မက်ဆီ ကမ္ဘာ့ဖလား ကိုင်မြောက် နိုင်ခဲ့ပြီးနောက် ရင်တွင်းစကား တချို့ကို ဖော်ပြလာတဲ့ ရော်‌နယ်ဒိုကြီး

အာဂျင်တီးနား အသင်းဟာ မနေ့ ညက အသက်ရှုမှား လောက်ဖွယ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲကောင်း တစ်ပွဲကို ပြင်သစ် နဲ့ ယှဉ်ပြိုင်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် နဲ့ ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်၊ ဒီ နိုင်ပွဲဟာ အာဂျင်တီးနား အတွက်သာမက




မက်ဆီ အတွက် လိုအပ်နေတဲ့ တစ်ခုတည်းသော ဆုဖလားကို ရယူနိုင် စေခဲ့ပါတယ်။ ဘရာဇီးလ် ဂန္တဝင် တိုက်စစ်မှုးဟောင်း ဖြစ်သူ ရော်နယ်ဒိုကြီး ကတော့ ဘရာဇီးလ် နဲ့ အာဂျင်တီးနား တို့ဟာ တောင်အမေရိက




ထိပ်သီး ပြိုင်ဘက်တွေ ဖြစ်သည့်တိုင် ကစားသမားကောင်း တစ်ယောက် ဒီ ဆုဖလားကို ကိုင်မြှောက် နိုင်ခဲ့လို့ ဝမ်းမြောက် နေပြီး လီယွန်နယ် မက်ဆီ ကို ကွန်ဂရက် ကျူလေးရှင်း လုပ်ပြီး ဂုဏ်ပြုသွား ခဲ့ပါတယ်။




၄၆ နှစ်အရွယ် ဘရာဇီးလ် သားကြီးက တွစ်တာ ကနေ အခုလို ဂုဏ်ပြုစကား ဆိုခဲ့တာပါ၊ မက်ဆီ ရဲ့ ဘောလုံး ကစားပုံ ကတော့ ဘယ်ပြိုင်ဘက် မဆို ကို ချောင်ထဲ တွန်းပို့ လိုက်သလိုပဲ၊ ကျနော် ဘရာဇီးလ် သားတွေ




အများအပြား အပါအဝင် တကမ္ဘာလုံးက ပရိသတ်တွေ အများကြီးက ဒီလို စိတ်လှုပ်ရှားဖွယ် ဖိုင်နယ် ပွဲစဥ်မှာ မက်ဆီ ဘက်က အားပေး နေကြတာ တွေ့ရပါတယ်၊ ဒီလို ပါရမီရှင် တစ်ယောက် အတွက် ထိုက်တန်တဲ့ နှုတ်ဆက်ပွဲလည်း ဖြစ်ပါတယ်။




ကမ္ဘာ့ဖလား ချန်ပီယံ စတား တစ်ဦး အပြင် ခေတ် တစ်ခေတ်ကို ဦးဆောင် နိုင်ခဲ့သူပါ၊ ကွန်ဂရက် ကျူလေးရှင်း ပါ မက်ဆီရေ လို့ ရော်နယ်ဒိုက ရေးသား ဖော်ပြသွားခဲ့ပါတယ်။ မက်ဆီ က ဒီ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကြီး ပြီးရင်




နိုင်ငံအသင်း ကနေ ကောင်းစွာ အနားယူပြီလို့ ရော်နယ်ဒိုကြီးက ယူဆထားခဲ့ပြီး ဆုမွန်ကောင်း တောင်းခဲ့ပေမယ့် မက်ဆီ ကတော့ အနားယူဦးမှာ မဟုတ်ဘူးလို့ မနေ့တုန်းက ပွဲစဉ် အပြီးမှာ ဆိုသွားခဲ့ပါတယ်။

မက်ဆီ က ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနား ဂျာစီ နဲ့ နိုင်ငံအသင်း အတွက် ကစားသွားဦးမယ်လို့ ကာတာက ဆုပေးပွဲ အပြီးမှာ အသိပေး ပြောဆိုခဲ့တာပါ။

credit