ကမ္ဘာ့ဖလားမှာ ပြင်သစ် အာဂျင်တီးနားကို ရှုံးခဲ့ရတာ ရာဖေးလ် ဗာရန်း ကြောင့်ဟု ဆို

ပြင်သစ် နောက်ခံ ကစားသမား ဖြစ်သူ ရာဖေးလ် ဗာရန်း ဟာ လက်ရွေးစင် အသင်းကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်အောင် ကူညီပေးခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်၊ ဒါပေမယ့် ပြင်သစ် အသင်းဟာ အာဂျင်တီးနား ကို




ပင်နယ်တီ နဲ့ ရှုံးနိမ့်ခဲ့ တာကြောင့် ဘောလုံး သမိုင်း တလျှောက်မှာ ကမ္ဘာ့ဖလားကို နှစ်ကြိမ် ဆက်တိုက် ရရှိခဲ့တဲ့ ဒုတိယမြောက် အသင်း ဖြစ်လာမယ့် အခွင့်အရေးကို လွဲချော်ခဲ့တာ ဖြစ်ပါတယ်၊ ပရိသတ်တွေက ပြင်သစ် အသင်းရဲ့ ရှုံးနိမ့်မှုမှာ




မန်ချက်စတာ ယူနိုက်တက် နောက်ခံ ကစားသမား ရာဖေး ဗာရန်း ရဲ့ တင်ပါးကလည်း အဓိကကျတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်တယ် လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်၊ လီယွန်နယ် မက်ဆီ နဲ့ ဒီမာရီယာ တို့ဟာ ပထမပိုင်းမှာ ပြင်သစ် အသင်း အတွက်




ဦးဆောင်ဂိုး နှစ်ဂိုး သွင်းယူပေးခဲ့ပြီး ကိုင်လီယန် အမ်ဘာပေ က ဒုတိယပိုင်း ပြီးဆုံးခါနီးမှာ ချေပဂိုး နှစ်ဂိုး ဆက်တိုက် သွင်းယူသွား ခဲ့တာကြောင့် အချိန်ပို အထိ ဆက်လက် ကစားခဲ့ရတာ ဖြစ်ပါတယ်၊ အချိန်ပိုမှာလည်း လီယွန်နယ် မက်ဆီ ရဲ့ ဦးဆောင် ဂိုးကို




အမ်ဘာပေ ဟာ ပင်နယ်တီ က တဆင့် ပြန်လည် ချေပသွား ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် အဖြစ်နဲ့ ဆက်လက် ခံယူခဲ့ရာမှာ အာဂျင်တီးနား အသင်းက ၄-၂ နဲ့ အနိုင် ရရှိသွားခဲ့တာ ဖြစ်ပါတယ်၊ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ရာဖေးလ် ဗာရန်း ပါဝင် ပတ်သက်ခဲ့တဲ့




အလွန် တိကျတဲ့ လူကျွံဘောကို ပရိသတ်တွေက သတိပြုမိခဲ့ပြီး အန်ဇို ဖာနန်ဒက်ဇ် က လော်တာရို မာတီနက်ဇ် ကို ထိုးပေးခဲ့ရာမှာ အင်တာမီလန် တိုက်စစ်မှူး ရဲ့ ကန်ချက်ကို လိုရစ် ပုတ်ထုတ်ရာ ကနေ ပြန်လျှံ ထွက်လာတဲ့ ဘောလုံးကို မက်ဆီ က ပိတ်သွင်းယူပြီး




ဂိုးစည်းပေါ် ကျော်သွားခဲ့ တာကြောင့် အာဂျင်တီးနား အသင်းဟာ အချိန်ပို ဒုတိယပိုင်း အစောမှာ ဦးဆောင်ဂိုး ရရှိ သွားခဲ့တာ ဖြစ်ပါတယ်၊ မာတီနက်ဇ် ဟာ အန်ဇို ဖာနန်ဒက်ဇ် ဘောလုံး ထိုးပေးလိုက် ချိန်မှာ လူကျွံနေခဲ့ပုံ ပေါ်ခဲ့ပေ မယ့်လည်း VAR က ရာဖေးလ် ဗာရန်းရဲ့




နောက်ကျောက အာဂျင်တီးနား တိုက်စစ်မှူးကို လူကျွံဘော မဖြစ်စေခဲ့တာ ဖြစ်တယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်၊ ပြောရမယ် ဆိုရင် ပြင်သစ် အသင်းရဲ့ ကံကြမ္မာဟာ ဗာရန်းကြောင့် ကွဲပြားခြား နားမှုတွေ ဖြစ်ခဲ့ပုံ ပေါ်ပြီး လူမှုကွန်ရက်ပေါ်က ပရိသတ်တွေက




မန်ချက်စတာ ယူနိုက်တက် နောက်ခံ ကစားသမားရဲ့ တင်ပါးက ပြင်သစ် အသင်းကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်စေခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်၊ ရာဖေး ရဲ့တင်ပါးက အာဂျင်တီးနား ကို အချိန်ပိုမှာ လူကျွံ အနေအထား ကနေ လွတ်မြောက်စေခဲ့တယ်၊ ခင်ဗျား ဖင်ကြီးလို့ အားနည်းချက် ဖြစ်ခဲ့တဲ့ အကြောင်း

ကြားဖူးတာ ရှားပါလိမ့်မယ်။လို့ ပြောဆိုခဲ့ကြပြီး နောက်ထပ် ပရိသတ် တစ်ဦးကလည်း ဗာရန်း ရဲ့ဖင်က ကမ္ဘာ့ဖလား အနိုင်နဲ့ အရှုံးကြား ကွဲပြားခြား နားမှုတွေ ဖြစ်စေခဲ့တယ် ဆိုတာ မယုံနိုင်ဘူး၊ ပထမတန်းစား ဖင်ကြီး။ လို့ မှတ်ချက်ပေး‌ခဲ့ပါတယ်။

credit