ကြယ်တစ်ပွင့်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ကစားသမားသစ် ဖြစ်လာမည်ဟု မန်ချက်စတာ ယူနိုက်တက် အတည်ပြု

နယ်သာလန် ကလပ် ပီအက်စ်ဗွီ အသင်းခေါင်းဆောင် လည်းဖြစ် အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ဂတ်ပိုဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဖြစ်လာတော့မယ်လို့ ယုံကြည်ရတဲ့ သတင်း အရင်းမြစ်တွေက




တညီ တညွတ်ထဲ ဖော်ပြသွားကြပါတယ်။ Manchester United က အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လမ်းခွဲပြီးနောက် အားနည်းတဲ့ တိုက်စစ်ပိုင်းကို အစားထိုး တိုက်စစ်မှူး တစ်ဦး ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး နယ်သာလန် နဲ့ ပီအက်စ်ဗွီ အဓိက တိုက်စစ်မှူး




ဂတ်ပို ဟာ Man United ရဲ့ နံပါတ်တစ် ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။ ၂၃ နှစ်အရွယ် နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဂတ်ပိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ပြီး ပီအက်စ်ဗွီ နဲ့ အတူ တောက်ပလာတဲ့ လူငယ် တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ




ပီအက်စ်ဗွီ အတွက် ပြိုင်ပွဲစုံ ၂၄ ပွဲ ကစားပေးထားရာ သွင်းဂိုး ၁၃ ဂိုး သွင်းယူ နိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၇ ကြိမ် ပြုလုပ် နိုင်ခဲ့ပါတယ်။ ဒါ့အပြင် နယ်သာလန် နဲ့ အတူ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာလည်း သွင်းဂိုး ၃ ဂိုး သွင်းယူ နိုင်ခဲ့ပါတယ်။




သူ့ရဲ့ စွမ်းဆောင်ရည် ကောင်းတွေကြောင့် မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက်ဂ် က ဂတ်ပို ကို အနာဂတ် တိုက်စစ်မှူး အဖြစ် ရှုမြင်ထားပြီး ဆောင်းဈေးကွက် အတွင်းမှာပဲ ခေါ်ယူပေးဖို့ အသင်း ဘုတ်အဖွဲ့ထံ တောင်းဆိုခဲ့ပါတယ်။




နာမည်ကြီး သတင်း ထောက်တွေ ဖြစ်တဲ့ အဲလက်စ် ကွတ်ခ်နဲ့ ဂျရေမီ ဘိုင်လေ တို့ရဲ့ ဖော်ပြချက်တွေ အရ မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့က အဲရစ် တန်ဟက်ဂ် ရဲ့ တောင်းဆိုမှု အတိုင်း ဂတ်ပို ကို ခေါ်ယူပေးသွားဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး ဂတ်ပို အတွက် ပြောင်းရွှေ့ကြေး




ယူရို သန်း ၅၀ အထက် သုံးစွဲဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။ ဂတ်ပို ကလည်း သူ့ကို စိတ်ဝင်စားလာတဲ့ အခြား ဥရောပ နာမည်ကြီး အသင်းတွေ ထက် သူနဲ့ တနိုင်ငံထဲသား နည်းပြ ဖြစ်သူ အဲရစ် တန်ဟက်ဂ် ရှိတဲ့ မန်ချက်စတာ ယူနိုက်တက် ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီး




ပီအက်စ်ဗွီ နည်းပြချုပ် ဖြစ်သူ နစ္စတယ်ရွိုင်း ကလည်း ဂတ်ပို ကို သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရောင်းချချင် နေကြောင်း နယ်သာလန် အခြေစိုက် သတင်းဌာနတွေက တညီညွတ်ထဲ ဖော်ပြထား တာကြောင့် ဂတ်ပို ဟာ မကြာခင်မှာပဲ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကစားသမားသစ် ဖြစ်လာဖို့ သေချာနေပါတယ်။

credit