နှစ်သင်းလုံး ကောင်းခဲ့ပေမယ့် နတ်ကြီးလို့ ကမ္ဘာ့ဖလား ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်တဲ့ မက်ဆီနဲ့ အာဂျင်တီးနား ပြင်သစ် ဗွီအက်စ် အာဂျင် ပွဲပြီး သုံးသပ်ချက်

မနေ့ည ကိုးနာရီ သုံးဆယ် မိနစ်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကြီးမှာ အာဂျင်တီးနား နဲ့ ပြင်သစ် အသင်းတို့ဟာ အပြန်အလှန် သွင်းဂိုးတွေနဲ့ နာကျင် အချိန်ပိုထိ 3-3 နဲ့ ညီမျှနေခဲ့ကြပြီး ပင်နယ်တီ အဆုံးအဖြတ်နဲ့ အာဂျင်တီးနား က နောက်ဆုံးမှာ အနိုင် ရရှိသွားခဲ့ပါတယ်။

ပထမပိုင်း အစမှာပဲ မာတီနက်ဇ် ကို ဂရစ်ဇ်မန်း ဖိအားပေးခဲ့ပြီး အာဂျင်တီးနားအသင်း ကလည်း ဘောလုံး ပိုင်ဆိုင်မှု ရယူပြီး တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပါတယ်၊ ပွဲ ကစားချိန် ၁၇ မိနစ်မှာ ဒီမာရီယာ ရဲ့ ကန်ချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပြီး ၁၉ မိနစ်မှာ ဂရစ်ဇ်မန်း ရဲ့ အလွတ် တည်ကန်ဘောက တဆင့်




ဖြတ်တင်ပေးပို့မှုကို ဂျီရူး ဒိုင်ဗင်ထိုး ခေါင်းတိုက်ခဲ့ပေမယ့် ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာ ဖြစ်ပါတယ် ၂၁ မိနစ်မှာတော့ အယ်လ်ဗာရက်ဇ် ပေးပို့တဲ့ ဘောလုံးကို ဒီမာရီယာ က ဘောလုံးပေးဖို့ ကြည့်နေချိန်မှာ ဒမ်ဘီလီက နောက်ကနေ ခြေချိတ်ခဲ့တယ် ဆိုပြီး ဒိုင်လူကြီးက အာဂျင်တီးနား ကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့ပါတယ်။




အာဂျင်တီးနားအသင်း အတွက် ပင်နယ်တီကို လီယွန်နယ် မက်ဆီ က တည်တည် ငြိမ်ငြိမ် နဲ့ ကန်သွင်းခဲ့ပြီး လိုရစ် ဘက်မှားပြီး ဒိုင်ဗင် ပစ်မိခဲ့တာကြောင့် အာဂျင်တီးနား တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့တာ ဖြစ်ပါတယ် ပြင်သစ် အသင်းဟာ အာဂျင်တီးနား ရဲ့ ဦးဆောင်ဂိုးကို လျင်လျင်မြန်မြန် တုံ့ပြန်ဖို့ ကြိုးပမ်းခဲ့ပေမယ့်

ကိုယ့် ကွင်းဘက်ခြမ်းက ထွက်တဲ့အချိန်မှာ ဘောလုံးကို ထိန်းသိမ်းဖို့ ခက်နေခဲ့ပြီး အမ်ဘာပေ ကိုလည်း မိုလီနာ က လှုပ်မရအောင် အသေကပ် ထားနိုင်ခဲ့ပါတယ်၊ ၃၆ မိနစ် မှာတော့ အူပါမီကာနို ဘောလုံး ဆုံးရှုံးသွားချိန်မှာ အာဂျင်တီးနား က လျင်မြန်တဲ့ တန်ပြန် တိုက်စစ်ဆင်ခဲ့ပြီး မက်ဆီ က မက်အယ်လစ္စတာရဲ့ ပြေးလမ်းကြောင်းထဲကို ထိုးပေးခဲ့ရာမှာ မက်အယ် လစ္စတာ က




တကိုယ်ကောင်း မဆန်ဘဲ ဒီမာရီယာ ကို ခင်းပေးခဲ့တဲ့ အတွက် လိုရစ်နဲ့ တစ်ဦးချင်း ကန်သွင်းခဲ့ပြီး ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်၊ ပြင်သစ်နည်းပြ ဒက်စ်ချမ့် ဟာ ၄၁ မိနစ်မှာ ပင်နယ်တီ ပြစ်ဒဏ်ဘော ပေးရအောင် အမှား ကျူးလွန်ခဲ့တဲ့ ဒမ်ဘီလီ ရဲ့ နေရာမှာ မူအာနီ၊ အိုလီဗီယေး ဂျီရူး ရဲ့နေရာမှာ




မားကပ်စ် သူရမ် တို့ကို အပြောင်းအလဲ ပြုလုပ် ကစားစေခဲ့ပြီး မပျော်မရွှင် ဖြစ်နေမှုကို ရှင်းရှင်း လင်းလင်း ပြသခဲ့ပါတယ်၊ ဒုတိယပိုင်းမှာ ပြင်သစ်က ချေပဂိုး ပြန်လည် ရရှိဖို့ ကြိုးပမ်းခဲ့ ပေမယ့်လည်း အာဂျင်တီးနား အသင်းက ပွဲအရှိန်ကို ကောင်းကောင်း ထိန်းချုပ် ထားနိုင်ခဲ့ပြီး ၅၈ မိနစ်မှာ အယ်လ်ဗာရက်ဇ် ပင်နယ်တီ ဧရိယာ ဘယ်အစွန် ကနေ

ထောင့်ကျဉ်း အနေအထား နဲ့ ကန်သွင်းမှုကို လိုရစ်က နေရာယူ မှန်မှန်နဲ့ ကာကွယ်နိုင်ခဲ့ပါတယ်၊ နောက် တစ်မိနစ် အကြာမှာ ဒီမာရီယာ ဘယ် တောင်ပံကနေ တကိုယ်တော် ထိုးဖောက်မှု ပြုလုပ်ပြီး ပေးပို့တဲ့ ဘောလုံးကို လီယွန်နယ် မက်ဆီ က တစ်ချက်ထိန်းပြီး ညာခြေနဲ့ ကန်သွင်းခဲ့ရာမှာ ဂိုးဘေးကို ဝိုက်ထွက် ခဲ့တာကြောင့် အာဂျင်တီးနား တို့ နောက်ထပ် ဦးဆောင်ဂိုး ရရှိမယ့် အခွင့်အရေးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်။




၆၃ မိနစ်မှာ အာဂျင်တီးနား တန်ပြန် တိုက်စစ်ကနေ တဆင့် လီယွန်နယ် မက်ဆီ ခင်းပေးလိုက်တဲ့ ဘောလုံးကို အယ်လ်ဗာရက်ဇ် က မက်အယ်လစ္စတာ ရဲ့ ပြေးလမ်းထဲ ခင်းပေးခဲ့ပေမယ့် ပြင်သစ် နောက်ခံလူ အူပါမီကာနို က ခန္ဓာကိုယ်နဲ့ တွန်းပြီး ကာကွယ်ခဲ့တာကြေင့် ကန်ခွင့် မသာခဲ့တာ ဖြစ်ပါတယ်၊ မိနစ် ၇၀မှာ အမ်ဘာပေ ဘယ်တောင်ပံ ကနေ အလယ်ကို ချိုးဝင်ပြီး




ညာခြေနဲ့ အပြင်း ကန်သွင်းခဲ့ပေ မယ့်လည်း ကန်ချက်က ဂိုးဘားတန်းပေါ် တော်တော်လေး ကျော်သွားခဲ့ပြီး ပြင်သစ်ရဲ့ ရှားရှားပါးပါး ဂိုးပေါက် ခြိမ်းခြောက်မှု က အရာမထင် ဖြစ်ခဲ့ရပါတယ်၊ ၇၈ မိနစ်မှာ အာဂျင်တီးနား နောက်ခံလူ အိုတာမန်ဒီက ကိုလို မူအာနီကို ပင်နယ်တီ ဧရိယာထဲမှာ ဆွဲလှဲခဲ့တယ် ဆိုပြီး ကွင်းလယ်ဒိုင်က ပြင်သစ် အသင်းကို ပင်နယ်တီ ကန်ခွင့် ပေးခဲ့ရာမှာ

အမ်ဘာပေက ဂိုး ဘယ်ဖက် အောက်ထောင့်ကို အပြင်း ကန်သွင်းခဲ့ပြီး မာတီနက်ဇ် ဒိုင်ဗင်ပစ်တာ မှန်ခဲ့ပေမယ့် မကာကွယ် နိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက် ၁ မိနစ် အကြာမှာ ကင်းစလေ ကိုမန်း က လီယွန်နယ် မက်ဆီ ဆီကနေ ဘောလုံးကို လုယူ နိုင်ခဲ့ပြီးနောက် လျင်လျင်မြန်မြန်နဲ့ လူပေး ကစားခဲ့ရာမှာ အမ်ဘာပေက မားကပ်စ် သူရမ် နဲ့ အပေးအယူ လုပ်ပြီး




မြေမကျဘော အပြင်း ကန်သွင်း ယူခဲ့ရာမှာ မာတီနက်ဇ် မကာကွယ် နိုင်ခဲ့ဘဲ နှစ်မိနစ် အတွင်းမှာပဲ နှစ်ဂိုး ဆက်တိုက် ချေပဂိုး ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ် နာကျင် အချိန်ပို လေးမိနစ်မှာတော့ ကင်းစလေ ကိုမန်း ဘယ်တောင်ပံ ကနေ ပင်နယ်တီ ဧရိယာထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းခဲ့ရာမှာ အာဂျင်တီးနား နောက်ခံ ကစားသမား ရှင်းထုတ် ရာကနေ ထွက်လာတဲ့ ဘောလုံးကို




ကမာဗင်ဂါ က မူအာနီဆီ ပေးပို့ခဲ့ရာမှာ မူအာနီရဲ့ ကန်ချက်ကို လိုရစ် ကာကွယ် သွားနိုင်ခဲ့တာ ဖြစ်ပါတယ် ၉၇ မိနစ်မှာ လီယွန်နယ် မက်ဆီ ပင်နယ်တီဧရိယာ ထိပ်ကနေ ကန်သွင်းနေကျ ပုံစံ အတိုင်း ဘယ်ခြေနဲ့ အပြင်း ကန်သွင်းယူ ခဲ့တဲ့ ဘောလုံးကို လိုရစ် သတိရှိရှိနဲ့ ပုတ်ထုတ် ကာကွယ်နိုင် ခဲ့တာကြောင့် အာဂျင်တီးနား တို့ ဂိုး မရရှိခဲ့တာ ဖြစ်ပါတယ်။

ပုံမှန် ပွဲကစားချိန် မိနစ် ကိုးဆယ် ပြည့်မြောက်တဲ့ အထိ တစ်ဖက်နဲ့ တစ်ဖက် 2-2 သရေ ရလဒ်သာ ထွက်ပေါ်နေ တာကြောင့် အာဂျင်တီးနား နဲ့ ပြင်သစ် တို့ အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့ရပြီး နာကျင်အချိန်ပို ပထမပိုင်း ပြီးဆုံးခါနီးမှာ အာဂျင်တီးနား အသင်း ဂိုး သွင်းယူနိုင်ဖို့ ရွှေရော င်အခွင့်အရေး ရရှိခဲ့ပြီး အကူနာရဲ့ ဖြတ်တင် ပေးပို့မှုကို လော်တာရို မာတီနက်ဇ် ဂိုးသမားနဲ့




တစ်ဦးချင်း ကန်သွင်းယူမှုက အံ့အားသင့်ဖွယ် လွဲချော်သွားခဲ့ရပါတယ်၊ နာကျင် အချိန်ပို ဒုတိယပိုင်း ၁၀၆ မိနစ်မှာ မက်ဆီ ပင်နယ်တီဧ ရိယာထိပ် ကနေ ဘောလုံးကို ရင်ဘတ်နဲ့ အသာထိန်းပြီး ဘယ်ခြေနဲ့ ဂိုး ညာဘက် အောက်ထောင့်ကို ကန်သွင်းခဲ့ရာမှာ လိုရစ် ပုတ်ထုတ် ကာကွယ် နိုင်ခဲ့ပေမယ့် နောက်ထပ် တစ်မိနစ် အကြာမှာ တန်ပြန် တိုက်စစ်ကနေ တဆင့် လော်တာရို မာတီနက်ဇ် ကန်သွင်းမှုကို လိုရစ် ပုတ်ထုတ်ရာ ကနေ




ပြန်လျှံ ထွက်လာတဲ့ ဘောလုံးကို မက်ဆီ က ပိတ်သွင်းယူပြီး အာဂျင်တီးနား တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့တာ ဖြစ်ပါတယ်၊ အချိန်ပို ဒုတိယပိုင်း ပွဲကစားချိန် ပြည့်ဖို့ လေးမိနစ် အလိုမှာ အမ်ဘာပေ က ပင်နယ်တီ ဧရိယာထိပ် ကနေ ဂိုး ကန်သွင်းခဲ့ရာမှာ မွန်တီရယ် ရဲ့ တံတောင်နဲ့ ထိသွားခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပြင်သစ် အသင်းကို ပင်နယ်တီ ကန်ခွင့် ပေးခဲ့ပါတယ်။

ပင်နယ်တီကို အမ်ဘာပေ ကပဲ အမှားအယွင်း မရှိ ကန်သွင်း ယူသွားခဲ့ တာကြောင့် ပြင်သစ် အသင်းက ချေပဂိုး ရရှိသွားခဲ့တာ ဖြစ်ပြီး ဒီ တစ်ကြိမ်မှာ မာတီနက်ဇ် ဘက်မှားပြီး ဒိုင်ဗင်ပစ်မိခဲ့ပါတယ်၊ အချိန်ပို ဒုတိယပိုင်း ပွဲကစားချိန် ပြည့်မြောက်ဖို့ စက္ကန့်ပိုင်း အလိုမှာ အမ်ဘာပေ ဘယ်တောင်ပံ ကနေ ဖြတ်တင် ပေးပို့လိုက်တဲ့ ဘောလုံးကို မူအာနီ လွတ်လွတ် ကျွတ်ကျွတ်




ခေါင်းတိုက် သွင်းယူခွင့် ရရှိခဲ့ပေမယ့် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ထိချက် မမှန်ဘဲ လွဲချော်သွားခဲ့တာ ဖြစ်ပါတယ်၊ ၁၂၂ မိနစ်မှာ မူအာနီ အီမီလီယာနို မာတီနက်ဇ် နဲ့ တစ်ဦးချင်း ကန်သွင်းခွင့် ရရှိခဲ့ပေမယ့် အာဂျင်တီးနား ဂိုးသမားက အံ့အားသင့်ဖွယ် ကောင်းအောင် ခန္ဓာကိုယ်ကို ဆန့်ထုတ် ကာကွယ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်၊ အာဂျင်တီးနား အသင်းက




တန်ပြန် တိုက်စစ်ကနေ တဆင့် မက်ဆီ ခင်းပေးတဲ့ ဘောလုံးကို ဒီဘာလာ ဆွဲပြေးပြီး ညာတောင်ပံကနေ ဂိုးရှေ့ကို ဖြတ်တင် ပေးပို့ခဲ့ရာမှာ လော်တာရို မာတီနက်ဇ် ရဲ့ ခေါင်းတိုက်ချက်က တော်တော်လေး ညံ့ဖျင်းခဲ့ တာကြောင့် ဂိုးပေါက် လွဲချော်သွားခဲ့တာ ဖြစ်ပြီး အချိန်ပို ဒုတိယပိုင်း ပြီးဆုံးချိန်မှာ 3-3 ညီမျှနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ဆက်လက် ခံယူခဲ့ရပါတယ်။

ပင်နယ်တီကို ပြင်သစ်က စတင် ကန်သွင်းခွင့် ရရှိခဲ့ပြီး အမ်ဘာပေ ရဲ့ ကန်ချက်ကို မာတီနက်ဇ် ပုတ်ထုတ် ခဲ့ပေမယ့် ဂိုးထဲ ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ အာဂျင်တီးနား ရဲ့ ပထမဆုံး ပင်နယ်တီကို လီယွန်နယ် မက်ဆီ က ကန်သွင်းခဲ့ရာမှာ သက်တောင့် သက်သာ နဲ့ပဲ ဂိုးဘယ်ဖက် အောက်ထောင့်ကို မြေလှိမ့်ဘော ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်၊ ပြင်သစ်ရဲ့ ဒုတိယမြောက် ပင်နယ်တီကိုတော့




ကင်းစလေ ကိုမန်း ကန်သွင်းခဲ့ရာမှာ အီမီလီယာနို မာတီနက်ဇ် က နေရာယူ မှန်မှန်နဲ့ ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပြီး အာဂျင်တီးနား အတွက် ဒုတိယမြောက် ပင်နယ်တီကို ဒီဘားလားက ဂိုးအလ ယ်တည့်တည့်ကို ကန်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်၊ ပြင်သစ်ရဲ့ တတိယမြောက် ပင်နယ်တီကို ချူအာမေနီ ကန်သွင်းခဲ့ရာမှာ ဘယ်ဖက် ဂိုးတိုင်ဘေးကို ထွက်သွားခဲ့တာ ဖြစ်ပြီး အာဂျင်တီးနား အတွက်




တတိယမြောက် ပင်နယ်တီကို ပါရေးဒက်စ်က အမှားအယွင်း မရှိ ကန်သွင်းယူ သွားနိုင်ခဲ့ပါတယ်၊ ပြင်သစ်ရဲ့ စတုတ္ထမြောက် ပင်နယ်တီကို မူအာနီက ဂိုး အလယ် တည့်တည့်ကို အပြင်း ကန်သွင်းယူ အဆုံးသတ်နိုင်ခဲ့ပြီး အာဂျင်တီးနား အတွက် အဆုံးအဖြတ် ပင်နယ်တီကို ဂွန်ဇာလို မွန်တီရယ် က မမှားမယွင်း အဆုံးသတ် ပေးနိုင်ခဲ့တဲ့ အတွက် အာဂျင်တီးနားက ပင်နယ်တီ အဆုံးအဖြတ်မှာ 4-3 နဲ့ အနိုင် ရရှိသွားခဲ့ပြီး ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

credit