ့တဲ့ အတွက် အကြံပြောင်းခဲ့ရပါတယ်။




အဲ့ဒီ နေရာမှာ Erik Ten Hag က နယ်သာလန် လိဂ်မှာ ခြေစွမ်းပိုင်း အကျွမ်းတဝင် ဖြစ်ခဲ့ဖူးတဲ့ ပြိုင်ဘက် PSV အသင်း တောင်ပံ တိုက်စစ် ကစားသမား ကိုဒီ ဂတ်ပိုကို ခေါ်ယူဖို့ အစီအစဥ် ပြောင်းခဲ့ပြီး သူနဲ့ စကားတောင် ပြောဆို ဖြစ်ခဲ့ဝာာပါ။




ကစားသမား ကိုယ်တိုင်ကလည်း နောက်ပိုင်းမှာ ဖွင့်ဟ ဝန်ခံထားခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမဲ့ အဆုံးသတ်မှာ အလှည့် အပြောင်းတွေ ဖြစ်ပွားခဲ့ပြီး တန်ဟက်ဂ်ရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်သူ အန်တိုနီကို ပေါင် 85 သန်းနဲ့ ခေါ်ယူနိုင်ခဲ့ ကြတာပဲ ဖြစ်ပါတယ်။




ဒီနောက် မန်ချက်စတာ ယူနိုက်တက် နဲ့ ကိုဒီ ဂတ်ပိုရဲ့ သတင်းဟာ ဆိတ်ငြိမ်ခဲ့ပြီး ဒီလို အချိန်မှာ ဂတ်ပိုဟာ နယ်သာလန်လိဂ်မှာ ဘောလုံးရာသီရဲ့ သုံးပုံ တစ်ပုံသာ အချိန် ကုန်ဆုံးသေးချိန် PSV အတွက် 13 ဂိုး သွင်းယူ 17 ဂိုး ဖန်တီးပေးနိုင််ခဲ့ပါတယ်။




သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကစားရမယ့် နယ်သာလန် လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံခဲ့ရပြီး ပွဲထွက် ကစားသမား အဖြစ် ပါဝင်ခွင့် ရခဲ့ပါတယ်၊ အဲ့ဒီအချိန်မှာ ရော်နယ်ဒိုရဲ့ အင််တာဗျူးကြောင့် မန်ချက်စတာ ယူနိုက်တက် နဲ့ လမ်းခွဲခဲ့ရပါတယ်။




အခြားတဘက်မှာ ကိုဒီ ဂတ်ပိုကလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲ အုပ်စုပွဲစဥ် သုံးပွဲမှာ တစ်ဂိုးစီ သွင်းယူနိုင်ခဲ့ပြီး တိုက်စစ်ပိုင်း နေရာစုံ ကစားပေးနိုင်သူ ဖြစ်ကြောင််း သက်သေ ပြနိုင်ခဲ့ပြီး တိုက်စစ်မှူး တစ်ဦး လိုအပ်နေတဲ့ တန်ဟက်ဂ်က ဂတ်ပိုကို ပြန််လည် မြှားဦးလှည့်လာခဲ့တာပဲ ဖြစ်ပါတယ်။




PSV အသင်းက သူ့ကို ဒီဆောင်းရာသီမှာ လက််လွှတ်ခံမှာ မဟုတ်ဘူးလို့ သတင်းတွေ ထွက်ခဲ့ပြီး နောက်ပိုင််းတော့ မန်ချက်စတာ ယူနိုက်တက် ဟာ နယ်သာလန်သားကို လာမည့်နွေမှပဲ ခေါ်ယူခွင့် ရရှိနိုင်တော့မယ်လို့ သတင်းကြီးသွားခဲ့ပါတယ်။ အခုတော့ PSV နည်းပြ ဖြစ်သလို

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး‌ဟောင်းလည်း ဖြစ််တဲ့ နစ္စတယ်ရွိုင်းက သူ့ဘက်မှ ကစားသမားကို နွေမှ လက်လွှတ်ချင်ပေမဲ့ ဘာမဆို ဖြစ်လာနိုင်ကြောင်း ပြောရင်း လမ်းစဖွင့်သွား ခဲ့ပါတယ်။ နစ္စတယ်ရွိုင်းက

ရွေးချယ်ခွင် ရှိရင် နွေရာသီကို ပိုပြီး ကြိုက်နှစ်သက်မိမှာပါ၊ ဒါပေမယ့် အဲ့တာက အခုလည်း ဖြစ််သွားနိုင်ပါတယ်၊ ကျွန်တော်က နိုးပါလို့ ပြောလို့ မရနိုင်တဲ့ အချိန်မျိုး ရောက်လာနိုင် တယ်ဆိုတာကို သိထားတယ်လေ၊ လို့ နစ္စတယ်ရွိုင်းက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

credit