ကမ္ဘာ့ဖလား ပြိုင်ပွဲက အသင်းဝင် မန်ချက်စဝာာ ယူနိုက်တက် ကစားသမားများကို ပျက်စီးစေခဲ့ကြောင်း နည်းပြ Erik Ten Hag ပြောဆို

ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် မန်ချက်စတာ ယူနိုက်တက် အသင်းသား များ၏ ခြေစွမ်းကို ကျဆင်းလာ စေနိုင်ကြောင်း ဘောလုံးရာသီ ဒုတိယပိုင်းတွင် အသင်း၏ ခြေစွမ်း အဆင့်အတန်းကို မကျဆင်းစေရန်




ဂရုစိုက်ရမည် ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက် အသင်း မန်နေဂျာ အဲရစ် တန်ဟက်ဂ် က ပြောဆိုလိုက်သည်။ မန်ချက်စတာ ယူနိုက်တက် အသင်းသည် ယနေ့ညတွင် ကာရာဘောင်ဖလား စတုတ္ထအဆင့်




ပွဲစဉ် အဖြစ် ဘန်လေ အသင်းနှင့် ကစားရမည် ဖြစ်သည်၊ မန်ချက်စတာ ယူနိုက်တက် သည် ပထမ အသင်းသား များ၏ တစ်ဝက်ခန့်သည် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ပါဝင် ကစားထားသူများ ဖြစ်ပြီး နည်းပြ အဲရစ် တန်ဟက်ဂ် က




သူ သွတ်သွင်း ထားသော စည်းကမ်းနှင့် စိတ်ဓာတ် များသည် ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ပြီးနောက် ယိမ်းယိုင် သွားမည်ကို အလွန် စိုးရိမ်နေသည်၊ ကမ္ဘာ့ဖလား အသင်းဝင် အများစုသည် ခံစစ် ဦးစားပေး ကစားပြီး




ထိုသို့ ကစားခဲ့သည့် အတွက် ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင် မန်ချက်စတာ ယူနိုက်တက် အသင်းသားများသည် မန်ချက်စတာ ယူနိုက်တက် အသင်း၏ တိုက်စစ် ဦးစားပေး ကစားဟန်နှင့် အသားမကျ ဖြစ်သွားမည်ကို




စိုးရိမ်မိကြောင်း အဲရစ် တန်ဟက်ဂ် က ပြောဆိုလိုက်သည်၊ ‘ သူတို့က ပြီးခဲ့တဲ့ သီတင်း ၆ ပတ်လောက်မှာ မတူညီတဲ့ ပတ်ဝန်းကျင်မှာ မတူညီတဲ့ ကစားဟန် နဲ့ ကစားခဲ့ ကြရပါတယ်၊ သူတို့က မန်ချက်စတာ ယူနိုက်တက် ရဲ့




ကစားဟန်နဲ့ စည်းကမ်း တွေနဲ့ ပြန်လည် အသားကျဖို့ လိုအပ်ပါတယ်၊ ကစားသမား ၁၁ ယောက်လုံး ညီညီညွတ်ညွတ် ကစားနိုင်ဖို့ လိုအပ်ပါတယ်၊ ကမ္ဘာ့ဖလားမှာ အသင်း အများစုက ခံစစ်ကို ဦးစားပေးပြီး တန်ပြန် တိုက်စစ်နဲ့ ကစားခဲ့ကြတာကို တွေ့ရတယ်’ ဟု ပြောဆိုလိုက်သည်။

credit