တတိယ လူ ပေါ်လာလို့ ကွာရှင်းပြီးကြောင်း ထုတ်ပြောလိုက်ပြီး ရင်ဖွင့်လာတဲ့ ထူးခြားတို့ ဇနီး မောင်နှံ

သရုပ်ဆောင် ထူးခြားက ရုပ်ရှင် ဗီဒီယို ဇာတ်ကားတွေမှာ ကျရာ ဇာတ်ရုပ်ကို အပီပြင်ဆုံး နဲ့ အကောင်းဆုံး သရုပ်ဆောင်နိုင်သူ တစ်ယောက် ဖြစ်ပါတယ်၊ ထူးခြားဟာ သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်သလို




ကိုယ်ပိုင် စားသောက်ကုန် လုပ်ငန်းကိုလဲ စိတ်ဝင်စား တာကြောင့် ပြီးခဲ့တဲ့ နှစ်တွေမှာပဲ သရုပ်ဆောင် ပွင့်နဒီမောင် နဲ့ အတူတူ ဝက်နံရိုး မီးတောက် နဲ့ ဝက်လက်စွပ်ပြုတ် တို့ကို ရောင်းချခဲ့တာ ပရိသတ်ကြီး အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။




လက်ရှိ မှာလည်း မန္တလေးမြို့မှာ စားသောက်ဆိုင်ကြီး ဖွင့်လှစ်ထားတဲ့ ထူးခြားတို့ ဇနီးမောင်နှံဟာ ဒီကနေ့မှာတော့ တရားဝင် ကွာရှင်း ပြတ်ဆဲ လိုက်ပြီလို့ ထူးခြား ရဲ့ ဇနီး မခိုင်ဦးတင့် က သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားသွား ခဲ့ပါတယ်။




Enough လုံလောက်တယ် ဆိုတာထက် ပိုသွားတဲ့ အချိန်မှာ ကိုယ့် ဆုံးဖြတ်ချက်က အဓိက ပါပဲ၊ ဖြတ်သန်းခဲ့တဲ့ ၈ နှစ် လုံးလုံး ကိုယ့်ဘက်က အကောင်းဆုံး ပေးဆပ်ခဲ့ နိုင်တဲ့ အတွက် နောင်တမဲ့ နောင်တ ဆိုတာ မရှိပါဘူး၊ ဘယ်လို အမျိုးသမီးနဲ့ ဘယ်လို ပုံစံမျိုးပဲ ပတ်သက် ပတ်သက်




လက်မခံနိုင်ဘူး ဆိုတာ ယတိပြတ် ပြောထား ပြီးသားကိုမှ မလိုက်နာ ပေးနိုင်တဲ့ ဒီ အမျိုးသားကို ကိုယ့်ဘဝ ထဲက အပြီးအပိုင် ထုတ်ပစ်ခဲ့လိုက်ရတဲ့ အတွက်လဲ ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး၊ လူ့ဘဝမှာ ဒါမျိုးတွေ ကြုံရတာ မဆန်းတာမို့ စိတ်ကိုလဲ အတတ်နိုင်ဆုံး ပြင်ဆင်ပြီး လုပ်စရာရှိတာ လုပ်ခဲ့တယ်။




ဘယ်သူ့ကို မှလဲ မယားငယ်ဇာတ် မသွင်းချင်ခဲ့တဲ့ အတွက် လိုချင်တဲ့သူ ယူသွားနိုင်ဖို့ ကိုယ်တိုင်လဲ ဒီ အိမ်ထောင်ရေးကို ရှေ့ မဆက်ချင် တော့တဲ အတွက် ဒီလမ်းကို ရွေးချယ်ခဲ့တာ မမှားဘူးလို့ပဲ ခံယူပြီး ကျမ ရှေ့ဆက် ရှင်သန်ပါမယ် လူသိရှင်ကြား တရားဝင် ယူထားခဲ့ခြင်း ဖြစ်လို့




လူသိရှင်ကြားပဲ ဒီကိစ္စကို အသိပေးခြင်း သက်သက် ဖြစ်ပါတယ်၊ ကိုသွင်ထူးအောင် ခ ထူးခြား နှင့် 15 Dec 2022 မှာ ကွာရှင်း ပြတ်စဲ ပြီးသည့် အတွက် သူနှင့် ပတ်သတ်သည့် မည်သည့် ကိစ္စ အဝဝမှ ကျွန်မနဲ့ လုံးဝ မသက်ဆိုင်တော့တဲ့ အပြင် တာဝန်ယူ ဖြေရှင်းပေးမည်လည်း မဟုတ်ပါ။




ဆိုပြီး မခိုင်ဦးတင့် က သူမရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ရေးသားသွားခဲ့တာပဲ ဖြစ်ပါတယ်၊ မခိုင်ဦးတင့် ပြောပုံအရ သူမနဲ့ ထူးခြား တို့ရဲ့ အိမ်ထောင်ရေးမှာ တတိယလူ ပေါ်လာခဲ့တာကြောင့် ၈ နှစ်တာ ဖြတ်သန်းခဲ့တဲ့ အိမ်ထောင်ရေးကို ရပ်တံ့ဖို့ ဆုံးဖြတ်လိုက် ရတယ်လို့ ဆိုပါတယ်၊ အိမ်ထောင်ရေး တစ်ခုမှာ




အခုလို အဆုံးသတ် သွားတယ် ဆိုတာမျိုးကို ကြားသိရတော့ စိတ်မကောင်း ဝမ်းနည်း ဖြစ်ရပါတယ်၊ ကျွန်တော်တို့ website ပေါ်မှ တင်ထားသည့် သတင်းများကို အခြား‌ page များနဲ့ websites များ မှ ကူးယူ ဖော်ပြခြင်း ခွင့်မပြုပါ၊ ကျေးဇူးပြု၍ ကူးယူခြင်း မပြု လုပ်ရန် လေးစားစွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။

credit