ဆယ်ရက် အတွင်းမှာပဲ အသင်းသစ်ထံ ပြောင်းရွှေ့ ကစားတော့မည့် ရော်နယ်ဒို

မန်ချက်စတာ ယူနိက်တက် အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ရော်နယ်ဒို ဟာ နှစ်မကုန်ခင်မှာပဲ ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းကို ပြောင်းရွှေ့ လိမ့်မယ်လို့ စပိန် သတင်းစာ Marca ကို ကိုးကားပြီး Euro Sport က အတည်ပြု ဖော်ပြသွားခဲ့ပါတယ်။




အသင်းသစ် တသင်း သေချာပေါက် ရှာဖွေရမယ့် ရော်နယ်ဒို ဟာ လက်ရှိမှာ ဒူဘိုင်း ကို ရောက်ရှိနေပြီး အဲဒီကမှ တဆင့် ဆော်ဒီကို သွားရောက် လိမ့်မယ်လို့ ဆိုပါတယ်၊ အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒို ဟာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ် မှာ လေ့ကျင့်ခန်း ဆင်းခဲ့ပြီးနောက်




ဒူဘိုင်း ကို ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ ဆော်ဒီ ကလပ်က ရော်နယ်ဒို ကို တနှစ် အတွက် ယူရို သန်း ၂၀၀ ပေးမယ်လို့ ကမ်းလှမ်းထားဝာာ ဖြစ်ပြီး ၂ နှစ်ခွဲ စာချုပ် ချုပ်ဆိုဖို့ အသင့် ဖြစ်နေပြီး ကစားသမား ဘက်က ခေါင်းငြိမ့် ပြဖို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။




ဒီသတင်း ထွက်ပေါ် နေမှုတွေကို နှစ်ဖက်စလုံးက အတည် မပြုခဲ့ပေမယ့် Marca သတင်းကတော့ ဒီ အပြောင်းအရွှေ့က နှစ် မကုန်ခင်မှာ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်နေပါတယ်၊ ဆော်ဒီ ဘက်ကလည်း ၂၀၃၀ ကမ္ဘာ့ဖလား ကို သူတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရဖို့




လျှောက်ထားပြီး အဲဒီ ပြိုင်ပွဲ မတိုင်ခင် ဆော်ဒီ ဘောလုံး အဆင့်အတန်း တိုးတက်လာစေဖို့ ရော်နယ်ဒို က ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေတာလို့ ဆိုပါတယ်၊ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေ အတိုင်းသာ ရော်နယ်ဒို သာ




ပြောင်းရွှေ့ခဲ့မယ် ဆိုရင် ၂ နှစ်ခွဲ အတွက် ယူရိုသန်း ၅၀၀ ထိ ရရှိမှာ ဖြစ်ပါတယ်။ သူ့ကို ခေါ်ယူဖို့ အတွက် ချဲလ်ဆီး၊ အသင်းဟောင်း စပို့တင်းလစ္စဘွန်း တို့ကလည်း စိတ်ဝင်စား နေတယ်လို့ သိရပေမယ့် တရားဝင် ကမ်းလှမ်းမှုတွေ လုပ်ထားတယ် လို့တော့ သတင်းတွေ ထွက်မလာဘဲ ရှိနေပါတယ်။

credit