ဒီ ကမ္ဘာ့ဖလားမှာ မက်ဆီ အောင်နိုင်သူ ဖြစ်ပြီး ကျရှုံးသူ ရော်နယ်ဒို ဖြစ်ခဲ့ရတဲ့ အကြောင်းအရင်းကို ရှင်းပြလာတဲ့ ဂျာမနီ ဂန္တဝင် မက်သူးရပ်စ်

ဂျာမနီ ဂန္တဝင် တဦး ဖြစ်သူ လိုသာ မက်သူးရပ်စ် က ဘောလုံး လောကရဲ့ ကြယ်ပွင့်တွေ ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ လီယွန်နယ် မက်ဆီ တို့ ကာတာ ကမ္ဘာ့ဖလားမှာ စွမ်းဆောင်သွား ပုံတွေကို နှိုင်းယှဉ် ပြောဆိုသွားခဲ့ပါတယ်။




လီယွန်နယ် မက်ဆီ ဟာ အာဂျင်တီးနား နဲ့ အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့သလို ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား ရွှေဘောလုံး ဆုကိုလည်း ရရှိသွားခဲ့ပါတယ်၊ တဘက်မှာတော့ ခရစ္စတီယာနို ရော်နယ်ဒို က ဆန့်ကျင်ဘက် ဖြစ်ခဲ့ပြီး ပေါ်တူဂီ အသင်းမှာ နေရာ မရလို့




စိတ်ပျက်ဖွယ် ဖြစ်ခဲ့ရသလို အသင်းကလည်း မော်ရိုကို ကို ရှုံးနိမ့်ပြီး စောစောစီးစီး ပြိုင်ပွဲက ထွက်ခွာ ခဲ့ရတာ ဖြစ်ပါတယ်၊ ကမ္ဘာ့ဖလား ပြိုင်ပွဲ အစောပိုင်း ကာလမှာ ရော်နယ်ဒို က ပီးယာ့ဇ် မော်ဂန် နဲ့ အင်တာဗျူး ထွက်ပေါ် လာပြီး ပွဲဆူစေခဲ့သလို ကလပ် အသင်း မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့လည်း




စာချုပ် ဖျက်သိမ်းရသည် အထိ ကိစ္စကြီး ဖြစ်သွားခဲ့ရပါတယ်၊ ဒီလို အရေးပါတဲ့ ပြိုင်ပွဲ ကာလမှာ ရော်နယ်ဒို ရဲ့ လုပ်ရပ်တွေဟာ မမှန်ကန်ခဲ့ဘူးလို့ မက်သူးရပ်စ် က ယူဆထားပါတယ်။ မက်သူးရပ်စ် က သူ့ အတ္တက သူ့ကို ကျရှုံးသွား စေခဲ့တာပါ။




ရော်နယ်ဒို က သူ့ ကိုယ်သူ ရော အသင်းကိုပါ ထိခိုက် သွားစေ ခဲ့ပါတယ်။ သူက ကစားသမားကောင်း တစ်ဦး ဆိုတာ သံသယ မရှိပါဘူး၊ အဆုံးသတ်လည်း သိပ်ထက်တဲ့ သူပါ၊ ဒါပေမယ့် သူက အခု သူ့ရဲ့ လူ လေးစားခံရတဲ့ အနေအထား ကို သူကိုယ်တိုင်ပဲ ပျက်ယွင်း စေခဲ့ပြီးပါပြီ။




သူက အသင်း တစ်သင်းမှာ တစ်နေရာ ရပါ့မလားလို့တောင် စဉ်းစား နေရပြီ။ သူ့ အတွက် စိတ် မကောင်းပါဘူး၊ ဒါက သူ့ ကံကြမ္မာပါပဲ၊ သူဒီလို မဖြစ်ချင်ပေမယ့် သူလုပ်မိ‌ နေခဲ့တယ်၊ သူရဲ့ အတ္တတွေကြောင့်ပေါ့၊ ရော်နယ်ဒို ဒီ ကမ္ဘာ့ဖလား မှာ အရှုံးနဲ့ ရင်ဆိုင်သွား ခဲ့ရတာ မက်ဆီ နဲ့ ဆန့်ကျင်ဘက်ပေါ့။




မက်ဆီ က လုံးဝ အောင်နိုင်သူ ဖြစ်သွားခဲ့ပါပြီ။ ထိုက်လည်း ထိုက်တန်ပါတယ်၊ မက်ဆီ က ကျနော်ရော ဘောလုံး ပရိသတ်တွေ ကိုရော သူ့ အရည်အချင်းနဲ့ ပျော်ရွှင်အောင် လုပ်ပေး နိုင်သူပါပဲ၊ သူ ၁၇ ၁၈ နှစ်လောက် ကစားလာတဲ့ ပုံစံ အတိုင်းပါပဲ၊ ကျနော် အတွက်တော့ မက်ဆီ က




ရာစုနှစ် တစ်ခုစာ အတွက်တောင် အကောင်းဆုံး ကစားသမားပဲ။လို့ မက်သူးရပ်စ် က ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးသွားခဲ့ပြီ ဖြစ်တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ဟာ ခရစ္စတီယာနို ရော်နယ်ဒို အတွက်ရော

လီယွန်နယ် မက်ဆီ အတွက်ပါ နောက်ဆုံး ကစားရတဲ့ ကမ္ဘာ့ဖလား ဖြစ်ဖွယ် ရှိပြီး လီယွန်နယ် မက်ဆီ ကတော့ ဆုဖလား ကိုင်မြှောက်ကာ သူ့ရဲ့ ဂန္တဝင် အနေအထားကို ဂုဏ်တက်စေ ခဲ့ပြန်ပါတယ်။

credit