ဂါနာ ကြယ်တစ်ပွင့်ကို ခေါ်ယူရေး စတင် စီစဉ်နေပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်

ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်လျှောက် ခြေစွမ်းကောင်းတွေ ပြသကာ ကစားအား ကောင်းကောင်းဖြင့် ပြိုင်ဘက် အသင်းကို ဖိအားပေး ကစားနိုင်ခဲ့တဲ့ အေဂျက်စ်နဲ့ ဂါနာ ကစားသမား ကူဒက်စ် ကို မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြချူပ် အဲရစ် တန်ဟက်ဂ် က




ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း အထိ ပေးချေ ခေါ်နိုင်ရန် အတွက် စိတ်ဝင်စားမှု မြင့်တက်နေတာပဲ ဖြစ်ပါတယ်၊ Mirror သတင်းဌာနရဲ့ ဖော်ပြချက် အရ မန်ချက်စတာ ယူနိုက်တက် ဟာ တိုက်စစ်ပိုင်း အားဖြည့် နိုင်ဖို့ရန် အတွက် ပြင်ဆင်မှုတွေ ဆက်တိုက် ပြလုပ်နေတာကြောင့်




နည်းပြ Erik Ten Hag ကိုင်တွယ်ခဲ့တဲ့ အေဂျက်စ် တိုက်စစ် ကစားသမား ကူဒက်စ် ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတာ ဖြစ်ပြီး ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း အထိ ပေးချေသွားရဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။




ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွင်း ဂါနာ အသင်းနဲ့ အတူ တောက်ပတဲ့ ခြေစွမ်းပိုင်းကို ပြသနိုင်ခဲ့သလို အရည်အသွး မြင့်မားတဲ့ ကစားသမား ဖြစ်တာကြောင့် ဘောလုံး ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံယူနေရတဲ့ ကူဒက်စ် ကလည်း ပရီးမီးယားလိဂ် လို ဥရောပ ထိပ်သီး လိဂ်မှာ




ဝင်ရောက် ကစားခွင့် ရရေး အတွက် မျှော်လင့်နေတာ ဖြစ်ပါတယ်၊ Erik Ten Hag ရဲ့မန်ချက်စတာ ယူနိုက်တက် အသင်းက တိုက်စစ်ပိုင်း အားဖြည့်ဖို့ရန် အတွက် ကြိးစားနေချိန်မှာ အခြား တစ်ဖက်ကလည်း ဂိုးသမား နေရာ အတွက် ပေါ်တို အသင်းရဲ့




ပေါ်တူဂီ လက်ရွေးစင် ဂိုးသမား ဒီယေဂို ကော်စတာ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပေါ်တူဂီစတား အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း အထိ ပေးချေ ခေါ်ယူသွားရဖွယ်လည်း ရှိနေပါတယ်။

credit