ရွှေလက်အိတ်နဲ့ မဖွယ်မရာ ပြုမူခဲ့ရတဲ့ အကြောင်းအရင်းမှန်ကို ထုတ်ပြောလာတဲ့ အီမီလီယာနို မာတီနက်ဇ်

အာဂျင်တီးနား ဂိုးသမား အီမီလီယာနို မာတီနက်ဇ် က ကမ္ဘာ့ဖလား ဆုပေးပွဲ စင်မြင့်ထက်ပေါ်မှာ အကောင်းဆုံး ဂိုးသမားဆု ရရှိခဲ့တဲ့ ရွှေလက်အိတ် ကို မဖွယ်မရာ ပြုမူခဲ့တာက ပြင်သစ် ပရိသတ်တွေရဲ့ လှောင်ပြောင်ခဲ့မှုကို




တုံ့ပြန်ခဲ့တာ ဖြစ်တဲ့ အကြောင်း ရှင်းလင်း ပြောဆိုသွား ခဲ့ပါတယ်။ အီမီလီယာနို မာတီနက်ဖ် ဟာ နောက်ထပ် တစ်ကြိမ် ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် ကစားပေးခဲ့ရပြီး




အာဂျင်တီးနား အသင်းကို တတိယ အကြိမ်မြောက် ကမ္ဘာ့ဖလား ကိုင်မြှောက် နိုင်အောင် ကူညီပေး နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အာဂျင်တီးနား အသင်း အောင်ပွဲဆီ သွားရာ လမ်းတလျှောက် အရေးကြီးတဲ့ ကာကွယ်မှုတွေ ပြုလုပ်ခဲ့ပြီး




အထူးသဖြင့် သြစတြေးလျ နဲ့ ကစားခဲ့တဲ့ ၁၆ သင်းရှုံးထွက် အဆင့်မှာ အကောင်းဆုံး လက်စွမ်း ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်၊ အသက် ၃၀ အရွယ် ဂိုးသမား ဟာ နယ်သာလန် နဲ့ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာလည်း




ပင်နယ်တီ အဆုံးအဖြတ်မှာ အလွန် ကောင်းမွန်တဲ့ ကာကွယ်မှု အချို့ ပြုလုပ် နိုင်ခဲ့ပြီး တနင်္ဂနွေနေ့ ညက ဗိုလ်လု ပွဲစဉ်မှာလည်း မူအာနီ ရဲ့ အဆုံးအဖြတ် ဖြစ်နိုင်တဲ့ အပိုင် ကန်သွင်းချက်ကို အရေးကြီးတဲ့ ကာကွယ်မှု ပြုလုပ် နိုင်ခဲ့ပြီးနောက်




ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ရွှေလက်အိတ် ဆုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်၊ မာတီနက်ဇ် ဟာ စင်မြင့်ပေါ်မှာ ရွှေလက်အိတ် ဆုကို လက်ခံ ရယူပြီး နောက်မှာ ပေါင်ခြံနား အထိ နှိမ့်ပြီး ပြင်သစ် ပရိသတ်တွေ ရှိတဲ့ ပွဲကြည့်စင် ဘက်ကို




ဦးတည်ပြီး ခါးကော့ပြ သွားခဲ့တာ ဖြစ်ပါတယ်။ မာတီနက်ဇ် ဟာ ဗိုလ်လု ပွဲစဉ် တလျှောက်လုံး ပြင်သစ်အသင်း ပရိသတ်တွေဆီ ကနေ လှောင်ပြောင် ခြင်းကို ခံခဲ့ရတာကြောင့် တုံ့ပြန်ခဲ့တာ ဖြစ်တယ်လို့ ပွဲအပြီးမှာ La Red ကို ပြောကြားသွားခဲ့ပါတယ် ‘ ကျွန်တော် အဲဒီလို လုပ်ခဲ့တယ်။

ဘာလို့လဲ ဆိုတော့ ပြင်သစ်တွေက ကျွန်တော့်ကို လှောင်ပြောင် ခဲ့ကြလို့ပါ၊ ဂုဏ်သိက္ခာက ကျွန်တော့် အတွက် ဘာမှ မဟုတ်ပါဘူး။’ လို့ ပြောကြား သွားခဲ့တာပဲ ဖြစ်ပါတယ်။

credit