ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့လို့ မက်ဆီ အတွက် နိုင်ငံ ပြည်သူ အားလုံးနဲ့ အထူး အစီစဉ် တခုကို ထူးထူးခြားခြား ပြုလုပ်ပေးဖို့ အတည်ပြုသွားတဲ့ အားဂျင်တီးနား အစိုးရ

2022 ကာတာ ကမ္ဘာ့ဖလား:တွင် ဗိုလ်စွဲ:ခဲ့သော အာဂျင်တီးနား:အသင်းသည် ယနေ့ အင်္ဂါနေ့:တွင် အာဂျင်တီးနား မြို့တော် ဗျူနိုအေးရီစ် မြို့တော်ရှိ Obelisk အထိမ်းအမှတ် အဆောင်အုံ၏ ရှေ့တွင် အောင်ပွဲခံ အခမ်းအနားကို ကျင်းပမည် ဖြစ်ကြောင်း အာဂျင်တီးနား ဘောလုံး အဖွဲ့ချုပ်က




တနင်္လာနေ့ တွင် တရားဝင် သတင်း ထုတ်ခဲ့ပြန်သည်။ အာဂျင်တီးနား သည် အားကစား အောင်မြင်မှု များကို ထိုနေရာ တွင် အောင်ပွဲခံ အခမ်းအနား အဖြစ် အမှတ်တရ ကျင်းပလေ့ ရှိသည်၊ အာဂျင်တီးနား အစိုးရ ကလည်း




ယနေ့ အင်္ဂါနေ့ကို အများပြည်သူ ရုံးပိတ်ရက် အဖြစ် ကြေညာ ပေးခဲ့သည့် အတွက် အာဂျင်တီးနား ဘောလုံး ပရိသတ်များ အနေဖြင့် အသင်း၏ အောင်ပွဲခံ အခမ်းအနားကို အေးဆေးစွာ တက်ရောက် ဆင်နွှဲနိုင်မည် ဖြစ်သည်၊ ကမ္ဘာ့ဖလားမှာ အောင်ပွဲရ အာဂျင်တီးနား ဘောလုံး အသင်းဟာ




အင်္ဂါနေ့မှာ ပရိသတ် တွေနဲ့ အတူ Obelisk အနားမှာ အောင်ပွဲခံ အခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။လို့ အာဂျင်တီးနား ဘောလုံး အဖွဲ့ချုပ်က တွစ်တာမှ တရားဝင် ကြေညာချက် ထုတ်ခဲ့ခြင်း ဖြစ်သည်၊ အာဂျင်တီးနား က ပြင်သစ် နှင့် ပုံမှန် ပွဲကစားချိန် တွင်




၂ ဂိုးစီ သရေ အချိန်ပိုတွင် ၃ ဂိုးစီ သရေ ကျပြီးနောက် ပင်နယ်တီ အဆုံးအဖြတ် တွင် ၄-၂ ဖြင့် အနိုင်ရပြီး ကမ္ဘာ့ဖလားကို ရရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗိုလ်လုပွဲသည် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် တွင် အကောင်းဆုံး ဗိုလ်လုပွဲ တစ်ပွဲ အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။




ကျွန်တော်က အာဂျင်တီးနား ကို ပြန်ရောက်ချင် နေပြီး ကမ္ဘာ့ဖလား အောင်ပွဲ အတွက် ဘယ်လောက်တောင် အရူးအမူး ဖြစ်နေပြီလဲ ဆိုတာကို သိချင်နေပါပြီ။ ပရိသတ်တွေ နဲ့ အတူ အောင် ပွဲခံချင်စိတ်က တား မရအောင် ဖြစ်နေပါတယ်။လို့ မက်ဆီ က ပြောဆိုလိုက်သည်။




မက်ဆီ သည် ကမ္ဘာ့ဖလား တွင် ပြိုင်ပွဲ တစ်လျှောက် အကောင်းဆုံး ဘောလုံးသမား များကို ချီးမြှင့်သော ရွှေဘောလုံး ဆုကိုလည်း ရရှိခဲ့သည်။ ထိုသို့ ကမ္ဘာ့ဖလား တွင် အောင်မြင်မှု ရရှိခြင်းသည် မက်ဆီသည်

ဘလွန်းဒီအော ဆုကို လာမည့်နှစ် တွင် နောက်တစ်ကြိမ် ထပ်မံဆွတ်ခူးပြီး ဘလွန်းဒီအော ဆုကို စံချိန်တင် ၈ ကြိမ်မြောက် ဆွတ်ခူးနိုင်ရန် လမ်းဖွင့်ပေး လိုက်သကဲ့သို့ ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသည်။

credit