မက်ဆီ ကမ္ဘာ့ဖလား ရပြီးနောက် ရော်နယ်ဒို အပေါ် မှတ်ချက်ပေးလာတဲ့ ရီးရဲလ်မက်ဒရစ် နည်းပြချုပ် အန်ဆယ်လော့တီ

ဘောလုံး လောကမှာ ခေတ် တစ်ခေတ်ရဲ့ အကောင်းတကာ့ အကောင်းဆုံးတွေ အဖြစ် သတ်မှတ် ခံထားရတဲ့ လီယွန်နယ် မက်ဆီ နဲ့ ခရစ္စတီယာနို ရော်နယ်ဒို နှစ်ဦးရဲ့ အားပြိုင်မှုက သူတို့ အရွယ်ရပြီး အနားယူခါနီး အချိန်ထိ




ပြိုင်ဆိုင်မှု ပြင်းထန်ဆဲပဲ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီ က ဒီနှစ်မှာ နိုင်ငံအသင်း အာဂျင်တီးနား နဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်သွားခဲ့ တာကြောင့် သူလိုအပ်နေတဲ့ ဆုဖလား ကွက်လပ် ကတော့ ပြည့်စုံသွားခဲ့ပြီ ဖြစ်ပါတယ်။




ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ပေါ်တူဂီ နဲ့ အောင်မြင်မှု မရတာကြောင့် ယခုထိ လစ်ဟာနေဆဲပဲ ဖြစ်ခဲ့ရပါတယ်။ ရော်နယ်ဒို ရဲ့ ဆရာဟောင်း ဖြစ်သူ ရီးရဲလ်မက်ဒရစ် အသင်း နည်းပြကြီး အန်ဆယ်လော့တီ က




မက်ဆီ ကမ္ဘာ့ဖလား ရသွားချိန် ရော်နယ်ဒို မရသေးတဲ့ အပေါ် ယခုလို မှတ်ချက်ပေး သွားခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒို က ရီးရဲလ်မက်ဒရစ် ပရိသတ်တွေ ရဲ့ နှလုံးသားထဲမှာ ထာဝရ တင်ကျန် ရစ်နေမှာပါ၊ သူ့ရဲ့ အနာဂတ်မှ





ဘယ်ကို သွားမယ်၊ ဘာလုပ်မယ် ဆိုတာတော့ ကျနော် မသိပါဘူး၊ ဒါပေမယ့် ရော်နယ်ဒို နဲ့ မက်ဆီ တို့ရဲ့ အားပြိုင်မှု ဆိုတာက ကစားသမား နှစ်ဦးလုံးကို အသက်ဝင် တက်ကြွစေပြီး ပြိုင်ဆိုင်မှုကို ပိုမို ကြွတက် နေစေခဲ့တာပါပဲ။




အခု မက်ဆီ ကတော့ ကမ္ဘာ့ဖလား ရသွားပြီ၊ ရော်နယ်ဒို က မရဘူး၊ ဒါပေမယ့် သူ့မှာ လုံးဝ ထူးခြား ကောင်းမွန်တဲ့ ကစားသမား ဘဝ ပိုင်ဆိုင်ခဲ့ပြီးသားပါ၊ အထူးသဖြင့် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ပေါ့၊ လို့ အန်ဆယ်လော့တီ က စပိန် Diario AS သတင်းမှာ ပြောဆိုသွားခဲ့ပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းသစ် ရှာဖွေနေဆဲ ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို ဟာ ဒီ သီတင်းပတ် အစောပိုင်းမှာပဲ ရီးရဲလ်မက်ထရစ် ထရိန်နင် ကွင်းကို သွားရောက် လေ့ကျင့်ခဲ့ တာကြောင့်




လာလီဂါကို တကျော့ပြန် လာမလား ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် ခဲ့ပါသေးတယ်။ ဒါပေမယ့် ရီးရဲလ် နည်းပြချုပ် အန်ဆယ်လော့တီ ရဲ့ လတ်တလော မှတ်ချက် စကားကြောင့် ရီးရဲလ် ဘက်က ခရစ္စတီယာနို ရော်နယ်ဒို ကို ပြန်လည် ခေါ်ယူဖို့ အစီအစဉ် ရှိပုံတော့ မရဘဲ ပေါ်တူဂီသား အနေနဲ့ အကောင်းဆုံး ဖြစ်ဖို့သာ ဆန္ဒပြုသွားတာကို တွေ့ရပါတယ်။

credit