မန်ချက်စတာ ယူနိုက်တက် ဟာ ပေါင် သန်း ၅၀ နဲ့ ဝယ်ယူခဲ့ပေမယ့် ထိုကြယ်ပွင့်ကို ပြန်လည် ရောင်းချသွားမှာ ဖြစ်ကြောင်း အတည်ပြု ဖော်ပြသွားတဲ့ ဖာဘရီဇီယို ရိုမာနို

လာမည့် အပြောင်းအရွှေ့ ဈေးကွက် အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ သေချာ လက်တွဲဖြုတ် သွားတော့မယ့် ညာနောက်ခံ ကစားသမား အာရွန် ဝမ်ဘစ်ဆာခါ ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေ ဖြစ်တဲ့ ဝုလ်ဗ်၊ ဝက်စ်ဟမ်း နဲ့




ဘစ်ဆာခါ ရဲ့ အသင်းဟောင်း ခရစ္စတယ် ပဲလေ့စ် တို့မှ ခေါ်ယူသွားဖို့ အပြိုင် စိတ်ဝင်စား နေကြတယ်လို့ ဖာဘရီဇီယို ရိုမာနို က အတည်ပြု ဖော်ပြသွားခဲ့ပါတယ်၊ ၂၅ နှစ်အရွယ် အင်္ဂလန် ညာနောက်ခံလူ ဘစ်ဆာခါ ဟာ ၂၀၁၉ ခုနှစ်မှာပဲ




ခရစ္စတယ်ပဲလေ့စ် အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းကို အပိုဆုကြေး အပါအဝင် ပေါင် သန်း ၅၀ နဲ့ ရောက်ရှိ လာခဲ့တာပါ၊ ဘစ်ဆာခါ ဟာ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ နှစ်ရာသီ ဆက်တိုက် ပွဲပေါင်း ၁၀၀ အထိ ကစားခဲ့ရ ပေမယ့်လည်း




၂၀၂၁/၂၀၂၂ ဘောလုံး ရာသီမှာ ဘစ်ဆာခါ က တစ်ရာသီလုံးမှာ ပရီးမီးယားလိဂ် ပွဲ ၂၀ နဲ့ တစ်ရာသီလုံးမှာ ၂၆ ပွဲသာ ကစားခဲ့ရ သလို ဒီရာသီမှာလည်း စုစုပေါင်း ၄ မိနစ်သာ ကစားခဲ့ရပါတယ်၊ မန်ချက်စတာ ယူနိုက်တက် အသင်းကို နည်းပြ အဲရစ် တန်ဟက်ဂ် ကိုင်တွယ်ချိန်မှာ




အသင်းရဲ့ ညာခြမ်း ခံစစ်ပိုင်း အတွက် ဘစ်ဆာခါထက် ပေါ်တူဂီ right back ကစားသမား ဒါလော့ ကိုသာ နေရာပေးခဲ့ပြီး အခုလည်း ဒါလော့ကို စာချုပ် သက်တမ်း တိုးမြှင့်ကာ ဘစ်ဆာခါ ကို အသင်းကနေ ရောင်းထုတ်ဖို့ အထိ ပြင်ဆင် လာခဲ့ပါတယ်၊ ဒီအချိန်မှာ ဘစ်ဆာခါ ကို




ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ဝုလ်ဗ်၊ ဝက်စ်ဟမ်း နဲ့ ပဲလေ့စ် အသင်းတို့က စိတ်ဝင်စားလာခဲ့ပြီး မကြာ သေးခင် ရက်ပိုင်းကလည်း ဝက်စ်ဟမ်း အသင်းက ဘစ်ဆာခါ ကို ရာသီကုန် အထိ အငှားနဲ့ ခေါ်ယူသွား ချင်နေတယ်လို့ သတင်းထွက် လာခဲ့ပါ သေးတယ်၊ ဒါပေမယ့်လည်း




မန်ချက်စတာ ယူနိုက်တက် က ညာခြမ်းခံစစ် အတွက် ကစားသမား တစ်ဦးကို ပြန်လည် အားဖြည့်သွားဖို့ ရှိနေတဲ့ အတွက် ဘစ်ဆာခါ ကို အငှားချမယ် ဆိုရင်တောင် အပြီးသတ် ခေါ်ယူခွင့်ကိုပါ တစ်ပါတည်း ထည့်သွင်း ကမ်းလှမ်းမယ့် အသင်းကိုသာ လက်ခံသွားဖွယ် ရှိနေပါတယ်။




မန်ချက်စတာ ယူနိုက်တက် အသင်းဟာ လက်ရှိမှာတော့ အင်တာမီလန် အသင်းရဲ့ နယ်သာလန် ညာနောက်ခံလူ ဒမ်ဖရိုင်းစ် ကို အလိုရှိနေပြီး ချဲလ်ဆီး ကလည်း ဒီ ကစားသမားကို ပစ်မှတ်ထားနေတာ ကြောင့် အပြိုင် ကမ်းလှမ်းရဖွယ်လည်း ရှိနေပါတယ်။

credit