လက်ရှိ အသင်းကို စွန့်ခွာပြီး ရွန်းနီရဲ့ အကြံပေးချက် အတိုင်း မန်ချက်စတာ ယူနိုက်တက် ထံ Goat တဦး အနေနဲ့ ရောက်ရှိလာဖွယ် ရှိနေတဲ့ psg ကြယ်တစ်ပွင့်
|မန်ချက်စတာ ယူနိုက်တက် နဲ့ အင်္ဂလန်အသင်း တို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ဝိန်း ရွန်းနီ က ပူပူနွေးနွေး ကမ္ဘာ့ဖလား ရွှေဖိနပ် ဆုရှင် ကိုင်လီယန် အမ်ဘာပေ အား ပီအက်စ်ဂျီ အသင်းကို စွန့်ခွာပြီး
မန်ချက်စတာ ယူနိုက်တက် အသင်းဆီကို ပြောင်း ရွှေ့လာဖို့ တိုက်တွန်း အကြံပေး သွားခဲ့ပါတယ်။ ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ပီအက်စ်ဂျီ နဲ့ ပြင်သစ် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေ က လက်ရှိ
ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တွေထဲက တဦး ဖြစ်ပြီး သူဟာ ယမန်နေ့ ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ မှာလည်း ဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှ
ာ
ဟက်ထရစ် သွင်းယူနိုင်ခဲ့တာ ကြောင့်ပဲ အမ်ဘာပေဟာ ကမ္ဘာ့ဖလားရဲ့ သမိုင်းတလျှောက် ဗိုလ်လုပွဲမှာ ဂိုး အများဆုံး သွင်းယူထား နိုင်တဲ့ ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ် ကို ရရှိ ခဲ့သလို သူ့ရဲ့ ကစားသမား ဘဝ တလျှောက်
ပထမဦးဆုံး ကမ္ဘာ့ဖလား ရွှေဖိနပ်ဆု ကိုလည်း ရယူသွားနိုင်ခဲ့ပါတယ်။ အမ်ဘာပေ ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေ ကြောင့်ပဲ ဥရောပ အင်အားကြီး အသင်းတွေ ဖြစ်ကြတဲ့ ရီးရဲလ်မက်ဒရစ်
မန်ချက်စတာ ယူနိုက်တက်၊ လီဗာပူး အသင်း စတဲ့ အသင်းတွေက အမ်ဘာပေ ကို သူတို့ အသင်းဆီ ခေါ်ယူဖို့ အသည်းသည်း စိတ်ဝင်စား လာကြပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ
ဝိန်း ရွန်းနီ ကလည်း အမ်ဘာပေ အနေနဲ့ ပီအက်စ်ဂျီ အသင်းကို စွန့်ခွာပြီး မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းလာဖို့ အကြံပေး သွားခဲ့ပါတယ်။ ပီအက်စ်ဂျီ အသင်းက အမ်ဘာပေ နဲ့ သင့်တော်တဲ့ အသင်းမျိုး မဟုတ်ပါဘူး။
ကျွန်တော် ကတော့ မန်ချက်စတာ ယူနိုက်တက် လိုမျိုး အသင်းကသာ သူနဲ့ သင့်တော် လိုက်ဖက်တဲ့ အသင်းလို့ မြင်ပါတယ်၊ သူက အသင်းပြောင်း သင့်ပါပြီ၊ သူက မန်ချက်စတာ ယူနိုက်တက် ဒါမှမဟုတ်
ရီးရဲလ်မက်ဒရစ် လိုမျိုး အသင်းတွေဆီ ပြောင်းသင့်ပါတယ်။ လို့ အကြံပေး တိုက်တွန်း သွားခဲ့တာပဲ ဖြစ်ပါတယ်။ ကိုင်လီယန် အမ်ဘာပေ နဲ့ ပီအက်စ်ဂျီ အသင်း တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ် သက်တမ်းဟာ
2025 ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေတာကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း ရီးရဲလ်မက်ဒရစ် အသင်းတွေက အမ်ဘာပေ ကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။
credit