လက်ရွေးစင် ကစားသမား ဘဝ ရှေ့ဆက်ရန် ရှိ မရှိ အသိပေး ထုတ်ဖော် ပြောဆိုလိုက်တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီ ဟာ ပြင်သစ် အသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ဟာ လက်ရွေးစင် ကစားသမား ဘဝ နောက်ဆုံး ပွဲစဉ် ဖြစ်ခဲ့တယ် ဆိုတဲ့ ကောလာလဟ တွေကို




မဟုတ်မှန်ကြောင်း တုံ့ပြန် ပြောဆိုသွား ခဲ့ပါတယ်။ အသက် 35 နှစ် အရွယ် တိုက်စစ်မှူး ဟာ ကာတာက ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ ၎င်းရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်တယ်လို့




ထုတ်ဖော် ပြောဆိုခဲ့ပေမယ့် နောက်ထပ် ပွဲစဉ် အနည်းငယ် ထပ်ပြီး ကစားပေး ချင်နေတာ ဖြစ်ပါတယ်၊ အာဂျင်တီးနား အသင်းခေါင်းဆောင် ဟာ နိုင်ငံ အတွက် ကမ္ဘာ့ဖလားကို




ကိုင်မြှောက် ပေးချင်တဲ့ ကစားသမား ဘဝ အိပ်မက် ဟာ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး ပြင်သစ် နဲ့ အချိန်ပို အထိ 3-3 သရေ ကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရမှာ အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။




အာဂျင်တီးနား က ပင်နယ်တီ အဆုံးအဖြတ်မှာ 4-2 နဲ့ အနိုင် ရရှိခဲ့တာ ဖြစ်ပြီး အများစုက လီယွန်နယ် မက်ဆီ အတွက် ပြင်သစ် နဲ့ ပွဲစဉ်ဟာ သူရဲ့ လက်ရွေးစင် ကစားသမား ဘဝ နောက်ဆုံး ပွဲစဉ် ဖြစ်တယ်လို့ ခံစားခဲ့ရတာ ဖြစ်ပေမယ့်




ပီအက်စ်ဂျီ ကြယ်ပွင့် အတွက် အနားယူဖို့ အချိန် မကျသေးတာ ဖြစ်ပါတယ်၊ မက်ဆီ က ပွဲစဥ် အပြီး အင်တာဗျူးမှာ သူဟာ လက်ရွေးစင် ကစားသမား ဘဝကနေ အနားယူမယ့် ကောလာဟလ တွေကို ငြင်းပယ်သွားခဲ့ပြီး




ယခုလို အသိပေး ဖွင်ဟ ပြောကြား သွားခဲ့ပါတယ်။ လုံးဝ မဟုတ်ပါဘူး၊ ကျွန်တော် လက်ရွေးစင် အသင်းကနေ အနားယူသွားမှာ မဟုတ်ပါဘူး၊ ကျွန်တော် အာဂျင်တီးနား ရှပ်နဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံ အဖြစ် ဆက်ပြီး




ကစားချင် ပါသေးတယ်။ လို့ ပြောကြားသွား ခဲ့တာပဲ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီ သာ မြောက်အမေရိက မှာ ကျင်းပမယ့် 2026 ကမ္ဘာ့ဖလား ပြိုင်ပွဲ အထိ ဆက်လက်ပြီး ကစားသွားခဲ့မယ် ဆိုရင် အဲဒီ အချိန်မှာ အသက် 39 နှစ် အရွယ် ရှိနေတော့မှာ ဖြစ်ပါတယ်။

credit